မန္ယူ ဂႏၱဝင္ကစားသမား ဂယ္ရီ နဗီးလ္က လက္ရွိရာသီမွာ လီဗာပူးလ္အသင္း ပရီးမီးယားလိဂ္ဖလားနဲ႔ လဲြေခ်ာ္သြားရင္ လီဗာပူးလ္ရဲ႕ ႏွစ္ မဟုတ္ဘဲ သူ႔ရဲ႕ႏွစ္ ျဖစ္မယ္လုိ႔ ေျပာသြားခဲ့ပါတယ္။ မန္ယူအသင္းဟာ လက္ရွိ ပရီးမီးယားလိဂ ္ၿပိဳင္ပဲြမွာ ရလဒ္ မေကာင္းေပမဲ့လည္း အရင္ကေတာ့ လီဗာပူးလ္အသင္းထက္ ေျခစြမ္းပုိေကာင္းခဲ့ၿပီး ပရီးမီးယားလိဂ္ ဖလားလည္း ပုိ ရထားပါတယ္။

Photo Credit: Allfootball

လီဗာပူးလ္အသင္းဟာ ပရီးမီးယားလိဂ္ ဆုဖလားကုိ တစ္ႀကိမ္မွ မခဲ့ဖူးေပမဲ့လည္း ဒီႏွစ္မွာေတာ့ ပရီးမီးယားလိဂ္ ဆုဖလား ရရွိဖုိ႔ ေရပန္းစားေနၿပီး လက္ရွိရာသီမွာ ရႈံးပဲြမရွိေသးတာ ျဖစ္ပါတယ္။ နည္းျပ ကေလာ့ပ္ရဲ႕ လီဗာပူးလ္အသင္းဟာ အင္ဗာတန္ အသင္းနဲ႔ ယေန႔ည ကစားရမယ့္ ပဲြစဥ္ မတုိင္ခင္ (၁) ပဲြေလွ်ာ့ ေနေပမဲ့ ရမွတ္ (၈) မွတ္ ျဖတ္ၿပီး အမွတ္ေပးကုိ ဦးေဆာင္ေနပါတယ္။

Photo Credit: Allfootball

TalkSPORT မွာ မန္ယူ ခံစစ္မွဴးေဟာင္း ဂယ္ရီ နဗီးလ္က လက္ရွိရာသီမွာ လီဗာပူးလ္အသင္းကုိ ပရီးမီးယားလိဂ္ ဆုဖလားနဲ႔ လဲြေခ်ာ္ေစခ်င္ေၾကာင္း၊ က်ဆုံးေစခ်င္ေၾကာင္း ေျပာသြားခဲ့ပါတယ္။ ဂယ္ရီ နဗီးလ္က “တကယ္လုိ႔ လီဗာပူးလ္အသင္းက အခုႏွစ္ လဲြေခ်ာ္သြားမယ္ဆုိရင္ ကြ်န္ေတာ့္ အတြက္ကေတာ့ အေကာင္းဆုံး ႏွစ္ေတြထဲက တစ္ႏွစ္ ျဖစ္သြားမွာပါ”လုိ႔ ေျပာသြားခဲ့ပါတယ္။

Photo Credit: Allfootball

ဆက္လက္ၿပီး ဂယ္ရီ နဗီးလ္က သူတုိ႔ ဒီလုိ ျပန္ေအာင္ျမင္လာတာကုိ ၾကည့္ရတာက မယုံႏုိင္စရာ အေတြ႔အႀကံပါပဲ။ သူတုိ႔မွာ ရလဒ္ (၁၂) မွတ္ျဖတ္ ဦးေဆာင္ႏုိင္ခြင့္ ရွိေနပါတယ္။ သူတုိ႔ရဲ႕ ဦးေဆာင္မႈက ကြ်န္ေတာ့္ရဲ႕ မ်က္စိေရွ႕ကေန ေပ်ာက္သြားမွာပါ။ သူတုိ႔ မတ္လအထိ (၁၂) မွတ္ျဖတ္ ဦးေဆာင္ႏုိင္ပါ။ ေနာက္ပုိင္း အပုိင္းပုိင္းအစစ က်ရႈံးသြားမွာပါ”လုိ႔ ေျပာဆုိသြားခ့ပါတယ္။

