ရပ်နားထားရတဲ့ အီတလီဘောလုံးရပ်ဝန်းကတော့ မနေ့ညကပဲ ကိုပါအီတလီယာ ဆီမီးဖိုင်နယ်ပွဲစဉ်နဲ့ ပြန်လည်စတင်ခဲ့ပြီး ဂျုဗင်တပ်စ်နဲ့ အေစီမီလန်တို့ ယှဉ်ပြိုင်ကစားခဲ့ရာ ဂျုဗီက အဝေးဂိုးစည်းမျဉ်းနဲ့ ဖိုင်နယ်ကို တတ်လှမ်းနိုင်ခဲ့ပါတယ်။ ဒီနေ့ညမှာတော့ နောက်ထပ် ဆီမီးဖိုင်နယ် ပွဲစဉ်မှာတော့ အင်တာမီလန်နဲ့ နာပိုလီတို့လို စီးရီးအေထိပ်သီးအသင်းနှစ်သင်းက ထိပ်တိုက်ယှဉ်ပြိုင်ကစားရမှာဖြစ်လို့ အရမ်းကို စိတ်ဝင်စားစရာကောင်းနေမှာပါ။

နာပိုလီကတော့ ပထမအကျော့ အဝေးကွင်းမှာ ကစားခဲ့စဉ်ကတည်းက အဝေးဂိုးတစ်ဂိုးနဲ့ အနိုင်ရခဲ့တာဖြစ်လို့ အင်တာထက် တစ်ပန်းသာနေမှာပါ။ နာပိုလီက ဒီပွဲမတိုင်ခင် အိမ်ကွင်းမှာ ဂျုဗီနဲ့လာဇီယိုတို့ကို အနိုင်ရထားခဲ့ကာ ဘာစီလိုနာကို သရေရအောင် ကစားထားနိုင်ခဲ့ပါတယ်။ လက်ရှိမှာ အသင်းရဲ့အဓိကနောက်ခံလူ ကူလီဘလီကလည်း ဒဏ်ရာကနေ သက်သာနေပြီဖြစ်လို့ ခံစစ်ပိုင်းလည်း တောင့်တင်းနေမှာပါ။ ပထမအကျော့ရလဒ်ကိုပဲ ထိန်းသိမ်းကစားသွားဖွယ် ရှိနေပါတယ်။

အင်တာကတော့ နာပိုလီနဲ့ ပြောင်းပြန်ဖြစ်ပြီး သူတို့နောက်ဆုံးကစားခဲ့တဲ့ အဝေးကွင်း(၅)ပွဲမှာ ဂျုဗီနဲ့လာဇီယိုတို့ကို အရေးနိမ့်ခဲ့ကာ လက်ချီလို အသင်းမျိုးကိုတောင် သရေကျထားခဲ့ပါသေးတယ်။ ဒါပေမယ့် အင်တာဟာ စီးရီးအေချန်ပီယံဖြစ်ဖို့ မလွယ်ကူတော့တဲ့အတွက် ကိုပါအီတလီယာဖလားကို အာရုံစိုက်လာနိုင်ကာ လက်ရှိ အသင်းမှာလည်း ဒဏ်ရာနဲ့ပွဲပယ် ကင်းစင်လို့နေပါတယ်။ ဒါ့အပြင် အင်တာဟာ ဇန်နဝါရီလတုန်းက ကစားခဲ့တဲ့ စီးရီးအေပွဲစဉ်မှာလည်း နာပိုလီကို အဝေးကွင်းမှာ အနိုင်ရထားခဲ့ပါတယ်။

ဖေဖော်ဝါရီလတုန်းက ကစားသွားခဲ့တဲဲ့ ကိုပါအီတလီယာ ဆီမီးဖိုင်နယ်မှာ နာပိုလီတို့က ဖာဘီယန်ရုဇ်ရဲ့ တစ်လုံးတည်းသောသွင်းဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်လို့ ဒီပွဲမှာ အင်တာတို့ ပိုပြီးရုန်းကန်ရမှာဖြစ်ပါတယ်။ နာပိုလီရော အင်တာရောပါ ကိုပါအမေရိကဖလား ဖိုင်နယ်အဆင့်ကို မတတ်ရောက်နိုင်ခဲ့တာဟာ အနည်းဆုံး(၆)နှစ်လောက်တောင် ရှိနေပြီဖြစ်တာကြောင့် ဖိုင်နယ်ရောက်ရှိဖို့အတွက် ရေကုန်ရေခမ်း ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။ အင်တာရလဒ်ကောင်းနိုင်ပေမယ့် ဖိုင်နယ်ကိုတော့ နာပိုလီကပဲ တတ်ရောက်သွားနိုင်ပါတယ်။