ရိုးမားအသင်းနဲ့ လာဇီယိုအသင်းတို့ရဲ့ရောမဒါဘီအားပြိုင်ပွဲပြီးရင် ဒီတစ်ပတ်မှာ စိတ်လှုပ်စရားအကောင်းဆုံး နောက်ထပ်စီးရီးအေပွဲစဉ်အဖြစ် အမှတ်ပေးဇယားထိပ်ဆုံးနေရာက ဂျုဗင်တပ်စ်အသင်းနဲ့ ဒီနောက်ပိုင်းမှာ ရလဒ်တွေ တောက်လျှောက်ဆိုးရွှားလို့နေရတဲ့ နာပိုလီအသင်းတို့ရဲ့ စီးရီးအေပွဲစဉ်(၂၁)ပွဲစဉ်မှာတော့ အိမ်ရှင်နာပိုလီအသင်းက ၂ဂိုး၁ဂိုးနဲ့ အနိုင်ယူကာ ပထမအကျော့ရှံးကြွေးကို ပြန်ဆပ်နိုင်ခဲ့ပါတယ်။

ပထမအကျော့ တွေ့ဆုံခဲ့စဉ်တုန်းက နှစ်သင်းကြားမှာ သွင်းယူခဲ့ကြတဲ့ သွင်းဂိုးပမာဏက ရဂိုးအထိကို ရှိခဲ့တဲ့အထိ ဂိုးတွေမြူးခဲ့ကြတာမို့ ဒီတစ်ခေါက် နာပိုလီအိမ်ကွင်းမှာ ပြန်လည်တွေ့ဆုံမယ့်ပွဲမှာလည်း ပထမအကျော့ကလို အကြိတ်အနယ်ရှိနေဦးမယ်လို့ ပရိသတ်တွေဘက်ကနေ ယူဆထားခဲ့တာဖြစ်ပေမယ့် ပထမပိုင်းမှာတော့ သွင်းဂိုးတွေ မမြင်တွေ့ခဲ့ရသလို စိတ်လှုပ်ရှားစရာရင်ခုန်စရာကောင်းတဲ့ ဂိုးပေါက်ခြိမ်းခြောက်မှုတွေကလည်း နည်းပါးခဲ့ပါတယ်။ နှစ်သင်းလုံးကတော့ ၄-၃-၃ ကစားကွက်တွေနဲ့သာ ပွဲထွက်လာကြသလို အိမ်ရှင်ဘက်မှာ အစ်ဆစ်ဂနီ မီလစ် ကယ်လီဟွန် ဇီလင်စကီး မာနိုလက်စ် ရူအီ အစရှိတဲ့ အမာခံကစားသမားတွေ ပါဝင်ထားသလို ဂျုဗင်တပ်စ်ဘက်မှာလည်း ဂိုးမြူးနေတဲ့ ရော်နယ်ဒို ဒီဘားလား ဟီဂွာအင် ဘန်တာကာ ဆန်ဒရို ဒီလစ် ပီယာနစ် မာတွီဒီ ဘနူချီ ကွာဒရာဒို ရှက်ဇ်နီတို့ ပါဝင်ခဲ့ပါတယ်။ နှစ်သင်းလုံး ပထမပိုင်းမှာ သိပ်ကွာဟချက်မရှိလှပဲ အိမ်ရှင်က ထိုးဖောက်မှုပိုင်းတွေမှာတော့ ပိုသာလွန်ခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှုမှာတော့ ဂျုဗင်တပ်စ်က မဆိုသလောက် သာနေခဲ့ပါတယ်။

