ငွေရေးကြေးရေး အလွန်ကို ချမ်းသာကြယ်ဝလွန်းတဲ့ ဆော်ဒီမင်းသား မိုဟာမက်ဘင်ဆယ်လ်မန် ကျောထောက်နောက်ခံပြုထားသော စီးပွားရေးအဖွဲ့အစည်းကြီးတစ်ခုကနေ နယူးကာဆဲလ်ယူနိုက်တက်အသင်းကို ဝယ်ယူဖို့အတွက် ကြိုးပမ်းလာမှုဟာ အခုဆိုရင် အပြီးသတ်ပြီးစီးသွားဖို့နိုင်က အနည်းငယ်သာ ကျန်ရှိတော့တာဖြစ်လို့ လာမယ့်ဘောလုံးရာသီကနေစတင်ပြီး World-Class ကစားသမားတွေနဲ့ ဖွဲ့စည်းတည်ဆောက်ထားတဲ့ နယူးကာဆဲလ်အသင်းအဖြစ် စတင်မြင်တွေ့ရဖွယ်တောင် ရှိလို့နေပါတယ်။

Photo Credit : Getty Image

ယခင်ကတည်းက ဆော်ဒီမင်းသားနဲ့ အသံထွက်လို့နေတဲ့ နယူးကာဆဲလ်ဟာ မကြာခင်မှာပဲ ငွေကြေးသုံးစွဲမှုပေါင်းများစွာ အသင်းကို ရင်းနှီးမြှပ်နှံသွားတော့မယ့် ဘင်ဆယ်လ်မန်လို ပိုင်ရှင်အသစ် လက်ထဲကို ရောက်သွားတော့မှာဖြစ်သလို အသင်းကိုလည်း ထိပ်သီးကစားသမားပေါင်းများစွာ ရောက်ရှိလာတော့မယ်ဆိုကာ သတင်းမီဒီယာပေါင်းများစွာကနေ ခန့်မှန်းသုံးသပ်လာခဲ့ပါတယ်။ လက်ရှိမှာလည်း နယူးကာဆဲလ်ဟာ ပီအက်စ်ဂျီအသင်းရဲ့ တိုက်စစ်ကစားသမားကြီး အက်ဒီဆန်ကာဗာနီကို ခေါ်ယူနိုင်ဖို့အတွက် အသင်းနဲဲ့ ကစားသမားအေးဂျင့်တို့ကြား ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်နေတယ်လို့ သတင်းတွေ ထွက်လာခဲဲ့ပါတယ်။

Photo Credit : Getty Image

အသက်(၃၃)နှစ်အရွှယ်ရှိ ဝါရင့်ဥရုဂွေးလက်ရွေးစင် တိုက်စစ်ကစားသမားကြီး ကာဗာနီဟာ ပီအက်စ်ဂျီအသင်းမှာ (၇)နှစ်လောက် ပါဝင်ကစားခဲ့တဲ့ တိုက်စစ်မှူးကြီးဖြစ်ပြီး အဲ့ဒီကလပ်အသင်းအတွက် ပွဲပေါင်းသုံးရာကျော်မှာ သွင်းဂိုး(၂)ရာလောက်အထိကို သွင်းယူထားနိုင်ခဲ့ကာ အသင်းရဲ့သမိုင်းတလျှောက် ဂိုးအများဆုံးသွင်းထားသူအဖြစ် ရပ်တည်လို့နေပါတယ်။ ဒါပေမယ့် ဒီနောက်ပိုင်းမှာတော့ အသင်းရဲ့တိုက်စစ်အတွင်း နေရာပျောက်လာမှုတွေရှိသလို ဒီရာသီအကုန်မှာလည်း စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်လို့ သူ့ကို နယူးကာဆဲလ်အပါအဝင် အသင်းပေါင်းများစွာက ပစ်မှတ်ထားနေရတာဖြစ်ပါတယ်။ နယူးကာဆဲလ်ဟာ ဘင်ဆယ်လ်မန်ကို အသင်းပိုင်ရှင်အဖြစ် လက်ခံပြီးသားရင် စပါးနည်းပြဟောင်းပိုချက်တီနို ဒါမှမဟုတ် ဂျုဗင်တပ်စ်နည်းပြဟောင်း အယ်လီဂရီတို့ကိုလည်း နည်းပြသစ်အဖြစ် လျာထားပြီး အယ်လီဂရီကိုသာ ခန့်အပ်ဖြစ်မယ်ဆိုရင် ဘာစီလိုနာကွင်းလယ်လူကြီး ဗီဒယ်ပါ နယူးကာဆဲလ်ကို လာရောက်ပူးပေါင်းဖွယ်ရှိနေပါတယ်။