နယူးကာဆယ်ယူနိုက်တက်အသင်းက သူတို့အသင်းရဲ့ အဓိကပစ်မှတ်ဖြစ်တဲ့ လက်စတာစီးတီး ကွင်းလယ်ကစားသမား ဂျိမ်းစ်မက်ဒီဆင်ကို အသင်းဆီ အရ ခေါ်ဆောင်နိုင်ဖို့အတွက် လုံးဝ လက်မလျှော့သေးပဲ လာမယ့် ဇန်နဝါရီလ ဆောင်းရာသီ အပြောင်းအရွှေ့ဈေးကွက်မှာပဲ တတိယအကြိမ်မြောက် ကမ်းလှမ်းမှုတစ်ရပ်ကို ထပ်မံ လုပ်ဆောင်ဖွယ် ရှိနေတယ်လို့ သိရပါတယ်။

Photo Credit : Sky Sports

နယူးကာဆယ်အသင်းဟာ အသက်(၂၅)နှစ်အရွယ် အင်္ဂလန် ကွင်းလယ်ကစားသမား မက်ဒီဆင်ကို ပြီးခဲ့တဲ့ နွေရာသီကတည်းက ခေါ်ယူဖို့ ကြိုးပမ်းခဲ့တာဖြစ်ပြီး ကမ်းလှမ်းမှုတွေလည်း ပေါင်သန်း(၄၀)နဲ့တစ်ကြိမ် ပေါင်(၄၅)သန်းနဲ့တစ်ကြိမ် စုစုပေါင်း (၂)ကြိမ် ကမ်းလှမ်းခဲ့ပေမယ့် ကမ်းလှမ်းမှုတိုင်းကို လက်စတာဘက်ကနေ ပယ်ချခဲ့ပါတယ်။ နယူးကာဆယ်ရဲ့ ပထမဆုံးသော ကမ်းလှမ်းမှုကိုပါ လက်စတာနည်းပြ ဘရန်ဒန်ရော်ဂျာစ်က ကမ်းလှမ်းလာတဲ့ ပမာဏဟာ မက်ဒီဆင် ဘယ်ဘယ်ခြေထောက်ရဲ့ လေးပုံသုံးပုံလောက်လေးသာ ရှိနေတယ်လို့ မှတ်ချက်ပြုခဲ့ပါသေးတယ်။

James Maddison has scored three goals so far this term

Photo Credit : The Sun

ဒါပေမယ့် နယူးကာဆယ်ဘက်ကတော့ မက်ဒီဆင်ကို ခေါ်ယူနိုင်ဖို့အတွက်နဲ့ အသင်းရဲ့ တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းနိုင်ဖို့အတွက် လာမယ့် ဇန်နဝါရီ ဈေးကွက်ထဲမှာပဲ မက်ဒီဆင်ကို တတိယအကြိမ် ကမ်းလှမ်းဖို့ စီစဉ်လာခဲ့ပါတယ်။ နယူးကာဆယ်ဟာ ငွေကြေး အလွန်ကြွယ်ဝတဲ့ ပိုင်ရှင်သစ်ရဲ့လက်ထက်မှာ ဈေးကွက်နှစ်ခုကို ဖြတ်သန်းထားခဲ့ပြီး စုစုပေါင်း အသုံးစရိတ် ပေါင်(၂၁၅)သန်းအထိ သုံးစွဲထားခဲ့ပေမယ့် အသင်းတိုက်စစ်က ဖန်တီးမှုပိုင်းမှာ အားနည်းလို့နေပြီး အသင်းရဲ့ဒီရာသီ ပထမဆုံး (၇)ပွဲအတွင်း (၈)ဂိုးသာ သွင်းယူထားနိုင်သေးတာကြောင့် တိုက်စစ်ပိုင်းကို ပိုမို ထက်မြက်လာဖို့အတွက်နဲ့ ကွင်းလယ်ကနေ တိုက်စစ်ကို big chances တွေများစွာ ဖန်တီးပေးနိုင်ဖို့အတွက် မက်ဒီဆင်လို ကစားသမားမျိုးကို ခေါ်ယူသွားချင်နေတာ ဖြစ်ပါတယ်။ မက်ဒီဆင်ကိုယ်တိုင်ကလည်း လက်ရှိ သူရဲ့ကလပ် လက်စတာမှာ ရလဒ်ဆိုးတွေနဲ့ ဆက်တိုက်ကို ကြုံတွေ့နေရပြီး သူကိုယ်တိုင်ပါ အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ရွေးချယ်ခံရခြင်း မရှိလာခဲ့တာကြောင့် လက်စတာကနေ ထွက်ခွာဖို့ ဖြစ်လာနိုင်သလို နယူးကာဆယ်သာ အသေအချာ ကမ်းလှမ်းလာမယ်ဆိုရင်လည်း နယူးကာဆယ်အသင်းဆီ ပြောင်းရွှေ့သွားနိုင်ဖွယ် ရှိပါတယ်။