မန်ယူအသင်းရဲ့ ကစားသမားဟောင်း ဖီးလ် နဗီးလ်ကတော့ မန်ယူအသင်းရဲ့ တိုက်စစ်မှူး (၃) ဦး ဖြစ်ကြတဲ့ မာရှယ်၊ ရှက်ချ်ဖို့ဒ် နဲ့ ဂရင်းဝုဒ်တို့ဟာ မန်စီးတီးအသင်း နဲ့ လီဗာပူးလ်အသင်းတို့ရဲ့ တိုက်စစ်မှူး (၃) ဦးလို ကောင်းကြပါတယ်လို့ Match of the Day မှာ ပြောကြားသွားပါတယ်။ လီဗာပူးလ်အသင်းရဲ့ တိုက်စစ်မှူး (၃) ဦးမှာ ဆာလတ်၊ မာနေး နဲ့ ဖာမင်နို၊ မန်စီးတီးအသင်းရဲ့ တိုက်စစ်မှူး (၃) ဦးက အဂွဲရို၊ ဂျေဆပ်၊ နဲ့ စလာတင်တို့တွေ ဖြစ်ကြပြီး မန်ယူအသင်းရဲ့ တိုက်စစ်မှူး (၃) ဦးကတော့ မာရှယ်၊ ရက်ချ်ဖို့ဒ် နဲ့ ဂရင်းဝုဒ်တို့တွေပဲ ဖြစ်ကြတာ ဖြစ်ပါတယ်။

 

Photo Credit: Goal

မန်စီးတီးအသင်းရဲ့ တိုက်စစ်မှူး (၃) ဦး နဲ့ လီဗာပူးလ်အသင်းရဲ့ တိုက်စစ်မှူး (၃) ဦးတွေဟာ ပရီးမီးယားလိဂ် ဆုဖလားကို လက်ရှိရာသီ အပါအဝင် နောက်ဆုံး (၂) ရာသီအတွင်းမှာ ရရှိခဲ့ကြတာ ဖြစ်ပြီး မန်ယူအသင်းရဲ့ တိုက်စစ်မှူးတွေက လိဂ်ဖလား မရတာ ကြာခဲ့ပြီ ဖြစ်ပါတယ်။ မန်ယူအသင်းဟာ (၂၀၁၃) ခုနှစ်နောက်ပိုင်း ပရီးမီးယားလိဂ် ဆုဖလားကို မရရှိနိုင်ခဲ့တော့တာ ဖြစ်ပြီး မန်ယူအသင်းရဲ့ ကစားသမားဟောင်း နဗီးလ်ကတော့ မန်ယူ တိုက်စစ်မှူး (၃) ဦးဟာ မန်စီးတီး နဲ့ လီဗာပူးလ်တို့ရဲ့ တိုက်စစ်မှူး (၃) ဦးတို့လို ကောင်းတယ်လို့ ပြောသွားပါတယ်။

Photo Credit: Goal

ဖီးလ် နဗီးလ်က “ကျွန်တော် ပြန်ပွဲစပိတ်ခါစမှာ မန်ယူအသင်းကို ကြည့်ပြီး မန်ယူအသင်းအနေနဲ့ မန်စီးတီးအသင်း၊ လီဗာပူးလ်အသင်းတို့နဲ့ ကွာဟမှုကို ကျဉ်းစေဖို့အတွက် ဘယ်လို နေရာတွေမှာ ရင်းနှီးမြုပ်နှံသင့်သလဲ ဆိုတာကို ကျွန်တော် တွေးခဲ့မိပါတယ်။ ချက်ချင်းဆိုသလိုပဲ၊ အသင်းရဲ့ အထောင်တိုက်စစ်နေရာကို တွေးမိပါတယ်။ ဒါပေမယ့် လက်ရှိမှာတော့ မာရှယ် နဲ့ ရက်ချ်ဖို့ဒ်က ရှိနေကြပြီ ဖြစ်ပါတယ်။ ဂရင်းဝုဒ်အပါအဝင် သူတို့တွေက အကောင်းဆုံး (၃) ယောက်တွဲ ဖြစ်ပြီး မန်စီးတီး တိုက်စစ် (၃) ဦး နဲ့ လီဗာပူးလ် တိုက်စစ် (၃) ဦးတို့လိုပဲ ကောင်းကြပါတယ်။ သူတို့ဟာ နေရာချင်းလဲကစားနိုင်ကြပြီး အချင်းချင်း ချိတ်ဆက် ကစားနိုင်ကြပါတယ်။ သူတို့ (၃) ဦးထက် ပိုကောင်းတာကို မမြင်မိပါဘူး”လို့ Match of the Day မှာ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။