ကမ္ဘာကျော် အားကစားရုပ်သံမီဒီယာကြီး Sky Sports မှာ pundit အဖြစ် ဆောင်ရွှက်လျက်ရှိနေတဲ့ မန်ချက်စတာယူနိုက်တက် နောက်ခံလူဟောင်းကြီး ဂယ်ရီနဖီးလ်က ဒီနှစ်ဘောလုံးရာသီ ပရီးမီးယားလိဂ်မှာ အမှတ်ပေးချန်ပီယံဆုအတွက် အကြိတ်အနယ် ဖြစ်နေရတဲ့ မန်ချက်စတာစီးတီးအသင်းနဲ့ လီီဗာပူးလ်အသင်းတို့ရဲ့ကြား နှစ်သင်းလုံးအတွက် လက်ကျန်ပွဲ(၇)ပွဲပဲ ကျန်ရှိနေတော့တဲ့အချိန် လီဗာပူးလ်က သူရဲ့အသင်းဟောင်း ယူနိုက်တက်အသင်းနဲ့ ဆုံတွေ့ရဦးမှာဖြစ်လို့ လီဗာပူးလ်ရဲ့ ချန်ပီယံလမ်းကြောင်းက မန်စီးတီးထက်ကို ပိုလွယ်ကူနေတယ်လို့ သတ်မှတ်ပြောဆိုသွားခဲ့ပါတယ်။

Liverpool are still well in the Premier League title race

Photo Credit : The Sun

မနေ့ညက အီတီဟတ်ကွင်းမှာ ထိပ်တိုက်ရင်ဆိုင်ခဲ့ရတဲ့ မန်စီးတီးနဲ့ လီဗာပူးလ်အသင်းတို့ဟာ အနိုင်အရှုံး မပေါ်ခဲ့ပဲ တစ်ဖက်(၂)ဂိုးစီ သရေကျခဲ့ရလို့ နှစ်သင်းကြား ရမှတ်ကွာဟမှုက (၁)မှတ်တည်းသာ ဖြစ်နေရသေးတဲ့အတွက် ရာသီမသိမ်းခင် ကျန်ရှိနေသေးတဲ့ လက်ကျန်(၇)ပွဲအတွင်းမှာ ချန်ပီယံ ဘယ်သူဖြစ်မလဲဆိုတာ အဖြေပေါ်ဖွယ် ရှိနေရပါတယ်။ နှစ်သင်းလုံးရဲ့ လက်ကျန်ပွဲစဉ် အနေအထားအရ ယူနိုက်တက်နဲ့ အင်္ဂလန်ဒါဘီ အဲဗာတန်နဲ့ မာဆေးဆိုက်ဒါဘီ Top 4 ဝင်ခွင့်အတွက် အားကောင်းနေတဲ့ စပါးနဲ့ ပွဲကျပ်တွေကို ရင်ဆိုင်ရမယ့် လီဗာပူးလ်အသင်းရဲ့ လက်ကျန်ပွဲတွေက စီးတီးရဲ့လက်ကျန်ပွဲတွေထက်ကို ခက်ခဲလျက် ရှိနိုင်တယ်လို့ ယူဆချင်စရာ ဖြစ်နေရပါတယ်။

Manchester United are out of form and could be thumped at Anfield

Photo Credit : The Sun

ဒါပေမယ့် နဖီးလ်ကတော့ သူရဲ့အသင်းဟောင်း ယူနိုက်တက်နဲ့ ဆုံတွေ့ရမယ့် လီဗာပူးလ်ကသာ မန်စီးတီးထက်ကို ချန်ပီယံလမ်းကြောင်း ပိုလွယ်ကူနေလိမ့်မယ်လို့ သူရဲ့အမြင်ကို ပြောဆိုသွားခဲ့ပါတယ်။ နဖီးလ်က “ပရီးမီးယားလိဂ်မှာ ကျွန်တော်တို့တွေ စီးတီးရဲ့ လမ်းကြောင်းကို တစ်ချက်ကြည့်ပြီး ပိုလွယ်ကူနိုင်တဲ့ ချန်ပီယံပြေးလမ်းတစ်ခုလို့ ထင်နေကြပါတယ်။ ဒါပေမယ့် တကယ်တမ်းကျတော့ သမိုင်းကြောင်းတွေအရ ကျွန်တော်တို့တွေက မာဆေးဆိုက်ဒါဘီနဲ့ ပုံမှန်အားဖြင့် တခြားရာသီတွေမှာ ခက်ခဲနေရတတ်တဲ့ မန်ချက်စတာယူနိုက်တက်ပွဲတွေကို ကြည့်နေကြလို့ပါ။ ရိုးရိုးသားသားပြောရရင် ဒီအသင်းနှစ်သင်းက ဒီအခိုက်အတန့်မှာ စိတ်ပျက်ဖွယ်ရာ အနေအထားမျိုးတွေ ဖြစ်နေရလို့ လီဗာပူးလ်က စီးတီးတို့ ရင်ဆိုင်ရမယ့် အသင်းတွေထက် ပိုလွယ်ကူသွားနိုင်ပါတယ်။ အရင်ကတော့ ကျွန်တော်တို့တွေ လီဗာပူးလ်အသင်းရဲ့ လက်ကျန်ပွဲအနေအထားတွေကို ကြည့်ရှုပြိး ပိုခက်ခဲနိုင်တဲ့ လမ်းကြောင်းတစ်ခုလို့ ယူဆခဲ့ကြပေမမယ့် တကယ်တမ်းတော့ မဟုတ်ပါဘူး။ စီးတီးကသာ တန်းမဆင်းရဖို့ ရုန်းကန်နေရဦးမယ့် ဝက်ဖို့ဒ် လိဒ်စ်တို့နဲ့ ရင်ဆိုင်တွေ့ဆုံဦးမှာပါ” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။