အခု ဆောင်းစျေးကွက်အတွင်းမှာ အသင်းအတွက် ကစားသမားသစ်များစွာ ခေါ်ယူသွားဖို့ ရှိနေပြီး လတ်တလောမှာလည်း ကစားသမားသစ် (၂)ဦးကို ခေါ်ယူထားနိုင်ခဲ့တဲ့ နယူးကာဆယ်ယူနိုက်တက်အသင်းဟာ နောက်ထပ် အားဖြည့်မှုအဖြစ် ပြီးခဲ့တဲ့ ယူရို-၂၀၂ဝပြိုင်ပွဲမှာ တောက်ပခဲ့တဲ့ ဂျာမနီ တောင်ပံကစားသမား ရော်ဘင်ဂိုဆန်ကို ခေါ်ယူသွားဖို့ ကစားသမားနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရယူထားနိုင်ခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

Photo Credit : Daily Mail

ဇန်နဝါရီ စျေးကွက်အတွင်းမှာ ညာနောက်ခံလူ ကီရန်ထရစ်ပီယာနဲ့ တိုက်စစ်မှူး ခရစ္စဝုဒ်တို့ကို ပြောင်းရွှေ့ကြေး ပေါင်(၃၇)သန်းဝန်းကျင်နဲ့ ခေါ်ယူအားဖြည့်ထားခဲ့့တဲ့ နယူးကာဆယ်အသင်းဟာ နောက်ထပ် ကစားသမားသစ် ခေါ်ယူမှုတွေကို ထပ်မံလုပ်ဆောင်သွားဖို့ ပြင်ဆင်လျက် ရှိနေပြီး အတ္တလန်တာအသင်းရဲ့ တောင်ပံကစားသမား ဂိုဆန်ကိုပါ ခေါ်ယူသွားဖို့အထိ ကြိုးပမ်းလာခဲ့ပါတယ်။ သတင်းတွေရဲ့ ဖော်ပြချက်အရ နယူးကာဆယ်အသင်းဟာ ဂျာမနီ တောင်ပံကစားသမား ဂိုဆန်အတွက် သူရဲ့လုပ်ခလစာကို (၃)ဆလောက်အထိ တိုးမြှင့်ပေးသွားဖို့ ကမ်းလှမ်းထားခဲ့ရာ ကစာယးသမားနဲ့ပါ Personal Agrred ရယူသွားနိုင်ခဲ့တယ်လို့ သိရှိရပါတယ်။

Photo Credit : Football Italia

အသက်(၂၇)နှစ်အရွှယ်ရှိ ဂျာမနီလက်ရွေးစင် ကစားသမား ဂိုဆန်ဟာ ကွင်းလယ်ဘယ်ခြမ်းမှာ ပါဝင်ကစားတတ်သူဖြစ်သလို လိုအပ်ရင် ဘယ်နောက်ခံလူအဖြစ်ပါ ကစားတတ်သူလည်းဖြစ်ပြီး ယူရို-၂၀၂ဝပြိုင်ပွဲမှာ တောက်ပခဲ့သူလည်း ဖြစ်ပေမယ့် လက်ရှိမှာတော့ တံကောက်ကြော ဝေဒနာနဲ့ ရင်ဆိုင်နေရတာကြောင့် အတ္တလန်တာအသင်းရဲ့ ပွဲစဉ်တွေကို လွဲချော်ထားရပါတယ်။ လာမယ့် ဖေဖော်ဝါရီလလောက်အထိ အနားယူသွားရဖွယ် ရှိလုုိ့နေတဲ့ ဂိုဆန်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းကလည်း အတ္တလန်တာအသင်းအတွက် (၃၂)ပွဲ ပါဝင်ကစားပြီး (၁၁)ဂိုးသွင်း (၆)ဂိုး ဖန်တီးနိုင်ခဲ့ရင်းနဲ့ အသင်းကိုပါ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ဒီလို စွမ်းဆောင်ရည်မျိုး ပြသလျက်ရှိနေတဲ့ ဂိုဆန်ကို ဥရောပ ထိပ်သီးကလပ်အသင်းတွေကနေ အလိုရှိနေပြီး ဒီအသင်းထဲကမှ နယူးကာဆယ်အသင်းကနေ ဂိုဆန်ရဲ့လစာကို (၃)ဆထိ ပိုမိုတိုးမြှင့် ကမ်းလှမ်းလာခဲ့ရာ ကစားသမားနဲ့ သဘောတူညီမှုတွေ ရရှိခဲ့တာကြောင့် အပြောင်းအရွှေ့ အပြီးသတ်နိုင်ဖို့အတွက် အသင်းနှစ်သင်းကြား ပြောင်းရွှေ့ကြေးအပိုင်းကိုသာ ဆက်လက်ဆွေးနွေးရတော့မှာ ဖြစ်ပါတယ်။