MySport Myanmar

ဂျော်ဂျင်ဟိုကို အသင်းရဲ့ အဓိက ပစ်မှတ်အဖြစ် သတ်မှတ်ထားတဲ့ နယူးကာဆယ်

နယူးကာဆယ်ယူနိုက်တက်အသင်းဟာ လာမယ့် ဆောင်းရာသီ အပြောင်းအရွှေ့ဈေးကွက်အတွင်း ချယ်လ်ဆီးအသင်းရဲ့ အီတလီ ကွင်းလယ်လူ ဂျော်ဂျင်ဟိုကို အသင်းရဲ့ အဓိက ပစ်မှတ်အဖြစ် သတ်မှတ်ထားတယ်လို့ ဗြိတိန်နာမည်ကျော် Daily Mail သတင်းစာကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : UEFA

အီတလီလက်ရွေးစင် ကွင်းလယ်ကစားသမား ဂျော်ဂျင်ဟိုဟာ လွန်ခဲ့တဲ့ ၂၀၁၈ခုနှစ်ကမှ စီးရီးအေကလပ် နာပိုလီကနေ ချယ်လ်ဆီးအသင်းဆီကို (၅)နှစ်စာချုပ်နဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အသင်းရဲ့ အဓိက ကစားသမားအဖြစ် ပွဲပေါင်း (၂၀၀)ကျော် ပါဝင်ထားနိုင်ခဲ့သလို ချန်ပီယံလိဂ် ယူရိုပါလိဂ် ဥရောပစူပါဖလားနဲ့ ကလပ်ကမ္ဘာ့ဖလားတို့ကိုပါ ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ ဒီရာသီမှာလည်း ချယ်လ်ဆီးအတွက် ပြိုင်ပွဲစုံ (၁၉) ပါဝင်ထားခဲ့တဲ့ ဂျော်ဂျင်ဟိုဟာ လာမယ့်နှစ် နွေရာသီမှာပဲ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးရတော့မှာဖြစ်ပြီး လက်ရှိအချိန်ထိ သက်တမ်းတိုးမယ့် ကိစ္စက အဆင်မပြေ ဖြစ်နေရတာကြောင့် ဂျော်ဂျင်ဟိုနဲ့ ချယ်လ်ဆီးတို့ရဲ့ စာချုပ်အခြေအနေက ကလပ်အသင်းတိုင်းက စောင့်ကြည့်လာကြပြီးဒီအသင်းတွေထဲမှာ နယူးကာဆယ်ပါ ပါဝင်လာပါတယ်။

Photo Credit : Football London

ဒီနှစ်ဘောလုံးရာသီမှာ ရလဒ်တွေ အတော်လေး ကောင်းမွန်နေပြီး လက်ရှိမှာလည်း အမှတ်ပေးဇယားရဲ့ အဆင့်(၂)နေရာထိ (ယာယီ)တတ်လှမ်းထားနိုင်ခဲ့တဲ့ နယူးကာဆယ်အသင်းဟာ အနိမ့်ဆုံး ဥရောပဝင်ခွင့် ရရှိသွားနိုင်ဖို့အတွက် အသင်းရဲ့ လူအင်အားကို တောင့်တင်းစေချင်နေပြီး ဂျော်ဂျင်ဟိုလို အတွေ့အကြုံရင့် ကွင်းလယ်လူတစ်ဦးကိုပါ အသင်းဆီ ခေါ်ဆောင်သွားချင်နေပါတယ်။ လက်ရှိ နယူးကာဆယ်ရဲ့ ကွင်းလယ်ပိုင်းမှာ ဘရာဇီးလ် ကွင်းလယ်လူ ဘရူနိုဂွီမာရေ့စ် ခြေစွမ်းပြနေပြီး ဂျော်ဂျင်ဟိုလို ဝါရင့် ကွင်းလယ်လူနဲ့ talent ကွင်းလယ်လူ ဂွီမာရေ့စ်တို့နှစ်ဦးကို တွဲဖက် အသုံးပြုချင်နေတာ ဖြစ်ပါတယ်။ လာမယ့်နွေမှာ ချယ်လ်ဆီးကနေ free transfer နဲံ့ ထွက်ခွာခွင့်ရတော့မယ့် ဂျော်ဂျင်ဟို ဘာစီလိုနာ အပါအဝင် စီးရီးအေကလပ်အသင်းတွေနဲ့ နယူးကာဆယ်တို့က ပစ်မှတ်ထားလျက် ရှိနေပြီး ဂျော်ဂျင်ဟိုသာ ချယ်လ်ဆီးနဲ့ ဆက်လက် လက်မတွဲဖြစ်တော့ဘူးဆိုရင် ချယ်လ်ဆီးရဲ့ ပရီးမီးယားလိဂ်ပြိုင်ဘက်အသင်း နယူးကာဆယ်ဆီ ပြောင်းရွှေ့ခြင်းထက် ဘာစီလိုနာ ဒါမှမဟုတ် စီးရီးအေက အသင်းတစ်သင်းသင်းဆီသာ ပြောင်းရွှေ့သွားနိုင်ပါတယ်။

Exit mobile version