MySport Myanmar

ဘယ်လင်ဟမ်ကို အပြိုင် ကမ်းလှမ်းမယ့် အသင်းတွေထဲမှာ နယူးကာဆယ်ပါ ပါဝင်လာ

လာမယ့်နွေဈေးကွက်မှာ ဒေါ့မွန်ကနေ ထွက်ခွာဖွယ်ရှိနိုင်တဲ့ အင်္ဂလန်ကြယ်ပွင့်ကစားသမားလေး ဘယ်လင်ဟမ်ကို ခေါ်ယူသွားဖို့ ချိန်ရွယ်နေတဲ့ အသင်းတွေထဲမှာ ရီးယဲလ်မက်ဒရစ် လီဗာပူးလ်တို့လို ထိပ်တန်းအသင်းကြီးတွေအပြင် ပိုင်ရှင်သစ်လက် နယူးကာဆယ်အသင်းပါ ပါဝင်လာခဲ့တယ်လို့ သိရပါတယ်။

Photo Credit : The Sun

အသက်(၁၉)နှစ်အရွယ်သာ ရှိနေသေးတဲ့ ဆယ်ကျော်သက် ကွင်းလယ်ကစားသမားလေး ဘယ်လင်ဟမ်ဟာ ၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ တောက်ပခဲ့ပြီး ဒေါ့မွန်အသင်းမှာလည်း ခြေစွမ်းပြနေသူ ဖြစ်နေတာကြောင့် သူ့ကို ဥရောပထိပ်တန်း ကလပ်အသင်းတွေက အတော်လေးကို စိတ်ဝင်စားလာခဲ့ပါတယ်။ ဒီလို စိတ်ဝင်စားနေကြတဲ့ ကလပ်အသင်းတွေထဲကမှ ရီးယဲလ်နဲ့ လီဗာပူးလ်တို့က လာမယ့်နွေမှာ ဘယ်လင်ဟမ်ကို ခေါ်ယူကြဖို့ အပြိုင်အဆိုင် ဖြစ်နေကြပြီး SportBlid ရဲ့ ဖော်ပြချက်အရ နယူးကာဆယ်အသင်းပါ ဘယ်လင်ဟမ်ကို ရီးယဲလ် လီဗာပူးလ်တို့နဲ့ အပြိုင်လုသွားဖို့ စီစဉ်နေပြီလို့ သိရပါတယ်။

Photo Credit : The Forbes

နယူးကာဆယ်ဟာ ပိုင်ရှင်အပြောင်းအလဲ နည်းပြအပြောင်းအလဲတွေနဲ့ ကစားသမား ဖြည့်တင်းမှုတွေ နောက်ပိုင်းမှာ အသင်းက တိုးတတ်မှုတွေ ရှိလာခဲ့ရပြီး အခုဆိုရင်လည်း ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ Top 4 နေရာမှာ ရှိနေတဲ့အပြင် လိဂ်ဖလားပြိုင်ပွဲမှာလည်း ဖိုင်နယ်အထိ တတ်လှမ်းထားနိုင်ခဲ့တာကြောင့် ဥရောပဝင်ခွင့် မျှော်လင့်ချက်နဲ့ ဆုဖလားမျှော်လင့်ချက်တွေ အားကောင်းလာခဲ့ရပါတယ်။ အသင်းဘက်က အလိုရှိတဲ့ ကစားသမားတွေနဲ့ ထိပ်တန်းကစားသမားတွေကို ခေါ်ယူနိုင်ဖို့ဆိုတာက အသင်းအနေနဲ့ ချန်ပီယံလိဂ်လို ပြိုင်ပွဲကြီးမျိုးတွေမှာ ပါဝင်ဆင်နွဲရဖို့ လိုအပ်သလို တကယ်လို့ နယူးကာဆယ်က အခု ရပ်တည်မှုအတိုင်းသာ ရှိခဲ့မယ်ဆိုရင် လာမယ့်ရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်ကို ရရှိမှာဖြစ်တဲ့အပြင် ထိပ်တန်း ကစားသမားတွေကိုပါ ဆွဲဆောင်နိုင်မှာ ဖြစ်ပါတယ်။ အခုလည်း နယူးကာဆယ်က ဥရောပ အသင်းကြီးတွေရဲ့ ပစ်မှတ်ဖြစ်နေတဲ့ ကြယ်ပွင့်လေး ဘယ်လင်ဟမ်ကို ခေါ်ယူသွားဖို့အထိပါ ပြင်ဆင်လာခဲ့တာ ဖြစ်ပေမယ့် ကစားသမားကိုယ်တိုင်ကတော့ ရီးယဲလ် ဒါမှမဟုတ် လီဗာပူးလ် တစ်သင်းသင်းကိုသာ ရွေးချယ်သွားချင်နေပြီး ဒီအသင်းနှစ်သင်းကလည်း အသင်း ကွင်းလယ်ပိုင်းအတွက် ဘယ်လင်ဟမ်ကို မရရအောင် ခေါ်ယူသွားဖွယ် ရှိနေပါတယ်။

Exit mobile version