MySport Myanmar

ချယ်လ်ဆီး ကွင်းလယ်လူ ကန်တေကို ခေါ်ယူသွားဖို့ စိတ်ဝင်စားနေတဲ့ အဲရစ်တန်ဟက်ဂ်

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နည်းပြသစ် အဲရစ်တန်ဟက်ဂ်က အသင်းကို စတင်တာဝန်ယူချိန်မှာ အားနည်းနေတဲ့ အသင်းရဲ့ ကွင်းလယ်ပိုင်းကို အင်အားတောင့်တင်းလာစေဖို့အတွက် ပြိုင်ဘက်ချယ်လ်ဆီးအသင်းရဲ့ ပြင်သစ်ကွင်းလယ်ကစားသမား အန်ဂိုလိုကန်တေကို ခေါ်ယူသွားဖို့ စိတ်ဝင်စားနေတယ်လို့ သိရှိရပါတယ်။

Photo Credit : Metro

နယ်သာလန်ထိပ်သီးကလပ် အေဂျက်စ်အသင်းကနေ ယူနိုက်တက်ကို (၃)နှစ်စာချုပ်နဲ့ ရောက်ရှိလာခဲ့တဲ့ ဒတ်ချ်လူမျိုး ဘောလုံးနည်းပြ တန်ဟက်ဂ်က အသင်းကို စတင်တာဝန်ယူချိန်မှာ အသင်းရဲ့ ကွင်းလယ်ပိုင်းကို အကောင်းဆုံး တည်ဆောက်သွားဖို့ စီစဉ်လို့နေပါတယ်။ ယူနိုက်တက်အသင်းဟာ လာမယ့်နွေမှာ အသင်းရဲ့ ကွင်းလယ်ကစားသမားတွေဖြစ်တဲ့ ပေါ့ဘာ မာတစ် မာတာနဲ့ လင်ဂတ်တို့ကို အလွတ်ပြောင်းရွှေ့ကြေးတွေနဲ့ လက်လွတ်ရတော့မှာဖြစ်လို့ နဂိုကတည်းက အားနည်းနေတဲ့ ကွင်းလယ်အတွက် ကစားသမားဖြည့်တင်းမှုတွေကို မဖြစ်မနေ လုပ်ဆောင်သွားရတော့မှာ ဖြစ်ပါတယ်။

Photo Credit : Daily Mail

ဗြိတိန်ရဲ့ နာမည်ကြီး သတင်းမီဒီယာကြီးတစ်ခုဖြစ်တဲ့ Daily Mirror ရဲ့ ဖော်ပြချက်တွေအရ ယူနိုက်တက်နည်းပြ တန်ဟက်ဂ်က အသင်းရဲ့ ကွင်းလယ်ပိုင်းအတွက် ကမ္ဘာ့ဖလားချန်ပီယံ ကန်တေကို သဘောကျလို့နေပြီး ကန်တေးရဲ့ ဘောလုံးအရည်အသွေး ဘောလုံးအတွေ့အကြုံတွေနဲ့ အောင်မြင်မှု ဆာလောင်စိတ်တွေက ယူနိုက်တက်ရဲ့ ကွင်းလယ်ပိုင်းအတွက် အလိုအပ်ဆုံး အကြောင်းအရာတွေ ဖြစ်နေတာမို့ ကန်တေကို သူရဲ့ အဓိကပစ်မှတ်အဖြစ် သတ်မှတ်လာခဲ့တယ်လို့ Mirror ကနေ ဖော်ပြလာခဲ့ပါတယ်။ အသက်(၃၁)နှစ်အရွှယ်ရှိ ပြင်သစ်လက်ရွေးစင် ကွင်းလယ်လူ ကန်တေဟာ ချယ်လ်ဆီးအသင်းမှာ ပျော်ရွှင်နေပေမယ့် အသင်းနဲ့လည်း သူနဲ့ အသင်းကြား ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းက တစ်နှစ်သာ ကျန်ရှိနေတော့ပြီး မနေ့ညက ဝင်ဘာလေကွင်းမှာ ကျင်းပခဲ့တဲ့ အက်အေဖလား ဗိုလ်လုပွဲမှာလည်း အသင်းရဲ့ ပွဲထွက်လူစာရင်းမှာ ပါဝင်လာခြင်းမရှိပဲ ဒုတိယပိုင်းမှ ဝင်ရောက်ကစားခဲ့ရပါတယ်။ တကယ်လို့ ချယ်လ်ဆီးအသင်း ပိုင်ရှင်သစ်တွေက နည်းပြတူဟယ်လ်အတွက် အသုံးစရိတ် အများအပြား အသုံးပြုခွင့် ပေးလာမယ်ဆိုရင် တူဟယ်လ်အနေနဲ့ ကစားသမားသစ်တွေ ထပ်မံခေါ်ယူဖွယ် ရှိနိုင်တာကြောင့် ကန်တေရဲ့ အနာဂတ်လည်း မရေမရာ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် တန်ဟက်ဂ်က ကန်တေကို ပစ်မှတ်ထားနေတာဖြစ်ပြီး Mirror ရဲ့ ဖော်ပြချက်မှာတော့ ကန်တေဟာ တန်ဟက်ဂ် ပထမဦးဆုံး ခေါ်ယူသွားမယ့် ကစားသမားတောင် ဖြစ်လာနိုင်တယ်လို့ ရေးသားဖော်ပြထားပါတယ်။

Exit mobile version