ဒီနှစ်ရဲ့ နွေရာသီ အပြောင်းအရွှေ့ဈေးကွက်အတွင်းမှာ ကစားသမား ခေါ်ယူမှုအတွက် စုစုပေါင်း ယူရို(၆၅.၅)သန်းအထိ အသုံးပြုထားခဲ့တဲ့ နယူးကာဆယ်ယူနိုက်တက်အသင်းဟာ လက်ရှိအချိန်မှာလည်း အသင်းရဲ့ တိုက်စစ်ပိုင်းအတွက် ဘာစီလိုနာအသင်းရဲ့ နယ်သာလန် တိုက်စစ်ကစားသမား မန်ဖစ်ဒီပိုင်းကို ခေါ်ယူဖို့ ပြောင်းရွှေ့ကြေး ယူရိုသန်း(၃၀)နဲ့ ကမ်းလှမ်းနိုင်ဖွယ် ရှိနေတယ်လို့ သိရပါတယ်။

Newcastle United announce signing of Sven Botman from Lille - Chronicle Live

Photo Credit : Chronicle Live

နယူးကာဆယ်အသင်းဟာ ဘန်လေဂိုးသမား နစ်ပုတ်နဲ့ နောက်ခံလူ ဆဗန်ဘော့မန်းတို့ကို ခေါ်ယူခဲ့ပြီး ဆောင်းဈေးကွက်ထဲ အက်စတွန်ဗီလာကနေ အငှားနဲ့ ခေါ်ယူထားတဲ့ ဘယ်နောက်ခံလူ မတ်တားဂတ်ကိုလည်း အပြီးသတ် ခေါ်ယူခဲ့ပါတယ်။ ခံစစ်ပိုင်း ကျစ်လစ်လာစေဖို့အတွက်ကိုသာ အားဖြည့်နေခဲ့တဲ့ နယူးကာဆယ်ဟာ လက်ရှိမှာတော့ ကွင်းလယ်နဲ့ တိုက်စစ်ပိုင်းအတွက် ကစားသမားသစ်တွေကို စတင်ခေါ်ယူတော့မှာဖြစ်ပြီး လတ်တလောမှာတော့ တိုက်စစ်ပိုင်းအတွက် ဘာစီလိုနာ ကစားသမား မန်ဖစ်ဒီပိုင်းကို ခေါ်ယူသွားဖို့ စိတ်ဝင်စားနေပါတယ်။

Tottenham make up minds on signing Depay amid £35m reveal - Sources

Photo Credit : Football Insider

အသက်(၂၈)နှစ်အရွယ် နယ်သာလန် လက်ရွေးစင် တိုက်စစ်ကစားသမား ဒီပိုင်းဟာ ပြီးခဲ့တဲ့နှစ် နွေရာသီကမှ လိုင်ယွန်ကနေ ဘာစီလိုနာအသင်းဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အသင်းနဲ့ (၂)နှစ်စာချုပ် ချုပ်ဆိုဖြစ်ခဲ့ပါတယ်။ ဒီပိုင်းက ဘာစီလိုနာမှာ နယ်သာလန်လူမျိုး ရော်နယ်ကိုးမန်းလက်အောက်မှာ ပွဲကစားခွင့်တွေ ပိုမိုရရှိခဲ့ပေမယ့် ကိုးမန်း ထုတ်ပယ်ခံရပြီးနောက် ဇာဗီ ကိုင်တွယ်ချိန်မှာ အသင်းအတွက် အူဘာမီယန်း ဖယ်ရန်တောရက်စ် ထရာအိုရေးတို့လို တိုက်စစ်ကစားသမားတွေ အသင်းဆီ ခေါ်ဆောင်လာခဲ့သလို ဒမ်ဘီလီကပါ ခြေစွမ်းတွေ ပြန်လာခဲ့လို့ ဒီပိုင်းရဲ့ ပွဲကစားခွင့်တွေက နည်းပါးလာခဲ့ရပါတယ်။ ဒါ့အပြင် လက်ရှိမှာလည်း ဘာစီလိုနာက ဒမ်ဘီလီကို အသင်းမှာ ဆက်ထိန်းထားဖို့ သေချာသွားခဲ့ပြီဖြစ်ပြီး ရာဖင်ညာကိုလည်း ထပ်မံခေါ်ယူနိုင်မှာဖြစ်တာကြောင့် ဒီပိုင်းရဲ့ အနာဂတ်က ပိုဝေဝါးလာခဲ့ရပါတယ်။ ဒါ့အပြင် ဒီပိုင်းက လက်ရှိမှာ ဘာစီလိုနာအသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိနေတော့တာဖြစ်လို့ ပြောင်းရွှေ့ကြေး ရရှိဖို့အတွက်ရော ကစားသမားလစာ လျှော့ချနိုင်ဖို့အတွက်ပါ ဒီပိုင်းကို ရှင်းထုတ်ချင်နေပါတယ်။ ဒီလို အခြေအနေနဲ့ ကြုံတွေ့နေရတဲ့ ဒီပိုင်းကို နယူးကာဆယ်က အသင်းရဲ့ တိုက်စစ်ပိုင်းအတွက် ခေါ်ယူသွားချင်နေပြီး ကစားသမားအတွက်ကိုလည်း ယူရိုသန်း(၃၀)လောက်နဲ့ ကမ်းလှမ်းသွားဖို့ပါ ရှိနေပါတယ်။ ဒါ့အပြင် နယူးကာဆယ်ဟာ တောင်ပံအခြမ်းအတွက်ကိုလည်း ရီးယဲလ်က အဆန်စီယိုကို ခေါ်ယူသွားချင်နေပါတယ်။