ဒုတိယပိုင်းပြန်စချိန်မှာတော့ ပထမပိုင်းကတည်းက ဒဏ်ရာကြောင့်အခြေအနေသိပ်မဟန်တော့တဲ့ ကွင်းလယ်လူပီယာနစ်နေရာမှာ ရာဘီအော့နဲ့ လူစားလဲခဲ့ပေမယ့် ဂျုဗင်တပ်စ်ကစားပုံက သိသိသာသာ ကောင်းမွန်လာခြင်းမရှိပဲ အသင်းရဲ့ပထမဆုံးသော ဂိုးပေါက်တည့်ကန်ချက်ဖြစ်တဲ့ ဟီဂွာအင်ကန်သွင်းမှုကိုလည်း မီရက်က ကာကွယ်နိုင်ခဲ့ပါတယ်။ ၆၃မိနစ်မှာတော့ အင်ဆစ်ဂနီရဲ့ အဝေးကန်ချက်ကို ရှက်ဇ်နီ ပုတ်ထုတ်ကာကွယ်ခဲ့ရာ ပြန်ထွက်လာတာကို ဇီလင်စကီးက အနီးကပ်ပိတ်သွင်းယူပြီး နာပိုလီအတွက် ဦးဆောင်ဂိုးဖြစ်စေခဲ့ပါတယ်။ ပွဲချိန်၈၆မိနစ်မှာလည်း တစ်ပွဲလုံးခြေစွမ်းပြနေတဲ့ အသင်းခေါင်းဆောင် အစ်ဆီဂနီက ဒုတိယမြောက်သွင်းဂိုးကို သွင်းယူနိုင်ခဲ့ပြန်ပါတယ်။ ဂျုဗင်တပ်စ်အသင်းတွက် တစ်လုံးတည်းသော ချေပဂိုးကိုတော့ ရော်နယ်ဒိုက မိနစ်၉၀မှာ သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

(Zawgyi)

စီးရီးေအ(၃)ပြဲဆက္ ရွံးနိမ့္ထားတဲ႔ နာပုိလီ အိမ္ကြင္းမွာ ဂ်ဳဗီကုိ ရွံးေၾကြးျပန္ဆပ္ခဲ႔

ရုိးမားအသင္းနဲ႔ လာဇီယုိအသင္းတုိ႔ရဲ႕ေရာမဒါဘီအားၿပိဳင္ပြဲၿပီးရင္ ဒီတစ္ပတ္မွာ စိတ္လႈပ္စရားအေကာင္းဆုံး ေနာက္ထပ္စီးရီးေအပြဲစဥ္အျဖစ္ အမွတ္ေပးဇယားထိပ္ဆုံးေနရာက ဂ်ဳဗင္တပ္စ္အသင္းနဲ႔ ဒီေနာက္ပုိင္းမွာ ရလဒ္ေတြ ေတာက္ေလွ်ာက္ဆုိးရႊားလုိ႔ေနရတဲ႔ နာပုိလီအသင္းတုိ႔ရဲ႕ စီးရီးေအပြဲစဥ္(၂၁)ပြဲစဥ္မွာေတာ့ အိမ္ရွင္နာပုိလီအသင္းက ၂ဂုိး၁ဂုိးနဲ႔ အႏုိင္ယူကာ ပထမအေက်ာ့ရွံးေၾကြးကုိ ျပန္ဆပ္ႏုိင္ခဲ႔ပါတယ္။

