MySport Myanmar

ဆာကာ အင်္ဂလန် လူစာရင်းကနေ နုတ်ထွက်မယ်ဆိုတာ ကြိုသိနေတဲ့ ဂယ်ရီနဗီးလ်

အင်္ဂလန်နဲ့ အာဆင်နယ် ကြယ်ပွင့်ကစားသမားလေး ဘူကာယို ဆာကာဟာ ဘရာဇီးလ် ဘယ်လ်ဂျီယံအသင်းတွေနဲ့ ခြေစမ်းပွဲစဉ်တွေ ယှဉ်ပြိုင်သွားမယ့် အင်္ဂလန်အသင်းရဲ့ ကစားသမားစာရင်းကနေ ဒဏ်ရာပြသာနာကြောင့် နုတ်ထွက်သွားခဲ့ပါတယ်။

အခုဆိုရင် နိုင်ငံတကာ ရက်သတ္တပတ်တွေထဲ ဒဏ်ရာပြသာနာများကြောင့်ဆိုပြီး လက်ရွေးစင်အသင်းကနေ နုတ်ထွက်လာခဲ့တဲ့ အာဆင်နယ် ကစားသမား (၂)ဦးအထိ ရှိနေလို့ကာ ပထမဆုံး ဂါဘရီရယ်လ်က ဘရာဇီးလ် လူစာရင်းကနေ နုတ်ထွက်ခဲ့သလို အခုလည်း ဆာကာက အင်္ဂလန် လူစာရင်းကနေ ထွက်ခွာလာခဲ့ပြန်ပါတယ်။

Photo Credit : Arab News

အာဆင်နယ် ကစားသမားတွေထဲမှာ ဒဏ်ရာ ပြသာနာကနေ သက်သာခါစဖြစ်တဲ့ ဂျေဇူး ပါတေးနဲ့ တိုမီယာစုတို့က လက်ရွေးစင်တွေနဲ့ ပူးပေါင်းခြင်း မရှိသလို ဘန်ဝှိုက်ကလည်း သူ့အနေနဲ့ လက်ရှိမှာ အင်္ဂလန်အသင်းအတွက် ကစားပေးလိုခြင်း မရှိကြောင်း အသိပေးထားခဲ့ပါတယ်။

ဒီလို အကြောင်းကိစ္စတွေနဲ့ ပတ်သက်ပြီး မန်ချက်စတာ ယူနိုက်တက်နဲ့ အင်္ဂလန်အသင်းတို့ရဲ့ ကစားသမားဟောင်းကြီး ဂယ်ရီနဗီးလ်ကတော့ ဆာကာ အခုလို လက်ရွေးစင်အသင်း လူစာရင်းကနေ နုတ်ထွက်မယ်ဆိုတာ သူကြိုပြောထားကြောင်း ပြောဆိုလာခဲ့ပါတယ်။

Photo Credit : Daily Express

“ကျွန်တော် လွန်ခဲ့တဲ့ (၂)ပတ်လောက်ကတည်းက ပြောထားခဲ့ပါတယ်။ မန်စီးတီး အာဆင်နယ်နဲ့ လီဗာပူးလ်အသင်းတွေက ကစားသမား ဘယ်နှယောက်လောက် လက်ရွေးစင်အသင်းရဲ့ ကစားသမားစာရင်းတွေကနေ နုတ်ထွက်သွားကြမလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းတယ်ဆိုပြီးလေ။ အစပိုင်းမှာတော့ ဒီဘရိုင်းက အရင်ဆုံး နုတ်ထွက်တယ်။”

“ဒါကြောင့်ပဲ ကျွန်တော် ခန့်မှန်းလိုက်သေးတယ်လေ။ ဒီကလန်ရိုက်စ် ဒါမှမဟုတ် ဆာကာ ဒါမှမဟုတ် ဖိုဒန် တစ်ဦးဦးတော့ ထပ်ပြီး ကစားသမားစာရင်းတွေကနေ ထွက်ခွာဦးမယ်ဆိုပြီး။ အမှတ်ပေးဆုအတွက် အပြိုင်အဆိုက် ဖြစ်နေတဲ့အချိန်မျိုးမှာ အခုလို နိုင်ငံတကာ ရက်သတ္တပတ်တွေ ရှိနေတာက တကယ်ကို ဆိုးရွှားလွန်းပါတယ်။” လို့ နဗီးလ်က မှတ်ချက်ပြုသွားခဲ့ပါတယ်။

Exit mobile version