ညက ကစားသွားတဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ချယ်လ်ဆီးအသင်းရဲ့ ဘယ်နောက်ခံကစားသမား ဘင်ချီဝဲလ် ဒဏ်ရာရသွားခဲ့ခြင်းနဲ့ ပတ်သတ်ပြီး ချယ်လ်ဆီးပရိသတ်တွေက ချီဝဲလ်ကို ပွဲချိန်တစ်လျှောက်လုံး အသုံးပြုသွားခဲ့တဲ့ အသင်းနည်းပြ ဂရေဟမ်ပေါ်တာရဲ့ လုပ်ဆောင်ချက်အပေါ် ဝေဖန် ပြစ်တင်မှုတွေ လုပ်ဆောင်သွားခဲ့ပါတယ်။

Graham Potter attends to Ben Chilwell at full-time as he limps off the pitch in Chelsea's Champions League win over Dinamo Zagreb

Photo Credit : Daily Mail

ချယ်လ်ဆီးအသင်းဟာ ဇာဂရက်အသင်းနဲ့ ရင်မဆိုင်ရခင်မှာပဲ ရှုံးထွက်(၁၆)သင်းအဆင့်ဆီကို တတ်လှမ်းပြီးသား အသင်း ဖြစ်နေပေမယ့်လည်း အဓိက ကစားသမား အစုံအလင်နဲ့ ပွဲထွက်လာခဲ့ပြီး ဂျော်ဂျင်ဟို မေဆန်မောင့်နဲ့ ချီဝဲလ်တို့လို ကစားသမားတွေကိုလည်း ပွဲချိန်ပြည့်အထိ အသုံးပြုခဲ့ရာ ချီဝဲလ်က ပွဲပြီးခါနီးအချိန်မှာ တံကေက်ကြောဒဏ်ရာ ရရှိသွားခဲ့ရပါတယ်။ ချီဝဲလ်ရဲ့ ဒဏ်ရာပြသာနာဟာ ထင်ထားတာထက်ကို ပြင်းထန်ဖွယ် ရှိနေတာကြောင့် ချယ်လ်ဆီးရဲ့ ပွဲစဉ်တွေအပြင် အင်္ဂလန်အသင်းနဲ့ပါ ကမ္ဘာ့ဖလားပြိုင်ပွဲကြီး လိုက်ပါဆင်နွဲဖို့ မရေမရာ ဖြစ်လာခဲ့ရပါတယ်။

Chilwell picked up the hamstring injury in stoppage time of the Champions League tie

Photo Credit : Daily Mail

ဒီလို အမှတ်မလိုအပ်တော့တဲ့ ပွဲစဉ်မှာ ချီဝဲလ်ကို ပွဲချိန်ပြည့် ထည့်သွင်း အသုဲးပြုခဲ့တဲ့ ချယ်လ်ဆီးနည်းပြ ဂရေဟမ်ပေါ်တာကို အသင်းပရိသတ်တွေက ပြစ်တင်စကားတွေ ပြောဆိုလာခဲ့ပါတယ်။ “ပွဲကျပ်တွေ ရှိနေတဲ့အချိန် အနားသိပ်မရတဲ့အချိန် ဒဏ်ရာပြသာနာတွေနဲ့ လုံးပန်းနေရတဲ့အချိန်မှာ အသင်းရဲ့ အဓိက ကစားသမားတွေကို ပွဲချိန်ပြည့် ကစားခိုင်းရတဲ့ ဆိုးရွှားတဲ့ ဆုံးဖြတ်ချက်တွေအတွက် ပေါ်တာမှာ ဖြေစရာတွေ အများကြီး ရှိနေပါလိမ့်မယ်” “ဒဏ်ရာ မကြာခဏ ရရှိတတ်တဲ့ ကစားသမားတစ်ဦးကို အမှတ်မလိုတော့တဲ့ ပွဲမှာ risk အရမ်းယူပြီး အသုံးပြုခဲ့တဲ့ ဦးနှောက်မရှိသော နည်းပြတစ်ဦးကို ငါ ဘယ်တုန်းကမှ မတွေ့ခဲ့ဖူးဘူး။ အခု မင်းရဲ့ လူစာရင်းထဲမှာ အသင်းကို အကျိုးပြုနိုင်တဲ့ ကစားသမားတစ်ဦး ဒဏ်ရာ ထပ်ရသွားခဲ့ရပြီ။ ပေါ်တာရဲ့ အဓိပ္ပာယ်မရှိလှတဲ့ လုပ်ရပ်တစ်ခုပါ။ သူ ဘင်ကို လူစားလဲလိုက်သင့်ပါတယ်” “Chilly က ပွဲဆက်တွေ များနေတဲ့ ကာလထဲမှာမှ မလိုအပ်ပဲ ဒဏ်ရာရသွားခဲ့တယ်။ ဒီအတွက် ငါကတော့ ပေါ်တာကို ဒေါသထွက်မိတယ်” လို့ ချယ်လ်ဆီးအသင်း ပရိသတ်တွေက သူတို့ရဲ့နည်းပြပေါ်တာကို ဝိုင်းဝန်း အပြစ်တင်သွားခဲ့ကြပါတယ်။ လက်ရှိမှာတော့ ချီဝဲလ်ဟာ ချယ်လ်ဆီးအသင်းရဲ့ ပွဲကျပ်ကာလတွေအတွင်းမှာ အသင်းအတွက် ပါဝင်နိုင်တော့မှာ မဟုတ်တဲ့အပြင် ကံဆိုးရင် ၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကိုပါ လွဲချော်ရဖွယ်ပါ ရှိနိုင်ပါတယ်။