MySport Myanmar

မက်ဆီ ရော်နယ်လ်ဒိုတို့ထက် သာလွန်တဲ့ စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့သူ အိုဆင်မန်

အီတလီ စီးရီးအေကလပ် နာပိုလီအသင်းရဲ့ နိုင်ဂျီးရီးယား တိုက်စစ်ကစားသမား ဗစ်တာအိုဆင်မန်ဟာ နာပိုလီနဲ့ ဆာဆူအိုလိုအသင်းတို့ရဲ့ စီးရီးအေပွဲစဉ်မှာ အသင်းအတွက် ဒုတိယမြောက် သွင်းဂိုးကို သွင်းယူပြီးတဲ့နောက် ကစားသမားဘဝအတွင်း ဂိုးပေါင်း(၁၀၀) ပြည့်မြောက်ခဲ့ရသလို လီယွန်နယ်မက်ဆီ ခရစ္စတီယာနိုရော်နယ်လ်ဒို ဒီဒီယာဒရော့ဘာ ဇလာတန်အီဘရာဟီမိုဗစ်တို့ထက် ဂိုး(၁၀၀)ကို အလျင်မြန်ဆုံး သွင်းယူနိုင်ခဲ့ပါတယ်။

Photo Credit : Daily Mail

အသက်(၂၄)နှစ်အရွယ်ရှိ အာဖရိက တိုက်စစ်မှူး အိုဆင်မန်ဟာ ဒီရာသီမှာ နာပိုလီအသင်းအတွက် အတော်လေးကို ခြေစွမ်းကောင်းတွေ ပြသထားခဲ့သလို တစ်ရာသီလုံးမှာလည်း ပြိုင်ပွဲစုံ (၁၉)ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပါတယ်။ လက်ရှိမှာလည်း ဆာဆူအိုလိုနဲ့ ပွဲစဉ်အတွင်း ဒီရာသီရဲ့ လိဂ်ဂိုး (၁၈)ဂိုးမြောက်ကို သွင်းယူနိုင်ခဲ့တဲ့ အိုဆင်မန်ဟာ သူရဲ့ကစားသမားဘဝအတွင်း ပွဲပေါင်း (၁၉၇)ပွဲမှာ သွင်းဂိုး စုစုပေါင်း (၁၀၀)အထိ ပြည့်မြောက်အောင် သွင်းယူနိုင်ခဲ့ပါတယ်။

Photo Credit : Daily Mail

အိုဆင်မန်ဟာ သူရဲ့စီနီယာ ကစားသမားဘဝကို ဘွန်ဒစ်လီဂါ ဝုလ်ဖ်ဘတ်အသင်းမှာ စတင်ခဲ့တာဖြစ်ပေမဲ့လည်း (၁၆)ပွဲအတွင်း ဂိုးတစ်ဂိုးမှ မသွင်ယူနိုင်ပဲ ဘယ်လ်ဂျီယံကလပ် Charleroi အသင်းမှာ အငှားနဲ့ ထွက်ကစားရင်းနဲ့မှ ဂိုး(၂၀) သွင်းယူနိုင်သလို အဲ့ဒီကမှ လိုင်လီကို ရောက်ရှိကာ လိုင်လီမှာ (၁၈)ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ လိုင်လီကနေ နာပိုလီကို ပြောင်းရွှေ့လာစဉ်မှာလည်း အိုဆင်မန်က (၄၇)ဂိုးထိ သွင်းယူပေးနိုင်ခဲ့တဲ့အပြင် လက်ရွေးစင်အသင်းအတွက်ကိုလည်း (၁၅)ဂိုး သွင်းယူကာ သွင်းဂိုးအားလုံး (၁၀၀)ပြည့်သွားခဲ့ပါတယ်။

Photo Credit : CNN

ဘောလုံးသမားတွေထဲမှာ ထိပ်တန်း ကစားသမားတွေဖြစ်တဲ့ မက်ဆီ ဒရော့ဘာ မိုဗစ်နဲ့ ရော်နယ်လ်ဒိုတို့ဟာ သူတို့ရဲ့ရာပြည့်ဂိုးတွေကို မက်ဆီက (၂၁၀)ပွဲ ဒရော့ဘာက (၂၃၆)ပွဲ မိုဗစ်က (၂၄၅)ပွဲနဲ့ ရော်နယ်လ်ဒိုက (၃၀၁)ပွဲတွေမှာ အသီးသီး သွင်းယူနိုင်ခဲ့တာဖြစ်ပြီး အိုဆင်မန်ကတော့ (၁၉၇)ပွဲတည်းနဲ့ ရာပြည့်ဂိုးကို အမြန်ဆုံး ရယူနိုင်ခဲ့ပါတယ်။ လက်ရှိမှာ အိုဆင်မန်ထက် ဂိုး(၁၀၀) အမြန်ဆုံးပြည့်အောင် သွင်းယူနိုင်ခဲ့တဲ့ ကစားသမားဆိုလို့ ပီအက်စ်ဂျီအသင်းရဲ့ တိုက်စစ်မှူး ဘာပေနဲ့ မန်စီးတီးအသင်းရဲ့ တိုက်စစ်မှူး ဟာလန်းတို့သာ ရှိနေပြီး ဘာပေက (၁၈၀)ပွဲ ဟာလန်းက (၁၄၆)ပွဲတွေနဲ့ ဂိုး(၁၀၀)ပြည့်အောင် သွင်းယူထားနိုင်ကြပါတယ်။

Exit mobile version