အိမ္ကြင္းမွာ ေဆာက္သမ္တန္ကုိ အေရးနိမ့္ခဲ႔ၿပီးေနာက္ပုိင္း ပရီးမီးယားလိဂ္မွာ ၃ပြဲဆက္တုိက္ ရွံးပြဲမရွိပဲ ရလဒ္ေတြ အနည္းငယ္တည္ၿငိမ္စျပဳလာခဲ႔တဲ႔ ခ်ယ္လ္ဆီးအသင္းကေတာ့ ဒီေန႔ည ၁၂နာရီအခ်ိန္မွာပဲ ပရီးမီးယားလိဂ္ပြဲစဥ္(၂၃)အျဖစ္ ဒီရာသီမွာ အိမ္ကြင္းကစားပုံေလး သိပ္မဆုိးလွတဲ့ နယူးကာဆဲလ္ယူႏုိက္တက္အသင္းနဲ႔ စိန္႔ဂ်ိမ္းစ္ပတ္ကြင္းမွာ အႀကိတ္အနယ္ယွဥ္ၿပိဳင္ကစားခဲ႔ၿပီး ေနာက္ဆုံးစကၠန္႔မွာ သြင္းယူခဲ႔တဲ႔ တစ္လုံးတည္းေသာ သြင္းဂုိးနဲ႔ နယူးကာဆဲလ္တုိ႔ အႏုိင္ရသြားခဲ႔ပါတယ္။

Photo Credit : Getty Images

လမ္းပတ္ရဲ႕ခ်ယ္လ္ဆီးအသင္းကေတာ့ ဒီေနာက္ပုိင္းမွာ သိပ္သုံးေလ့မရွိတဲ႔ ၄-၃-၃ ကစားကြက္နဲ႔ ပြဲထြက္လာခဲ႔ၿပီး တုိက္စစ္မွာ ေအဘရာဟမ္ အုိဒြိဳင္း ဝီလီယံ ကြင္းလယ္မွာ ေမဆန္ေမာင့္ ကန္တီ ေဂ်ာ္ဂ်င္ဟုိ ခံစစ္မွာ အက္စ္ပလီကြယ္တာ ရူဒီဂါ ခရစၥတန္ဆန္ ရီစ္ဂ်ိမ္းစ္နဲ႔ ဂုိးသမားေနရာမွာ ကယ္ပါတုိ႔ကုိ အသုံးျပဳခဲ့ပါတယ္။ အိမ္ရွင္နယူးကာဆဲလ္ကေတာ့ ဂ်ိဳးလင္တန္ အယ္မီရြန္ ရွယ္ေဗး စိန္႔မက္ဆီမန္တုိ႔လုိ ကစားသမားေတြနဲ႔ ပြဲထြက္လာခဲ႔ၿပီး ခ်ယ္လ္ဆီးကုိ အေကာင္းဆုံးဧည့္ခံကစားသြားခဲ႔ပါတယ္။ ခံစစ္ကုိ အားျပဳၿပီး ကစားတတ္တဲ႔ နယူးကာဆဲလ္က ဒီပြဲမွာလည္း ခံစစ္ကုိပဲ အာရုံစုိက္ကစားခဲ႔ၿပီး ခံစစ္ကစားဟန္ သိပ္မေကာင္းခဲ႔ေပမယ့္ ခ်ယ္လ္ဆီးအသင္းရဲ႕တုိက္စစ္ကစားဟန္ကလည္း အဆုံးသတ္ရာမွာ အားနည္းေနခဲ႔တာေၾကာင့္ ဂုိးေပါက္ၿခိမ္းေျခာက္မႈ ၈ႀကိမ္မွာေတာင္ ကန္တီရဲ႕ကန္ခ်က္တစ္ခုသာ ဂုိးေပါက္တည့္ခဲ႔ရပါတယ္။ ပထမပုိင္းမွာေတာ့ အသင္းႏွစ္သင္းလုံး သြင္းဂုိးေတြမရပဲ ဂုိးမရွိသေရက်ခဲ႔ရပါတယ္။