{Unicode}

မန်ယူ ဂန္တဝင်ကစားသမား ဂယ်ရီ နဗီးလ်က လက်ရှိရာသီမှာ လီဗာပူးလ်အသင်း ပရီးမီးယားလိဂ်ဖလားနဲ့ လွဲချော်သွားရင် လီဗာပူးလ်ရဲ့ နှစ် မဟုတ်ဘဲ သူ့ရဲ့နှစ် ဖြစ်မယ်လို့ ပြောသွားခဲ့ပါတယ်။ မန်ယူအသင်းဟာ လက်ရှိ ပရီးမီးယားလိဂ ်ပြိုင်ပွဲမှာ ရလဒ် မကောင်းပေမဲ့လည်း အရင်ကတော့ လီဗာပူးလ်အသင်းထက် ခြေစွမ်းပိုကောင်းခဲ့ပြီး ပရီးမီးယားလိဂ် ဖလားလည်း ပို ရထားပါတယ်။

Photo Credit: Allfootball

လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ် ဆုဖလားကို တစ်ကြိမ်မှ မခဲ့ဖူးပေမဲ့လည်း ဒီနှစ်မှာတော့ ပရီးမီးယားလိဂ် ဆုဖလား ရရှိဖို့ ရေပန်းစားနေပြီး လက်ရှိရာသီမှာ ရှုံးပွဲမရှိသေးတာ ဖြစ်ပါတယ်။ နည်းပြ ကလော့ပ်ရဲ့ လီဗာပူးလ်အသင်းဟာ အင်ဗာတန် အသင်းနဲ့ ယနေ့ည ကစားရမယ့် ပွဲစဉ် မတိုင်ခင် (၁) ပွဲလျှော့ နေပေမဲ့ ရမှတ် (၈) မှတ် ဖြတ်ပြီး အမှတ်ပေးကို ဦးဆောင်နေပါတယ်။

Photo Credit: Allfootball

TalkSPORT မှာ မန်ယူ ခံစစ်မှူးဟောင်း ဂယ်ရီ နဗီးလ်က လက်ရှိရာသီမှာ လီဗာပူးလ်အသင်းကို ပရီးမီးယားလိဂ် ဆုဖလားနဲ့ လွဲချော်စေချင်ကြောင်း၊ ကျဆုံးစေချင်ကြောင်း ပြောသွားခဲ့ပါတယ်။ ဂယ်ရီ နဗီးလ်က “တကယ်လို့ လီဗာပူးလ်အသင်းက အခုနှစ် လွဲချော်သွားမယ်ဆိုရင် ကျွန်တော့် အတွက်ကတော့ အကောင်းဆုံး နှစ်တွေထဲက တစ်နှစ် ဖြစ်သွားမှာပါ”လို့ ပြောသွားခဲ့ပါတယ်။

Photo Credit: Allfootball

ဆက်လက်ပြီး ဂယ်ရီ နဗီးလ်က သူတို့ ဒီလို ပြန်အောင်မြင်လာတာကို ကြည့်ရတာက မယုံနိုင်စရာ အတွေ့အကြံပါပဲ။ သူတို့မှာ ရလဒ် (၁၂) မှတ်ဖြတ် ဦးဆောင်နိုင်ခွင့် ရှိနေပါတယ်။ သူတို့ရဲ့ ဦးဆောင်မှုက ကျွန်တော့်ရဲ့ မျက်စိရှေ့ကနေ ပျောက်သွားမှာပါ။ သူတို့ မတ်လအထိ (၁၂) မှတ်ဖြတ် ဦးဆောင်နိုင်ပါ။ နောက်ပိုင်း အပိုင်းပိုင်းအစစ ကျရှုံးသွားမှာပါ”လို့ ပြောဆိုသွားခ့ပါတယ်။