ပထမအေက်ာ့ ေတြ႕ဆုံခဲ႔စဥ္တုန္းက ႏွစ္သင္းၾကားမွာ သြင္းယူခဲ႔ၾကတဲ႔ သြင္းဂုိးပမာဏက ၇ဂုိးအထိကုိ ရွိခဲ႔တဲ႔အထိ ဂုိးေတြျမဴးခဲ႔ၾကတာမို႔ ဒီတစ္ေခါက္ နာပုိလီအိမ္ကြင္းမွာ ျပန္လည္ေတြ႕ဆုံမယ့္ပြဲမွာလည္း ပထမအေက်ာ့ကလုိ အႀကိတ္အနယ္ရွိေနဦးမယ္လုိ႔ ပရိသတ္ေတြဘက္ကေန ယူဆထားခဲ႔တာျဖစ္ေပမယ့္ ပထမပုိင္းမွာေတာ့ သြင္းဂုိးေတြ မျမင္ေတြ႕ခဲ႔ရသလုိ စိတ္လႈပ္ရွားစရာရင္ခုန္စရာေကာင္းတဲ႔ ဂုိးေပါက္ၿခိမ္းေျခာက္မႈေတြကလည္း နည္းပါးခဲ႔ပါတယ္။ ႏွစ္သင္းလုံးကေတာ့ ၄-၃-၃ ကစားကြက္ေတြနဲ႔သာ ပြဲထြက္လာၾကသလုိ အိမ္ရွင္ဘက္မွာ အစ္ဆစ္ဂနီ မီလစ္ ကယ္လီဟြန္ ဇီလင္စကီး မာနုိလက္စ္ ရူအီ အစရွိတဲ႔ အမာခံကစားသမားေတြ ပါဝင္ထားသလုိ ဂ်ဳဗင္တပ္စ္ဘက္မွာလည္း ဂုိးျမဴးေနတဲ႔ ေရာ္နယ္ဒုိ ဒီဘားလား ဟီဂြာအင္ ဘန္တာကာ ဆန္ဒရို ဒီလစ္ ပီယာနစ္ မာတြီဒီ ဘႏူခ်ီ ကြာဒရာဒုိ ရွက္ဇ္နီတုိ႔ ပါဝင္ခဲ႔ပါတယ္။ ႏွစ္သင္းလုံး ပထမပုိင္းမွာ သိပ္ကြာဟခ်က္မရွိလွပဲ အိမ္ရွင္က ထုိးေဖာက္မႈပုိင္းေတြမွာေတာ့ ပုိသာလြန္ခဲ႔ၿပီး ေဘာလုံးပုိင္ဆုိင္မႈမွာေတာ့ ဂ်ဳဗင္တပ္စ္က မဆုိသေလာက္ သာေနခဲ႔ပါတယ္။

ဒုတိယပုိင္းျပန္စခ်ိန္မွာေတာ့ ပထမပုိင္းကတည္းက ဒဏ္ရာေၾကာင့္အေျခအေနသိပ္မဟန္ေတာ့တဲ႔ ကြင္းလယ္လူပီယာနစ္ေနရာမွာ ရာဘီေအာ့နဲ႔ လူစားလဲခဲ႔ေပမယ့္ ဂ်ဳဗင္တပ္စ္ကစားပုံက သိသိသာသာ ေကာင္းမြန္လာျခင္းမရွိပဲ အသင္းရဲ႕ပထမဆုံးေသာ ဂုိးေပါက္တည့္ကန္ခ်က္ျဖစ္တဲ႔ ဟီဂြာအင္ကန္သြင္းမႈကုိလည္း မီရက္က ကာကြယ္ႏုိင္ခဲ႔ပါတယ္။ ၆၃မိနစ္မွာေတာ့ အင္ဆစ္ဂနီရဲ႕ အေဝးကန္ခ်က္ကုိ ရွက္ဇ္နီ ပုတ္ထုတ္ကာကြယ္ခဲ႔ရာ ျပန္ထြက္လာတာကုိ ဇီလင္စကီးက အနီးကပ္ပိတ္သြင္းယူၿပီး နာပုိလီအတြက္ ဦးေဆာင္ဂုိးျဖစ္ေစခဲ႔ပါတယ္။ ပြဲခ်ိန္၈၆မိနစ္မွာလည္း တစ္ပြဲလုံးေျခစြမ္းျပေနတဲ႔ အသင္းေခါင္းေဆာင္ အစ္ဆီဂနီက ဒုတိယေျမာက္သြင္းဂုိးကုိ သြင္းယူႏုိင္ခဲ႔ျပန္ပါတယ္။ ဂ်ဳဗင္တပ္စ္အသင္းတြက္ တစ္လုံးတည္းေသာ ေခ်ပဂုိးကုိေတာ့ ေရာ္နယ္ဒိုက မိနစ္၉၀မွာ သြင္းယူေပးခဲ႔တာျဖစ္ပါတယ္။