Photo Credit : Getty Images

တကယ္ေတာ့ ခ်ယ္လ္ဆီးရဲ႕ဒီေန႔ကစားဟန္က သိပ္မဆုိးလွတဲ႔ အေနအထားမွာရွိေနခဲ႔ေပမယ့္လည္း တုိက္စစ္ပိုင္းမွာ အဆုံးသတ္မေသခ်ာမႈေတြေၾကာင့္သာ အဖြင့္ဂုိးရဖုိ႔ကုိ အသကုန္ႀကိဳးပမ္းခဲ႔ရတာျဖစ္ပါတယ္။ ဒုတိယပုိင္းျပန္လည္စတင္ခ်ိန္အတြင္းမွာလည္း ဧည့္သည္ခ်ယ္လ္ဆီးကပဲ ဖိအားေပးမႈေတြ ဆက္တုိက္ျပဳလုပ္ခဲ႔ေပမယ့္ ပြဲခ်ိန္ေတြၾကာျမင့္လာတာေတာင္မွ ခ်ယ္လ္ဆီးရဲ႕အဖြင့္ဂုိးကုိ ျမင္ေတြ႕ရျခင္း မရွိခဲ့ပါဘူး။ ၇၈မိနစ္ေလာက္မွာ ေအဘရာဟမ္ ဂုိးရဖုိ႔နီးစပ္ခဲ႔ေပမယ့္ အသုံးမခ်ႏုိင္ခဲ႔လုိ႔ လမ္းပတ္က ေအဘရာဟမ္ကုိ အနားေပးခဲ႔ၿပီး ဘတ္ရွုအာယီကုိ ထည့္သြင္းလာခဲ႔ပါတယ္။ ဒါေပမယ့္လည္း ပြဲကဂုိးမရွိသေရကုိသာ ဦးတည္လာခဲ႔ၿပီး နာက်င္အခ်ိန္ပုိမွာေတာ့ နယူးကာဆဲလ္ကြင္းလယ္လူ ေဟဒန္က ေခါင္းတုိက္ၿပီး အႏုိင္ဂုိးကုိ သြင္းယူခဲ႔လုိ႔ ခ်ယ္လ္ဆီးတုိ႔ ၂၀၂၀ခုႏွစ္အတြင္းမွာ ပထမဆုံးရွံးပြဲနဲ႔ ရင္ဆုိင္လုိက္ရပါတယ္။

(Unicode)

နောက်ဆုံးမိနစ်မှာ ခွင့်ပြုလိုက်ရတဲ့ သွင်းဂိုးနဲ့ အဝေးကွင်းရှံးပွဲ ကြုံတွေ့လိုက်ရတဲ့ ချယ်လ်ဆီး

အိမ်ကွင်းမှာ ဆောက်သမ်တန်ကို အရေးနိမ့်ခဲ့ပြီးနောက်ပိုင်း ပရီးမီးယားလိဂ်မှာ ၃ပွဲဆက်တိုက် ရှံးပွဲမရှိပဲ ရလဒ်တွေ အနည်းငယ်တည်ငြိမ်စပြုလာခဲ့တဲ့ ချယ်လ်ဆီးအသင်းကတော့ ဒီနေ့ည ၁၂နာရီအချိန်မှာပဲ ပရီးမီးယားလိဂ်ပွဲစဉ်(၂၃)အဖြစ် ဒီရာသီမှာ အိမ်ကွင်းကစားပုံလေး သိပ်မဆိုးလှတဲ့ နယူးကာဆဲလ်ယူနိုက်တက်အသင်းနဲ့ စိန့်ဂျိမ်းစ်ပတ်ကွင်းမှာ အကြိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့ပြီး နောက်ဆုံးစက္ကန့်မှာ သွင်းယူခဲ့တဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ နယူးကာဆဲလ်တို့ အနိုင်ရသွားခဲ့ပါတယ်။

