နယူးကာဆဲလ်ယူနိုက်တက်အသင်းဟာ မနေ့ညက ကစားသွားခဲ့တဲ့ အက်အေဖလား စတုတ္ထအဆင့် ပြန်ကန်ပွဲစဉ်မှာ အောက်စ်ဖိုဒ့်ယူနိုက်တက်အသင်းရဲ့ အဝေးကွင်းမှာ သွားရောက်ယှဉ်ပြိုင်ကစားခဲ့ရပြီး ပထမပိုင်းအတွင်း သွင်းယူခဲ့တဲ့ သွင်းဂိုး၂ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့်လည်း ပွဲပြီးခါနီးမှာ သွင်းယူခဲ့တဲ့ ချေပဂိုးတွေကြောင့် သရေပြန်ကျခဲ့လို့ အချိန်ပိုဆက်လက်ကစားခဲ့ရင်းနဲ့ အချိန်ပိုဒုတိယပိုင်းပြီးခါနီးမှာ စိန့်မက်ဆီမန်က အနိုင်ဂိုးသွင်းယူခဲ့ကာ နယူးကာဆဲဲလ်အသင်းကို အက်အေဖလား ပဥ္စအဆင့်ရောက်အောင် ပို့ဆောင်နိုင်ခဲ့ပါတယ်။

Photo Credit : Financial Times

နယူးကာဆဲလ်အသင်းဟာ လောင်းစတက်ဖ်နဲ့ ဂျိုးလင်တန်တို့ရဲ့သွင်းဂိုးတွေနဲ့အတူ ပထမပိုင်း မိနစ်၃၀မှာကတည်းက အိမ်ရှင်အောက်စဖိုဒ့်အသင်းကို ဂိုးပြတ်ဦးဆောင်နိုင်ခဲ့ပြီး နောက်တစ်ဆင့်တတ်ဖို့ အခြေအနကောင်းခဲ့ပေမယ့်လည်း ဒုတိယပိုင်းပြီးခါနီး ၈၄မိနစ်နဲ့ နာကျင်အချိန်ပိုတွေမှာ အိမ်ရှင်အသင်းရဲ့ ချေပဂိုးတွေ ပြန်လည်ခွင့်ပြုရရင်းနဲ့ သရေပြန်ကျသွားခဲ့လို့ အချိန်ပိုဆက်ကစားခဲ့ရာ အချိန်ပို ဒုတိယပိုင်းအတွင်း ၁၁၆မိနစ်မှာ ကွင်းလယ်ကစားသမား မက်ဆီမန်က နောက်ကျအနိုင်ဂိုးကို သွင်းယူနိုင်ခဲ့တာကြောင့် ၂ဂိုး၃ဂိုးနဲဲ့ အနိုင်ရပြီး နယူးကာဆဲလ်တို့ နောက်တစ်ဆင့်တတ်ခဲ့ရတာဖြစ်ပါတယ်။

Photo Credit : Awful Announcing

ဒီလို နောက်ကျဂိုးနဲ့ အနိုင်ရခဲ့တာကို နယူးကာဆဲဲလ်ကစားသမားတွေရော နယူးကာဆဲလ်အသင်းရဲ့ ပရိသတ်တွေကပါ အရမ်းကို ပျော်ရွှင်ခဲ့ကြရပြီး ပရိသတ်တစ်ဦးဆိုရင်လည်း အပျော်လွန်သွားခဲ့လို့ ဂိုးသွင်းပြီးအောင်ပွဲဲခံနေတဲ့ နယူးကာဆဲလ်အသင်းသားတွေရှေ့မှာ သူရဲ့ဘောင်းဘီချွတ်ကာ သူရဲ့ငယ်ပါဝှေ့ယမ်းပြီး အောင်ပွဲခံသွားခဲ့ပါတယ်။ ဒီအပြုအမှုကို ရုပ်သံတွေ သတင်းထောက်တွေကာ အမိအရ မှတ်တမ်းတင်ထားခဲ့ပြီး သူရဲ့တမူထူးခြားလွန်းတဲ့ အောင်ပွဲခံမှုကြောင့် ဆိုရှယ်မီဒီယာတွေပေါ်မှာ ရေပန်းစားလျက်ရှိနေပါတယ်။ နယူးကာဆဲလ်အသင်းဟာ မကြာသေးခင်ကမှ ကစားထားခဲ့တဲ့ ချယ်လ်ဆီးနဲ့ ပရီးမီးယားလိဂ်ပွဲမှာလည်း ဟေးဒန်းရဲ့နောက်ကျဂိုးနဲ့ ချယ်လ်ဆီးကို အနိုင်ရခဲ့စဉ်တုန်းက ကစားသမားတွေက အပျော်လွန်ပြီး ထောင့်ကန်ဘောအလံတောင်ကို ကန်ကြောက်ခဲ့ရာ နယူးကာဆဲလ်ပရိသတ်တစ်ဦးရဲ့ ငယ်ပါအနားကို ထိမှန်သွားခဲ့ရပါသေးတယ်။