မန်ယူအသင်းဟာ ကွင်းလယ်လူ မာတစ်ကို သူ့ရဲ့ စာချုပ်မှာ ပါဝင်ခဲ့တဲ့ အချက်အတိုင်း စာချုပ် ပြည့်သွားရင် နောက်ထပ် (၁) နှစ် ထပ်တိုးခွင့် ရှိတာကို အသုံးချခဲ့ပြီး ဆက်ထိန်းသွားခဲ့ပါတယ်။ မာတစ်ဟာ ယခုနှစ် (၂၀၂၀) ခုနှစ်၊ နွေရာသီမှာ မန်ယူအသင်းနဲ့ စာချုပ်ပြည့်သွားမှာ ဖြစ်ပေမဲ့ မန်ယူအသင်းက သူ့ရဲ့ စာချုပ် (၁) နှစ် ထပ်တိုးခွင့်ကို အသုံးချခဲ့ပြီး (၁) နှစ်ထပ်တိုးခဲ့ပါတယ်။ မာတစ်ဟာ စာချုပ် (၁) နှစ် ထပ်တိုးသွားခဲ့တာကြောင့် ယခုနှစ် နွေရာသီမှာ မန်ယူအသင်းက ထွက်သွားလို့ မရဘဲ မန်ယူအသင်းမှာ လာမယ့် (၂၀၂၁) ခုနှစ်အထိ ဆက်ရှိနေမှာပဲ ဖြစ်ပါတယ်။

Photo Credit: Goal

မာတစ်ဟာ လာမယ့် နွေရာသီမှာ မန်ယူအသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ် ပြည့်သွားမှာ ဖြစ်ပေမဲ့ မန်ယူအသင်းက သူ့ကို (၁) နှစ်ကြာ ဆက်ထိန်းနိုင်တဲ့ စာချုပ်ကို အသက်သွင်းသွားခဲ့ပါတယ်။ ကွင်းလယ်လူ မာတစ်ဟာ အသင်းဖော်တွေ ဖြစ်ကြတဲ့ ပေါ့ဘာ နဲ့ တွန်မီနေးတို့ ဒဏ်ရာကြောင့် အနားယူနေရတဲ့ အချိန်မှာ မန်ယူအသင်းရဲ့ ကွင်းလယ်ကို အဓိက ထိန်းချုပ်ပေးခဲ့တာ ဖြစ်ပါတယ်။ ကွင်းလယ်လူ မာတစ်ဟာ လက်ရှိရာသီမှာ မန်ယူအသင်းအတွက် ပရီးမီးယားလိဂ် ပွဲစဉ် (၁၂) ပွဲ ကစားထားပြီး သွင်းဂိုး မရှိပေမဲ့လည်း ဂိုးဖန်တီးမှု (၁) ကြိမ် ပြုလုပ်ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Goal

ကွင်းလယ်လူ မာတစ်ဟာ မန်ယူအသင်းကို နည်းပြ မော်ရင်ဟို နည်းပြနေတဲ့ အချိန်၊ (၂၀၁၇) ခုနှစ်မှာ ချဲလ်ဆီးအသင်းကနေ မန်ယူအသင်းကို အပြီးသတ် ပြောင်းရွေ့လာခဲ့တာ ဖြစ်ပါတယ်။ ကွင်းလယ်လူ မာတစ်ဟာ မန်ယူအသင်းအတွက် ပွဲဦးထွက် ရာသီမှာ ခြေစွမ်းမပြနိုင်တာကြောင့် ဝေဖန်မှုတွေ ခံခဲ့ရပေမဲ့လည်း နည်းပြ ဆိုးလ်ရှားရဲ့ လက်ထက်မှာ အရေးပါတဲ့ သူ ဖြစ်ခဲ့ပါတယ်။ မန်ယူ နည်းပြ ဆိုးလ်ရှားက ယခုလ အစောပိုင်းမှာ ကွင်းလယ်လူ မာတစ်နဲ့ စာချုပ်သစ် ချုပ်ဖို့ သဘောတူညီမှု ရရှိခဲ့တာကြောင့် (၁၀၀) ရာခိုင်နှုန်း အသင်းမှာ ဆက်နေမယ်လို့ ပြောခဲ့ပါတယ်။ ဆိုးလ်ရှားက “ကျွန်တော်တို့ မာတစ်နဲ့ သဘောတူညီမှု ရရှိခဲ့ပါတယ်။ ဒါကြောင့် သူ အသင်းမှာ (၁၀၀) ရာခိုင်နှုန်း ဆက်နေမှာပါ”လို့ ပြောခဲ့ပြီး (၁) နှစ်ထပ်တိုးခွင့်ကို အသုံးချသွားခဲ့ပါတယ်။