မကြာသေးမီကမှ အသင်းပိုင်ရှင် အပြောင်းအလဲ ဖြစ်ထားတဲ့ နယူးကာဆယ်အသင်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ အင်တာမီလန်အသင်းကို နှစ်ပေါင်းများစွာ ဝေးကွာနေတဲ့ စီးရီးအေ စကူဒက်တိုဖလား ပြန်လည် ရရှိအောင် ဦးဆောင်ပေးနိုင်ခဲ့ကာ လက်ရှိမှာ အသင်းလက်မဲ့ ဖြစ်နေတဲ့ ထိပ်တန်းနည်းပြ ကွန်တီကို နည်းပြသစ် အဖြစ် ခန့်အပ်နိုင်ဖို့ ချိတ်ဆက်မှုတွေ ပြုလုပ်နေကြောင်း သိရပါတယ်။

နယူးကာဆယ်အသင်းရဲ့ ပိုင်ရှင်သစ် ဖြစ်တဲ့ ဆော်ဒီအာရေဗျ ပြည်သူပိုင် ရင်းနှီးမြှုပ်နှံမှု အဖွဲ့အစည်းဟာ နယူးကာဆယ်အသင်းကို ချယ်လ်ဆီး ၊ မန်ချက်စတာ စီးတီး ၊ ပီအက်စ်ဂျီအသင်းတို့လို ဆယ်စုနှစ် တခု အတွင်းမှာတင် ဥရောပရဲ့ ထိပ်သီးအသင်း တသင်း ဖြစ်လာအောင် ပြုလုပ်ဖို့ စီစဉ်နေပြီး သူတို့ရဲ့ စီမံကိန်းကို အကောင်အထည် ဖော်နိုင်ဖို့ အတွက် အရင်ဆုံး ထိပ်တန်း နည်းပြတဦးကို ရှာဖွေ ခန့်အပ်ဖို့ ပြင်ဆင်နေပါတယ်။

Photo Credit: Metro

လက်ရှိမှာတော့ နယူးကာဆယ်အသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ အဆင့် ၁၉နေရာ အထိ ကျရောက်နေသလို ကစားသမား အင်အားကလည်း အားရစရာ အနေအထားမှာ မရှိတာကြောင့် နယူးကာဆယ်အသင်းကို ထိပ်တန်းအသင်း တသင်း ဖြစ်လာအောင် နည်းပြကောင်း တဦးကို ခန့်အပ်ဖို့ မဖြစ်မနေ လိုအပ်နေပါတယ်။

ဒါကြောင့်ပဲ ဆော်ဒီအာရေဗျ ပြည်သူပိုင် ရင်းနှီးမြှုပ်နှံမှု အဖွဲ့အစည်းဟာ ဂျူဗင်တပ် ၊ ချယ်လ်ဆီး ၊ အင်တာမီလန် စတဲ့ အသင်းကြီးတွေမှာ ဆုဖလားပေါင်း များစွာ ရယူနိုင်ခဲ့တဲ့ ကွန်တီကို အသင်းရဲ့ နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ ကြိုးစားနေတာ ဖြစ်ပြီး အီတလီ အခြေစိုက် သတင်းဌာနတွေကလည်း ကွန်တီနဲ့ နယူးကာဆယ်တို့ ကြားမှာ ချိတ်ဆက်မှုတွေ ရှိနေကြောင်း အတည်ပြု ထားပါတယ်။

Photo Credit: Metro

နာမည်ကျော် သတင်းဌာန တခု ဖြစ်တဲ့ 90 Min သတင်းဌာနရဲ့ ဖော်ပြချက်အရ နယူးကာဆယ်အသင်းဟာ ကွန်တီကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ ကြိုးစားနေပေမယ့် ကွန်တီ ကတော့ သူ့ရဲ့ အသင်းသစ်ကို ရွေးချယ်ရာမှာ စိတ်ရှည်ရှည်ထားပြီး စောင့်ကြည့်ဖို့ စဉ်းစားထားကာ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြရာထူးကို ရယူဖို့ဟာ သူ့အတွက် ပထမဦးစားပေး ပစ်မှတ် ဖြစ်နေပြီး အကယ်၍ ဇန်နဝါရီလ အပြောင်းအရွှေ့ ရောက်တဲ့ အထိ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြရာထူးကို ရယူနိုင်ခြင်း မရှိမှသာ နယူးကာဆယ်အသင်းကို ကိုင်တွယ်ဖွယ် ရှိကြောင်း သိရပါတယ်။