MySport Myanmar

လက်စတာ တန်းဆင်းရင် သူတို့ဆီက ကြယ်ပွင့်(၂)ဦးကို ခေါ်ယူမယ့် နယူးကာဆယ်

လက်ရှိ အခြေအနေတွေအရ လက်စတာစီးတီးအသင်းသာ ပရီးမီးယားလိဂ်ပြိုင်ပွဲကနေ တန်းဆင်းသွားခဲ့ရမယ်ဆိုရင်တော့ လက်စတာရဲ့ ကြယ်ပွင့်ကစားသမား (၂)ဦးဖြစ်သူ ဂျိမ်းစ်မက်ဒီဆင် နဲ့ ဟာဗေးဘန်းစ်တို့ကို နယူးကာဆယ်အသင်းက ခေါ်ယူသွားလိမ့်မယ်လို့ talkSPORT ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Twitter

၂၀၁၅-၂၀၁၆ ဘောလုံးရာသီတုန်းက ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ထားခဲ့ဖူးတဲ့ လက်စတာအသင်းဟာ လက်ရှိမှာတော့ ပရီးမီးယားလိဂ် လက်ကျန် (၂)ပွဲဖို့ ကျန်ရှိနေချိန် အမှတ်ပေးဇယားရဲ့ အဆင့် (၁၉)နေရာမှာ ရှိနေရပြီး လက်ကျန် (၂)ပွဲမှာလည်း နယူးကာဆယ် ဝက်စ်ဟမ်းတို့နဲ့ ရင်ဆိုင်ရမှာဖြစ်လို့ တန်းဆင်းရဖို့က အခြေအနေ များနေရပါတယ်။ တကယ်လို့ ပရီးမီးယားလိဂ် ချန်ပီယံဟောင်း လက်စတာအနေနဲ့ ပရီးမီးယားလိဂ်ကနေသာ တန်းဆင်းရမယ်ဆိုရင် သူတို့အသင်းရဲ့ အဓိက ကစားသမားနှစ်ဦးကို နယူးကာဆယ်က ခေါ်ယူသွားဖို့ ရှိနေပါတယ်။

Photo Credit : Chronicle Live

နယူးကာဆယ်အသင်းက အရင်ကတည်းက လက်စတာ ကွင်းလယ်ကစားသမား မက်ဒီဆင်ကို ပစ်မှတ်ထားနေတာဖြစ်ပြီး အခုတော့ မက်ဒီဆင်ရဲ့ အသင်းဖော် တောင်ပံကစားသမား ဟာဗေးဘန်းစ်ကိုပါ အလိုရှိလာခဲ့ပါတယ်။ လက်ရှိ အသင်းရဲ့ ကွင်းလယ် တိုက်စစ်နေရာမှာ ဂျိုလင်တန် တစ်ဦးတည်းသာ ရှိနေပြီး ဂျိုလင်တန်ကိုလည်း နည်းပြ အက်ဒီဟောင်းက နေရာအစုံမှာ အသုံးပြုတာမို့ မက်ဒီဆင် ရောက်လာမယ်ဆိုရင် နယူးကာဆယ်ရဲ့ ကွင်းလယ်တိုက်စစ်ပိုင်းက အားကောင်းသွားမှာပဲ ဖြစ်ပါတယ်။

Photo Credit : Chronicle Live

ဒါ့အပြင် နယူးကာဆယ်ရဲ့ ဘယ်တောင်ပံမှာ ကစားသမား ဂေါ်ဒွန် အပါအဝင် မက်ဆီမင် ဖရေဆာတို့ ရှိနေပေမယ့် မက်ဆီမင် နဲ့ ဖရေဆာတို့က လာမယ့် ဈေးကွက်အတွင်းမှာ အသင်းနဲ့ လက်တွဲဖြုတ်သွားဖွယ် ရှိနေတာကြောင့် left-winger နေရာအတွက် ဟာဗေးဘန်းစ်ကို လိုချင်လာခဲ့တာ ဖြစ်ပါတယ်။ ဟာဗေးဘန်းစ်ဟာ LW နေရာအပြင် ကွင်းလယ်ဘယ်ခြမ်းနဲ့ ကွင်းလယ် တိုက်စစ်နေရာထိပါ ကစားနိုင်တာမို့ နယူးကာဆယ်အတွက် အသုံးဝင်နိုင်ဖွယ်လည်း ရှိနေပါတယ်။

Exit mobile version