Photo Credit : Getty Images

လမ်းပတ်ရဲ့ချယ်လ်ဆီးအသင်းကတော့ ဒီနောက်ပိုင်းမှာ သိပ်သုံးလေ့မရှိတဲ့ ၄-၃-၃ ကစားကွက်နဲ့ ပွဲထွက်လာခဲ့ပြီး တိုက်စစ်မှာ အေဘရာဟမ် အိုဒွိုင်း ဝီလီယံ ကွင်းလယ်မှာ မေဆန်မောင့် ကန်တီ ဂျော်ဂျင်ဟို ခံစစ်မှာ အက်စ်ပလီကွယ်တာ ရူဒီဂါ ခရစ္စတန်ဆန် ရီစ်ဂျိမ်းစ်နဲ့ ဂိုးသမားနေရာမှာ ကယ်ပါတို့ကို အသုံးပြုခဲ့ပါတယ်။ အိမ်ရှင်နယူးကာဆဲလ်ကတော့ ဂျိုးလင်တန် အယ်မီရွန် ရှယ်ဗေး စိန့်မက်ဆီမန်တို့လို ကစားသမားတွေနဲ့ ပွဲထွက်လာခဲ့ပြီး ချယ်လ်ဆီးကို အကောင်းဆုံးဧည့်ခံကစားသွားခဲ့ပါတယ်။ ခံစစ်ကို အားပြုပြီး ကစားတတ်တဲ့ နယူးကာဆဲလ်က ဒီပွဲမှာလည်း ခံစစ်ကိုပဲ အာရုံစိုက်ကစားခဲ့ပြီး ခံစစ်ကစားဟန် သိပ်မကောင်းခဲ့ပေမယ့် ချယ်လ်ဆီးအသင်းရဲ့တိုက်စစ်ကစားဟန်ကလည်း အဆုံးသတ်ရာမှာ အားနည်းနေခဲ့တာကြောင့် ဂိုးပေါက်ခြိမ်းခြောက်မှု ၈ကြိမ်မှာတောင် ကန်တီရဲ့ကန်ချက်တစ်ခုသာ ဂိုးပေါက်တည့်ခဲ့ရပါတယ်။ ပထမပိုင်းမှာတော့ အသင်းနှစ်သင်းလုံး သွင်းဂိုးတွေမရပဲ ဂိုးမရှိသရေကျခဲ့ရပါတယ်။

Photo Credit : Getty Images

တကယ်တော့ ချယ်လ်ဆီးရဲ့ဒီနေ့ကစားဟန်က သိပ်မဆိုးလှတဲ့ အနေအထားမှာရှိနေခဲ့ပေမယ့်လည်း တိုက်စစ်ပိုင်းမှာ အဆုံးသတ်မသေချာမှုတွေကြောင့်သာ အဖွင့်ဂိုးရဖို့ကို အသကုန်ကြိုးပမ်းခဲ့ရတာဖြစ်ပါတယ်။ ဒုတိယပိုင်းပြန်လည်စတင်ချိန်အတွင်းမှာလည်း ဧည့်သည်ချယ်လ်ဆီးကပဲ ဖိအားပေးမှုတွေ ဆက်တိုက်ပြုလုပ်ခဲ့ပေမယ့် ပွဲချိန်တွေကြာမြင့်လာတာတောင်မှ ချယ်လ်ဆီးရဲ့အဖွင့်ဂိုးကို မြင်တွေ့ရခြင်း မရှိခဲ့ပါဘူး။ ရ၈မိနစ်လောက်မှာ အေဘရာဟမ် ဂိုးရဖို့နီးစပ်ခဲ့ပေမယ့် အသုံးမချနိုင်ခဲ့လို့ လမ်းပတ်က အေဘရာဟမ်ကို အနားပေးခဲ့ပြီး ဘတ်ရှုအာယီကို ထည့်သွင်းလာခဲ့ပါတယ်။ ဒါပေမယ့်လည်း ပွဲကဂိုးမရှိသရေကိုသာ ဦးတည်လာခဲ့ပြီး နာကျင်အချိန်ပိုမှာတော့ နယူးကာဆဲလ်ကွင်းလယ်လူ ဟေဒန်က ခေါင်းတိုက်ပြီး အနိုင်ဂိုးကို သွင်းယူခဲ့လို့ ချယ်လ်ဆီးတို့ ၂၀၂၀ခုနှစ်အတွင်းမှာ ပထမဆုံးရှံးပွဲနဲ့ ရင်ဆိုင်လိုက်ရပါတယ်။