တစ်ချိန်တုန်းက ကမ္ဘာ့ဘောလုံးဇတ်ခုံပေါ်မှာ လျှမ်းလျှမ်းတောက် ကျော်ကြား အောင်မြင်နေခဲ့တဲ့ အာဂျင်တီးနား ကစားသမားကြီး ဒီယေဂိုမာရာဒိုနာကို ဘာစီလိုနာအသင်းကနေ ခေါ်ယူနိုင်ခဲ့တဲ့ နာပိုလီအသင်းဟာ မာရာဒိုနာ ရောက်ရှိလာပြီးနောက်မှာ အသင်းက အောင်မြင်မှုတွေ အလီလီ ရရှိခဲ့သလို အသင်းရဲ့ ဂုဏ်သတင်းဟာလည်း ပိုမိုကျော်ဇောလာခဲ့တာကြောင့် လက်ရှိဈေးကွက်ထဲမှာလည်း မာရာဒိုနာ icon player တစ်ဦး goat တစ်ဦးဖြစ်တဲ့ ခရစ္စတီယာနိုရော်နယ်လ်ဒိုကို ခေါ်ယူသွားချင်နေပါတယ်။

Ronaldo remains silent on Manchester United but manages response to one story on future

Photo Credit : Football365

ပေါ်တူဂီထိပ်တန်း စူပါစတားကြီး ရော်နယ်လ်ဒိုဟာ ဒီနှစ် နွေဈေးကွက်အတွင်းမှာ လက်ရှိကလပ် မန်ချက်စတာယူနိုက်တက်အသင်းကနေ ထွက်ခွာသွားချင်နေပြီး ရာသီမစတင်ခင် ရာသီကြို လေ့ကျင့်ခန်းတွေမှာရော ခြေစမ်းပွဲတွေမှာပါ အသင်းနဲ့ မပူးပေါင်းခဲ့တဲ့အပြင် ဗယ်လက်ကာနိုအသင်းနဲ့ ကစားခဲ့တဲ့ ခြေစမ်းပွဲမှာလည်း ပထမပိုင်းသာ ပါဝင်ခဲ့သလို ပွဲမပြီးဆုံးခင်မှာပဲ အိုးထရက်ဖို့ဒ်ကွင်းထဲကနေ စောစီးစွာ ထွက်ခွာသွားခဲ့ပါတယ်။ ဒီအခြေအနေတွေ နောက်ပိုင်းမှာ ရော်နယ်လ်ဒိုရဲ့ အေးဂျင့်ဖြစ်သူ ဂျော့မန်ဒက်စ်က သူရဲ့ကစားသမား မန်ယူနိုက်တက်အသင်းက ထွက်ခွာရဖို့နဲ့ အသင်းသစ် တစ်သင်းသင်းကို ပြောင်ရွှေ့ခွင့်ရဖို့အတွက် ဘာမဆို လုပ်ဆောင်သွားမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

Cristiano Ronaldo offered to a THIRD club rival as Jorge Mendes gives Napoli chance to sign Utd star in shock transfer

Photo Credit : The Sun

စူပါအေးဂျင့် မန်ဒက်စ်အနေနဲ့ ရော်နယ်လ်ဒိုအတွက် ဘိုင်ယန်မြူးနစ် ချယ်လ်ဆီး ပီအက်စ်ဂျီ ဘာစီလိုနာ အသက်လက်တီကိုတို့လို ကလပ်အသင်းတွေနဲ့ ဆက်သွယ်ခဲ့သလို အပြောင်းအရွှေ့ ဖြစ်ပေါ်လာဖို့အတွက်လည်း ကြိုးပမ်းလုပ်ဆောင်ခဲ့ပေမယ့် လက်ရှိအချိန်ထိ ဘယ်အသင်းမှ အဆင်မပြေနိုင်ခဲ့ပဲ ဖြစ်နေရပါတယ်။ ကလပ်အသင်းတိုင်းက ရော်နယ်လ်ဒိုလို goat ကြီး တစ်ဦးကို သေချာပေါက် ခေါ်ယူချင်မှာ ဖြစ်ပေမယ့်လည်း ရော်နယ်လ်ဒိုရဲ့ မြင့်မားတဲ့ လစာပမာဏကြောင့် ခေါ်ယူနိုင်ဖို့က ခက်ခဲနေရတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလို icon player တစ်ဦးကို အရ ခေါ်ယူချင်နေတဲ့ အသင်းတွေထဲမှာတော့ အီတလီနိုင်ငံ နေပယ်မြို့ အခြေစိုက် နာပိုလီအသင်းလည်း ပါဝင်နေပြီး တစ်ချိန်က အသင်းအတွက် တကယ့်ကို biggest signing ဖြစ်ခဲ့တဲ့ မာရာဒိုနာလိုမျိုး နောက်ထပ် ကြီးမားတဲ့ အပြောင်းအရွှေ့တစ်ခုကို လုပ်ဆောင်သွားချင်နေပါတယ်။ ဒါပေမယ့် ရော်နယ်လ်ဒိုရဲ့ လစာက နာပိုလီအတွက် အကြီးမားဆုံး ပြသာနာတစ်ခု ဖြစ်နေနိုင်တယ် ဆိုပေမယ့်လည်း နာပိုလီက လာမယ့်ရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိထားမှုနဲ့ အသင်းကို သူရောက်လာချိန်မှာ အသင်းက နှစ်ပေါင်းများစွာ အလှမ်းဝေးနေရတဲ့ စီးရီးအေချန်ပီယံဆုအတွက် ပြန်လည် စိန်ခေါ်နိုင်မယ့် အခြေအနေမျိုးပါ ဖြစ်လာနိုင်တာကြောင့် နာပိုလီက ရော်နယ်လ်ဒိုအတွက် option တစ်ခု ဖြစ်လာနိုင်ပါတယ်။