မန္ယူ ေနာက္ခံ ကစားသမားေဟာင္း ဂယ္ရီ နဗီးလ္ဟာ လက္ရွိမွာ Sky Sports ကေလာင္ရွင္ အေနနဲ႔ ေဆာင္ရြက္ေနၿပီး အာႏုိးလ္ ရဲ႕ ေရာ္ဘတ္ဆန္ေၾကာင့္ အစြန္႔ခံစစ္အေပၚ သူ႔ရဲ႕ အျမင္ ေျပာင္းလဲသြားခဲ့တာ ျဖစ္ပါတယ္။ ဂယ္ရီ နဗီးလ္ဟာ မန္ယူအသင္းကုိ နည္းျပ ဆာ ဖာဂူဆန္ နည္းျပခဲ့စဥ္က ေနာက္ခံ ကစားသမား အေနနဲ႔ ကစားခဲ့ၿပီး သူက အာႏုိးလ္ နဲ႔ ေရာ္ဘတ္ဆန္တုိ႔ဟာ အစြန္ခံစစ္သမားေတြရဲ႕ ေရွ႕တန္းမွာ ပါဝင္မႈကုိ စံႏႈန္းသတ္မွတ္ခဲ့တယ္လုိ႔ ဆုိပါတယ္။

Photo Credit: Gettyimage

အာႏုိးလ္ဟာ ဘယ္အစြန္မွာ ကစားေပမဲ့ ပရီးမီးယားလိဂ္ ပဲြစဥ္ (၂၀) ကစားၿပီးသြားတဲ့ အခ်ိန္မွာ သြင္းဂုိး (၂) ဂုိး နဲ႔ ဂိုးဖန္တီးမႈ (၈) ႀကိမ္ ျပဳလုပ္ႏုိင္ခဲ့သလုိ၊ ေရာ္ဘတ္ဆန္က ညာအစြန္ခံစစ္မွဴး အျဖစ္ ကစားေပမဲ့လည္း ပရီးမီးယားလိဂ္ ပဲြစဥ္ (၂၀) ကစားၿပီးတဲ့ အခ်ိန္မွာ သြင္းဂုိး (၁) ဂုိး နဲ႔ ဂုိးဖန္တီးမႈ (၆) ႀကိမ္ ျပဳလုပ္ႏုိင္ခဲ့တာေၾကာင့္ မန္ယူ ေနာက္ခံ ကစားသမားေဟာင္း နဗီးလ္က အာႏုိးလ္ နဲ႔ ေရာ္ဘတ္ဆန္တုိ႔ေၾကာင္း သူ႔ရဲ႕ ခံစစ္အျမင္ ေျပာင္းလဲပုံကုိ ေျပာျပသြားခဲ့ပါတယ္။

Photo Credit: Gettyimage

ဂယ္ရီ နဗီးလ္က “ထိပ္သီး ကစားသမား ႏွစ္ဦး ျဖစ္တဲ့ အာႏုိးလ္ နဲ႔ ေရာ္ဘတ္ဆန္က အစြန္ခံစစ္ ကစားသမားေတြအေနနဲ႔ ဘယ္လုိ တုိက္စစ္ဆင္ႏုိင္မလဲ ဆုိတာကုိ စံႏႈန္းသစ္ ျပဳလုပ္ခဲ့ပါတယ္။ အာႏုိးလ္ နဲ႔ ေရာ္ဘတ္ဆန္က ေနာက္ခံ ကစားသမားေတြ ျဖစ္ေပမဲ့ ေရွ႕တန္းကုိ လြတ္လပ္စြာနဲ႔ လုိက္ပါကစားႏုိင္ပါတယ္။ ကြ်န္ေတာ့္ရဲ႕ ကစားသမားဘဝကုိ ျပန္ေတြးေတာ့ အစြန္ခံစစ္ အေနနဲ႔ ခံစစ္အေၾကာင္းေတြးခဲ့တာ နဲ႔ စိတ္ထဲမွာ ကန္႔သတ္ထားတာကုိ အံ့ၾသမိပါတယ္။ ဒီကစားသမားႏွစ္ဦးက အေကာင္းျမင္စိတ္နဲ႔ပဲ ေတြးပါတယ္။ သူတုိ႔ကစားပုံကုိ ၾကည့္ခဲ့ပါတယ္”လုိ႔ ဆုိပါတယ္။

