MySport Myanmar

ကူလီဘလီကိုသာ ရောင်းချရင် သူလည်း ထွက်ခွာသွားမယ်လို့ စပယ်လက်တီ ခြိမ်းခြောက်

နာပိုလီအသင်းရဲ့ ဝါရင့်နည်းပြကြီး လူစီယာနိုစပယ်လက်တီက အသင်းရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်တဲ့ ဆီနီဂေါနောက်ခံကစားသမား ကူလီဘလီကို အသင်းတစ်သင်းသင်းဆီကိုသာ ရောင်းထုတ်လိုက်မယ်ဆိုရင် သူလည်း အသင်းကနေ နုတ်ထွက်သွားရလိမ့်မယ်လို့ ထုတ်ဖော်ပြောဆိုထားခဲ့ကြောင်း အီတလီမီဒီယာတွေကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : The Sun

အသက်(၃၀)အရွှယ် ဆီနီဂေါလက်ရွေးစင် ထိပ်တန်းနောက်ခံကစားသမား ကူလီဘလီဟာ လာမယ့် ၂၀၂၃ခုနှစ်မှာ နာပိုလီအသင်းနဲ့ စာချုပ်သက်တမ်းက ကုန်ဆုံးရတော့မှာဖြစ်ပြီး နာပိုလီဘက်က ကူလီဘလီကို စာချုပ်သက်တမ်း တိုးမြှင့်သွားချင်ပေမယ့်လည်း ကူဘီဘလီရဲ့ လက်ရှိ လုပ်ခလစာကို လျှော့ချထားတဲ့ ကမ်းလှမ်းမှုမျိုး ဖြစ်နေတဲ့အတွက် ကူလီဘလီဘက်က လက်မခံနိုင်သလို အသင်းပြောင်းဖို့ကိုသာ ဆန္ဒရှိလာခဲ့ရပါတယ်။ ဒီလို အခြေအနေမျိုးနဲ့ ရင်ဆိုင်နေရတဲ့ ကူလီဘလီကို ဘာစီလိုနာနဲ့ ချယ်လ်ဆီးအသင်းတွေကနေ ခေါ်ယူသွားချင်နေကြပြီး နာပိုလီနည်းပြ စပယ်လက်တီကတော့ ကူလီဘလီလို အသင်းအတွက် အရေးပါတဲ့ ကစားသမားမျိုးကို အသင်းကနေ လက်လွတ်မသွားချင်နေတာ ဖြစ်ပါတယ်။

Photo Credit : Daily Mail

မာကြောတဲ့ ခံစစ်ကစားသမားတစ်ဦးဖြစ်တဲ့ ကူလီဘလီကို ယခင်နွေဈေးကွက်ကတည်းက ကလပ်အသင်းများစွာကနေ ခေါ်ယူချင်ခဲ့ကြပေမယ့်လည်း နာပိုလီဘက်က ရောင်းထုတ်ဖို့ ငြင်းဆန်ခဲ့တာကြောင့် ကူလီဘလီက နာပိုလီမှာသာ ဆက်ရှိနေခဲ့ရပေမယ့် လက်ရှိမှာတော့ အသင်းနဲ့ စာချုပ်သပ်တမ်း တစ်နှစ်သာ ကျန်ရှိနေတော့သလို ကစားသမားဘက်ကလည်း အသင်းနဲ့ သက်တမ်းတိုးဖို့ ဆန္ဒမရှိတော့တာကြောင့် အလွတ်ပြောင်းရွှေ့ကြေးနဲ့ အဆုံးရှုံးမခံရခင် အခု နွေဈေးကွက်ထဲမှာ cut-price တန်ကြေးနဲ့ ရောင်းထုတ်ချင်နေတာ ဖြစ်ပါတယ်။ ဒီအချိန်မှာ နည်းပြစပယ်လက်တီက သူရဲ့ key player တစ်ဦးကို ရောင်းထုတ်မယ်ဆိုရင် သူကိုုယ်တိုင်လည်း အသင်းနဲ့ လက်တွဲဖြုတ်သွားမှာလို့ နာပိုလီဘက်ကို သတိပေးထားခဲ့တဲ့အတွက် ဒီကိစ္စက နာပိုလီအသင်း တာဝန်ရှိသူတွေကို ခေါင်းခဲသွားစေနိုင်ပါတယ်။ လတ်တလောမှာတော့ ကူလီဘလီကို ဘာစီလိုနာနဲ့ ချယ်လ်ဆီးအသင်းကနေ အလိုရှိနေကြပြီး ချယ်လ်ဆီးဘက်ကတော့ ကူလီဘလီအတွက် တစ်နှစ်လုပ်ခ ပေါင်(၈.၅)သန်းအထိ ပေးချေချင်နေပေမယ့် ပြောင်းရွှေ့ကြေးအတွက် နာပိုလီက ပေါင်(၃၄)သန်း တောင်းဆိုထားခဲ့တယ်လို့ သိရပါတယ်။

Exit mobile version