MySport Myanmar

လီဗာပူးလ်အသင်းရဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့ဖူးတယ်လို့ ထရစ်ပီယာ ဖွင့်ဟ ပြောဆို

နယူးကာဆယ်ယူနိုက်တက်အသင်းရဲ့ ညာနောက်ခံကစားသမား ကီရန်ထရစ်ပီယာက သူ့ကို ပရီးမီးယားလိဂ်ရဲ့ မာဆေးဆိုက် အသင်းနှစ်သင်းဖြစ်တဲ့ လီဗာပူးလ်အသင်းနဲ့ အဲဗာတန်အသင်းတို့ကနေ ကမ်းလှမ်းမှုတွေ လုပ်ဆောင်ခဲ့ကြောင်းနဲ့ ဒီကမ်းလှမ်းမှုတွေကိုလည်း သူ့ဘက်ကနေ ငြင်းဆန်ပယ်ချထားခဲ့ကြောင်း ဖွင့်ဟ ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : talkSPORT

ဘန်လေ စပါး အသက်လက်တီကိုနဲ့ နယူးကာဆယ်အသင်းတွေမှာ ပါဝင်ကစားခဲ့ဖူးတဲ့ အင်္ဂလန် နောက်ခံအစွန်လူ ထရစ်ပီယာဟာ ၂၀၁၅ခုနှစ်တုန်းက ဘန်လေကနေ စပါးအသင်းဆီ မပြောင်းရွှေ့ခင် မာဆေးဆိုက် ကလပ်အသင်းနှစ်သင်းရဲ့ ကမ်းလှမ်းမှုတွေကိုလည်း ရရှိခဲ့သေးတယ်လို့ ကစားသမားကိုယ်တိုင် ဝန်ခံထားခဲ့ပြီး အဲ့ဒီနှစ်သင်းလုံးကို သူ ရွေးချယ်မရှိတဲ့အကြောင်းကိုပါ ထည့်သွင်း ပြောဆိုခဲ့ပါတယ်။ ထရစ်ပီယာက “ဒီလို စိတ်ဝင်စားမှုတွေက ကျွန်တော် ဘန်လေအသင်းနဲ့အတူ ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ တန်းတတ်လာခဲ့ချိန်မှာ ဖြစ်ခဲ့တာလို့ ထင်ပါတယ်။ အဲ့ဒီအချိန်က စိတ်ဝင်စားနေတဲ့ အသင်းတွေ အနည်းငယ်လောက် ရှိခဲ့တယ်”

Photo Credit : Sporting News

“တော့တင်ဟမ်ဟော့စပါး အဲဗာတန် လီဗာပူးလ်တို့ နာသန်နီရယ်ကလိုင်းကို မကမ်းလှမ်းခင်မှာ ကျွန်တော့်ကို စိတ်ဝင်စားနေတာ သိသာထင်ရှားပါတယ်။ ကလိုင်း ဒါမှမဟုတ် ကျွန်တော်က လီဗာပူးလ်ကို ပြောင်းလိမ့်မယ်လို့လည်း ထင်ခဲ့ကြတယ်။ ကျွန်တော်က အဲ့ဒီအချိန်မှာ ဘန်လေအသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်ပဲ ကျန်ရှိနေတော့တာ။ နည်းပြရှောင်ဒိုက်ကလည်း ကျွန်တော့်ကို စာချုပ်လျော်ကြေး ပါဝင်တဲ့ စာချုပ်သစ်တစ်ခုကို ချုပ်ဆိုစေချင်နေတယ်။ ဒါနဲ့ ကျွန်တော်လည်း အသင်း အပြောင်းအလဲ မလုပ်ဆောင်ခင် ပရီးမီးယားလိဂ်မှာ တစ်ရာသီလောက် ဖြတ်သန်းလိုက်ရင် အဓိပ္ပါယ် ပိုရှိမယ်လို့ ယူဆမိလို့ ကမ်းလှမ်းမှုတွေကို ပယ်ချခဲ့ပါတယ်” လို့ ရှင်းလင်း ပြောဆိုခဲ့ပါတယ်။ လက်ရှိမှာ အသက်(၃၂)နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ထရစ်ပီယာဟာ မန်စီးတီး လူငယ်အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့သူဖြစ်ပြီး ဘန်စလေအသင်းမှာ သူရဲ့ စီနီယာ ကစားသမားဘဝကို စတင်ခဲ့ရင်း ဘန်လေ စပါး အသက်လက်တီကိုအသင်းတွေမှာ ပါဝင်ကစားခဲ့ကာ အခုတော့ နယူးကာဆယ်မှာ အသင်းရဲ့ အဓိက ကစားသမားတစ်ဦးအဖြစ် ပါဝင်လျက် ရှိနေပါတယ်။

Exit mobile version