လာမယ့် ဘောလုံးရာသီမှာ မန်ချက်စတာစီးတီး ကစားသမားသစ် ဖြစ်လာတော့မယ့် နော်ဝေတိုက်စစ်ကစားသမားလေး အာလင်းဟာလန်းဟာ အခုဆိုရင် ဒေါ့မွန်အသင်းကနေ ထွက်ခွာသွားရတော့မယ့်အချိန် ဖြစ်တာမို့ နှုတ်ဆက်တဲ့ အထိန်းအမှတ်အနေနဲ့ သူရဲ့ ဒေါ့မွန်အသင်းဖော် (၃၃)ယောက်အတွက် တန်ဖိုးကြီးမားတဲ့ Rolex နာရီတစ်လုံးစီ ဝယ်ယူလက်ဆောင်ပေးခဲ့တယ်လို့ သိရှိရပါတယ်။

Erling Haaland: Manchester City agree deal of over £500,000-a-week to sign  striker | Daily Mail Online

Photo Credit : Daily Mail

အသက်(၂၁)နှစ်အရွှယ် နော်ဝေလက်ရွေးစင် တိုက်စစ်ကစားသမား ဟာလန်းဟာ ဒေါ့မွန်ကနေ မန်စီးတီးအသင်းဆီကို ပြောင်းရွှေ့ကြေး ပေါင်(၅၁)သန်းနဲ့ ပြောင်းရွှေ့ဖို့ အားလုံးသဘောတူညီမှု ရယူထားခဲ့ပြီဖြစ်ပြီး ဇူလိုင်လ(၁)ရက်နေ့မှာပဲ မန်စီးတီးအသင်းသားအဖြစ် တရားဝင် သတ်မှတ်ခံရတော့မှာ ဖြစ်ပါတယ်။ ဟာလန်းဟာ ဒေါ့မွန်အသင်းမှာ ဘောလုံးရာသီ နှစ်ရာသီခွဲနီးပါး ပါဝင်ကစားခဲ့ပြီး ပွဲပေါင်း(၈၉)ပွဲမှာ သွင်းဂိုးစုစုပေါင်း (၈၆)ဂိုးအထိကို သွင်းယူနိုင်ခဲ့သလို ပြီးခဲ့တဲ့ ဘောလုံးရာသီက ဂျာမန်ပိုကယ်ဖလားကိုပါ ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။

Photo Credit : Goal

အသင်းပရိသတ်တွေ အသင်းဖော်တွေရဲ့ အချစ်တော်ဖြစ်ခဲ့တဲ့ ဟာလန်းက ဒေါ့မွန်အသင်းကနေ မစွန့်ခွာသွားခင်မှာ ဒေါ့မွန်အသင်းဖော် (၃၃)ယောက်အတွက် ယူရို(၁၃၀၀၀)ကနေ (၁၅၀၀၀)ဝန်းကျင်လောက် တန်ဖိုးရှိတဲ့ Rolex နာရီတွေကို အမှတ်တရလက်ဆောင်အဖြစ် ဝယ်ယူပေးခဲ့ပါတယ်။ ဟာလန်းက ဒီနာရီတွေကကို နယ်သာလန်နိုင်ငံက ဇိမ်ခံမှန်လုံကားကြီးနှစ်စင်းနဲ့ ပို့ဆောင်ပေးခဲ့တာဖြစ်ပြီး နာရီတစ်လုံးစီကိုလည်း ဟာလန်းနဲ့ ပတ်သက်ပြီး အမှတ်တရဖြစ်ရာ ဓါတ်ပုံ(၃)ပုံ ထည့်သွင်းထားတဲ့ special box လေးတွေနဲ့ အလှဆင်ပေးထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် နော်ဝေတိုက်စစ်မှူး ဟာလန်းက ဒေါ့မွန်အသင်းရဲ့ ဝန်ထမ်းတွေနဲ့ အခြားသောလူများအတွက်ကိုလည်း ယူရို(၅၀၀၀)နဲ့ ယူရို(၇၀၀၀)ဝန်းကျင်ခန့်လောက် တန်ဖိုးရှိတဲ့ Omega brand နာရီတွေကို လက်ဆောင်ပေးသွားခဲ့တယ်လို့ သိရှိရပါတယ်။