နွေဈေးကွက် မဖွင့်လှစ်ချိန်ကတည်းက မန်ချက်စတာယူနိုက်တက်အသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေ အတော်လေး ထွက်ပေါ်လို့နေတဲ့ နာပိုလိုရဲ့ တောင်ကိုရီးယား ခံစစ် ကစားသမား ကင်မင်ဂျေးကို နယူးကာဆယ်အသင်းက ကြားဖြတ် ခေါ်ယူသွားဖို့ ပြင်ဆင်လာခဲ့တယ်လို့ သိရပါတယ်။

Photo Credit : TEAMtalk

လာမယ့် ဘောလုံးရာသီမှာ ဥရောပ ချန်ပီယံလိဂ်ပြိုင်ပွဲကို ဝင်ရောက် ဆင်နွဲခွင့် ရရှိထားတဲ့ နယူးကာဆယ်အသင်းဟာ ဒီနွေဈေးကွက်ထဲမှာ အသင်းကို ပိုမို အင်အား တောင့်တင်းနေဖို့အတွက် ကစားသမား ဖြည့်တင်းမှုတွေ အားကောင်းကောင်းနဲ့ လုပ်ဆောင်သွားဖို့ ရှိနေပါတယ်။ အခုလည်း မန်ယူနိုက်တက်နဲ့ သတင်းမွှေးနေသူ နာပိုလီ နောက်ခံကစားသမား ကင်မင်ဂျေးကို မျက်စိကျလာခဲ့ပြီး မနှစ်ကမှ အသင်းကို ရောက်ရှိလာသူ ဘို့မန်းနဲ့အတူ အသင်းရဲ့ ဗဟိုခံစစ် နေရာအတွက် ခေါ်ယူချင်လာခဲ့ပါတယ်။

Photo Credit : Stretty News

အသက် (၂၆)နှစ်အရွယ်ရှိ တောင်ကိုရီးယား လက်ရွေးစင် နောက်ခံလူ ကင်မင်ဂျေးဟာ ဒီရာသီမှ ဖီနာဘာချီကနေ နာပိုလီဆီကို ရောက်ရှိလာခဲ့တာဖြစ်ပြီး နာပိုလီရဲ့ အဓိက ခံစစ်မှူး ကူလီဘလီရဲ့နေရာ အစားဝင်လာရင်းနဲ့ အသင်းကို အကောင်းဆုံး အထောက်အကူပေးကာ နှစ်ပေါင်း (၃၀)ခန့် ဝေးကွာနေတဲ့ စီးရီးအေ ချန်ပီယံဆုပါ ရယူပေးနိုင်ခဲ့ပါတယ်။ ဒါကြောင့်လည်း သူ့ကို မန်ယူနိုက်တက် လီဗာပူးလ်တို့လို ပရီးမီးယားလိဂ် ထိပ်သီး ကလပ်အသင်းတွေက အပြိုင် စိတ်ဝင်စားလာခဲ့တာဖြစ်ပြီး အခု နယူးကာဆယ်ကပါ ထပ်တိုးလာခဲ့ပါတယ်။

Kim Min-jae's agent pours cold water on Man Utd transfer and says 'there's  been no contact' amid reports deal was AGREED | The US Sun

Photo Credit : The Sun

နယူးကာဆယ်နည်းပြ အက်ဒီဟောင်းကိုယ်တိုင်က ကင်မင်ဂျေးရဲ့ စွမ်းဆောင်ရည်တွေကို အလွန် သဘောကျနေပြီး အရ ခေါ်ယူနိုင်ဖို့လည်း ပြင်ဆင်နေသလို လာမယ့် ဇူလိုင်လမှာ စတင် အသက်ဝင်မယ့် ကင်မင်ဂျေးရဲ့ စာချုပ်လျော်ကြေးအတိုင်း ကမ်းလှမ်းသွားဖို့လည်း ဆန္ဒရှိနေပါတယ်။ ဒါပေမယ့် သတင်းတွေမှာတော့ ကင်မင်ဂျေးဟာ မန်ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့ဖို့အတွက် သဘောတူညီမှု ရရှိထားပြီဖြစ်ပြီး (၅)နှစ်စာချုပ်လည်း ချုပ်ဆိုသွားမယ်လို့ ဖော်ပြထားခဲ့သလို မန်ချက်စတာမှာလည်း အိမ်ရှာဖွေနေပြီလို့ပါ သတင်းထွက်နေပါတယ်။