{Unicode}

မန်ယူ နောက်ခံ ကစားသမားဟောင်း ဂယ်ရီ နဗီးလ်ဟာ လက်ရှိမှာ Sky Sports ကလောင်ရှင် အနေနဲ့ ဆောင်ရွက်နေပြီး အာနိုးလ် ရဲ့ ရော်ဘတ်ဆန်ကြောင့် အစွန့်ခံစစ်အပေါ် သူ့ရဲ့ အမြင် ပြောင်းလဲသွားခဲ့တာ ဖြစ်ပါတယ်။ ဂယ်ရီ နဗီးလ်ဟာ မန်ယူအသင်းကို နည်းပြ ဆာ ဖာဂူဆန် နည်းပြခဲ့စဉ်က နောက်ခံ ကစားသမား အနေနဲ့ ကစားခဲ့ပြီး သူက အာနိုးလ် နဲ့ ရော်ဘတ်ဆန်တို့ဟာ အစွန်ခံစစ်သမားတွေရဲ့ ရှေ့တန်းမှာ ပါဝင်မှုကို စံနှုန်းသတ်မှတ်ခဲ့တယ်လို့ ဆိုပါတယ်။

Photo Credit: Gettyimage

အာနိုးလ်ဟာ ဘယ်အစွန်မှာ ကစားပေမဲ့ ပရီးမီးယားလိဂ် ပွဲစဉ် (၂၀) ကစားပြီးသွားတဲ့ အချိန်မှာ သွင်းဂိုး (၂) ဂိုး နဲ့ ဂိုးဖန်တီးမှု (၈) ကြိမ် ပြုလုပ်နိုင်ခဲ့သလို၊ ရော်ဘတ်ဆန်က ညာအစွန်ခံစစ်မှူး အဖြစ် ကစားပေမဲ့လည်း ပရီးမီးယားလိဂ် ပွဲစဉ် (၂၀) ကစားပြီးတဲ့ အချိန်မှာ သွင်းဂိုး (၁) ဂိုး နဲ့ ဂိုးဖန်တီးမှု (၆) ကြိမ် ပြုလုပ်နိုင်ခဲ့တာကြောင့် မန်ယူ နောက်ခံ ကစားသမားဟောင်း နဗီးလ်က အာနိုးလ် နဲ့ ရော်ဘတ်ဆန်တို့ကြောင်း သူ့ရဲ့ ခံစစ်အမြင် ပြောင်းလဲပုံကို ပြောပြသွားခဲ့ပါတယ်။

Photo Credit: Gettyimage

ဂယ်ရီ နဗီးလ်က “ထိပ်သီး ကစားသမား နှစ်ဦး ဖြစ်တဲ့ အာနိုးလ် နဲ့ ရော်ဘတ်ဆန်က အစွန်ခံစစ် ကစားသမားတွေအနေနဲ့ ဘယ်လို တိုက်စစ်ဆင်နိုင်မလဲ ဆိုတာကို စံနှုန်းသစ် ပြုလုပ်ခဲ့ပါတယ်။ အာနိုးလ် နဲ့ ရော်ဘတ်ဆန်က နောက်ခံ ကစားသမားတွေ ဖြစ်ပေမဲ့ ရှေ့တန်းကို လွတ်လပ်စွာနဲ့ လိုက်ပါကစားနိုင်ပါတယ်။ ကျွန်တော့်ရဲ့ ကစားသမားဘဝကို ပြန်တွေးတော့ အစွန်ခံစစ် အနေနဲ့ ခံစစ်အကြောင်းတွေးခဲ့တာ နဲ့ စိတ်ထဲမှာ ကန့်သတ်ထားတာကို အံ့သြမိပါတယ်။ ဒီကစားသမားနှစ်ဦးက အကောင်းမြင်စိတ်နဲ့ပဲ တွေးပါတယ်။ သူတို့ကစားပုံကို ကြည့်ခဲ့ပါတယ်”လို့ ဆိုပါတယ်။