မန်ချက်စတာယူနိုက်တက်အသင်းဆီကို ပြောင်းရွှေ့ကစားဖို့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှုတွေ ရရှိလို့ထားတဲ့ ဂိုးသမား မာတင်ဒူဗရက်ကာက သူရဲ့လက်ရှိကလပ် နယူးကာဆယ်အသင်းအနေနဲ့ သူရဲ့အပြောင်းအရွှေ့ကို ခွင့်ပြုပေးဖို့ တောင်းဆိုမှု ပြုလုပ်ခဲ့သလို သူကိုယ်တိုင်ကလည်း ယူနိုက်တက်အသင်းမှာ ပါဝင်ကစားဖို့ စိတ်အားထက်သန်လျက် ရှိနေတယ်လို့ သိရပါတယ်။

Image

Photo Credit : Twitter

ဈေးကွက်မပိတ်ခင်မှာ ဂိုးသမားသစ်တစ်ဦး ခေါ်ယူသွားဖို့ ဆန္ဒရှိနေတဲ့ ယူနိုက်တက်အသင်းဟာ မိုချန်ဂလာဘတ် ဂိုးသမား ဆွန်းမားနဲ့ ဖရန့်ဖတ် ဂိုးသမား ကယ်ဗင်ထရပ်တို့ကို ကြိုးပမ်းခဲ့ပေမယ့် ဂိုးသမားတွေက်ိုယ်တိုင်က ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့ဖို့ ပယ်ချခဲ့တာကြောင့် ယူနိုက်တက်က ဆလိုဗက်ကီးယား ဝါရင့်ဂိုးသမားကြီး ဒူဗရက်ကာကို ပြောင်းလဲ ပစ်မှတ်ထားလာခဲ့ပါတယ်။ ၂၀၁၈ခုနှစ်ကတည်းက နယူးကာဆယ်အသင်းမှာ ပါဝင်ကစားလာခဲ့တဲ့ ဒူဗရက်ကာဟာ ယူနိုက်တက်အသင်းရဲ့ စိတ်ဝင်စားမှုအပေါ် နှစ်သက် သဘောကျနေပြီး ယူနိုက်တက်ဆီကိုလည်း ပြောင်းရွှေ့ချင်နေပါတယ်။

Newcastle backup keeper Martin Dubravka has pleaded with the club to allow him to join Manchester United

Photo Credit : Daily Mail

အသက်(၃၃)နှစ်အရွယ် ဂိုးသမားကြီး ဒူဗရက်ကာက နယူးကာဆယ်အသင်းနဲ့အတူ ပရီးမီးယားလိဂ်မှာ (၅)ရာသီဆက်တိုက် ဖြတ်သန်းထားခဲ့ပြီး ပရီးမီးယားလိဂ်ပွဲပေါင်း (၁၂၇)ပွဲအထိ ပါဝင်ထားနိုင်ခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့် နယူးကာဆယ်က ဒီနှစ် နွေဈေးကွက်ထဲမှာ ဘန်လေဂိုးသမား နစ်ပုပ်ကို ခေါ်ယူထားခဲ့ပြီးနောက် ဒီရာသီ ပွဲစဉ်တွေအတွင်း နစ်ပုပ်ကို ဦးစားပေး ဂိုးသမားအဖြစ် တောက်လျှောက် အသုံးပြုလာခဲ့သလို လိဂ်ဖလားပွဲစဉ်မှာတောင် ကားလ်ဒါလိုးကိုသာ နေရာပေးခဲ့တဲ့အတွက် ဒူဗရက်ကာက သူ့ကို စိတ်ဝင်စားနေတဲ့ ယူနိုက်တက်အသင်းဆီကိုသာ ပြောင်းရွှေ့ချင်လာခဲ့တာ ဖြစ်ပါတယ်။ ယူနိုက်တက်အသင်းက ဂိုးသမား ဒူဗရက်ကာကို တစ်ရာသီအငှားအပြင် ပေါင်(၅)သန်းနဲ့ အပြီးသတ် ခေါ်ယူခွင့်ပါ ထည့်သွင်း ကမ်းလှမ်းခဲ့တာဖြစ်ပြီး ဒီကမ်းလှမ်းမှုကို ကစားသမားဘက်က လက်ခံထားခဲ့ပေမယ့်လည်း နယူးကာဆယ်ဘက်ကတော့ အပြီးသတ် ခေါ်ယူခွင့်မှာ ပြောင်းရွှေ့ကြေးကို တိုးမြှင့်တောင်းဆိုနေတာကြောင့် အပြောင်းအရွှေ့က ကြန့်ကြာနေရတဲ့အတွက် နယူးကာဆယ်အနေနဲ့ သူ့အပြောင်းအရွှေ့နဲ့ ပတ်သတ်ပြီး အမြန်ဆုံး သဘောတူပေးဖို့နဲ့ သူ့ကိုလည်း ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့ခွင့်ပေးဖို့ ဒူဗရက်ကာကိုယ်တိုင် တောင်းဆိုလာခဲ့ရပါတယ်။ ယူနိုက်တက်ဟာ အသင်းရဲ့ ဂိုးသမား ဒင်းဟန်ဒါဆန်ကို နော်တင်ဟမ်ဖောရက်စ်အသင်းဆီ အငှားချပြီးနောက် အသင်းရဲ့ ဂိုးသမားတွေအဖြစ် ဒေးဗစ်ဒဟေးယားနဲ့ တွမ်ဟီတန်တို့ နှစ်ဦးတည်းသာ ကျန်ရှိနေတော့တဲ့အပြင် ဒဟေးယားကလည်း နည်းပြတန်ဟက်ဂ်နဲ့ နည်းစနစ်နဲ့ အံ့ဝင်အောင် မနည်းကစားနေရတာဖြစ်တာကြောင့် ဂိုးသမားတစ်ဦး မဖြစ်မနေ လိုအပ်လာခဲ့ရတာ ဖြစ်ပါတယ်။