နယူးကာဆယ်ယူနိုက်တက်အသင်းဟာ အဲဗာတန်အသင်းရဲ့ လူငယ် တောင်ပံကစားသမားလေး အန်တိုနီဂေါ်ဒွန်ကို ခေါ်ယူသွားဖို့ ပြောင်းရွှေ့ကြေး ပေါင်(၃၅)သန်းနဲ့ ကမ်းလှမ်းခဲ့ပေမယ့်လည်း ဒီကမ်းလှမ်းမှုကို အဲဗာတန်ဘက်က ပယ်ချလိုက်တာကြောင့် ချယ်လ်ဆီး တောင်ပံကစားသမား ဟတ်ဆန်အိုဒွိုင်းကိုသာ ပြောင်းလဲပစ်မှတ်ထားဖွယ် ရှိနေတယ်လို့ သိရပါတယ်။

Anthony Gordon is going nowhere

Photo Credit : The Sun

အသက်(၂၁)နှစ်အရွယ်သာ ရှိနေသေးတဲ့ မာဆေးဆိုက် အသင်းနှစ်သင်းရဲ့ အကယ်ဒမီထွက် ကစားသမားလေး ဂေါ်ဒွန်ဟာ ၂၀၁၇ခုနှစ်မှာပဲ အဲဗာတန်စီနီယာအသင်းအတွက် စတင်ကစားပေးခဲ့ရပြီး မနှစ်က ဘောလုံးရာသီမှာ အဲဗာတန်အတွက် ပြိုင်ပွဲစုံပွဲပေါင်း (၄၀)အထိပါ ကစားခွင့်ရခဲ့ပါတယ်။ အင်္ဂလန် ယူ-၂၁ တောင်ပံကစားသမားလေး ဂေါ်ဒွန်ဟာ ပြီးခဲဲ့တဲ့ရာသီမှာ အဲဗာတန်အတွက် အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့တာကြောင့် စပါးနဲ့ နယူးကာဆယ်တို့က အပြိုင်စိတ်ဝင်စားနေကြပြီး နယူးကာဆယ်ဘက်က ပေါင်(၃၅)သန်းနဲ့ ကမ်းလှမ်းမှု ပြုလုပ်ခဲ့ပေမယ့်လည်း အဲဗာတန်ဘက်က ပယ်ချခဲ့သလို ကစားသမားကိုယ်တိုင်ကလည်း အသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့အတွက်သာ ဆန္ဒရှိနေပါတယ်။

Callum Hudson-Odoi will be allowed to leave Chelsea for the right price

Photo Credit : The Sun

အခုလို ဂေါ်ဒွန်ကို မခေါ်ယူနိုင်ခဲ့တဲ့ နယူးကာဆယ်အသင်းဟာ လေဗာကူဆင်အသင်းရဲ့ ပြင်သစ်တောင်ပံကစားသမား ဒီဘာယီကို ပစ်မှတ်ထားနေသလို ချယ်လ်ဆီးအသင်းရဲ့ အင်္ဂလန်တောင်ပံကစားသမား ကော်လန်ဟတ်ဆန်အိုဒွိုင်းကိုပါ စိတ်ဝင်စားနေပါတယ်။ အသက်(၂၁)နှစ်အရွယ် ချယ်လ်ဆီးအသင်းရဲ့ ငယ်မွေးခြံပေါက် ကစားသမား အိုဒွိုင်းဟာ ချယ်လ်ဆီးမှာ ပုံမှန်နေရာရဖို့ ရုန်းကန်နေသူဖြစ်ပြီး လက်ရှိ အသင်းကို မန်စီးတီးရဲ့ တောင်ပံတိုက်စစ် ကစားသမား ရာဟင်စတာလင်ပါ ရောက်ရှိလာတော့မှာဖြစ်လို့ သူရဲ့ ပွဲကစားခွင့်တွေက ပိုမိုနည်းပါးလာနိုင်တဲ့ အခြေအနေမျိုး ဖြစ်နေရပါတယ်။ ဒီလို အခြေအနေမှာ အိုဒွိုင်းအနေနဲ့ အခုနွေဈေးကွက်အတွင်း အသင်းအပြောင်းအလဲ လုပ်ဆောင်ဖို့ ဆန္ဒရှိလာခဲ့တဲ့အတွက် အိုဒွိုင်းကို နယူးကာဆယ်ဘက်က မျက်စိကျလာခဲ့တာ ဖြစ်ပါတယ်။ ညာတောင်ပံ ဘယ်တောင်ပံနဲ့ ကွင်းလယ်တိုက်စစ်နေရာထိပါ လိုက်ပါကစားနိုင်သူဖြစ်တဲ့ အိုဒွိုင်းကို ခေါ်ယူနိုင်ခဲ့မယ်ဆိုရင် နယူးကာဆယ်အတွက် အကျိုးရှိတဲ့ ခေါ်ယူမှုတစ်ခု ဖြစ်လာနိုင်သလို အိုဒွိုင်းဟာလည်း နယူးကာဆယ်မှာ ပွဲကစားခွင့်တွေ ပိုမိုရရှိလာနိုင်ပါတယ်။ လက်ရှိမှာတော့ အိုဒွိုင်းဟာ ချယ်လ်ဆီးနဲ့ ၂၀၂၄ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးပြီး ၂၀၂၂ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အင်္ဂလန်အသင်းအတွက် ပါဝင်ခွင့်ရဖို့အတွက် ကလပ်အသင်းမှာ ပွဲကစားခွင့်တွေ ပိုမို အလိုရှိနေတာ ဖြစ်ပါတယ်။