အီရန်-အမေရိကန် ဘီလီယံနာ တဦး ဖြစ်သူ ဂျာဟမ် နာဂျာဖီက ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ စပါးအသင်းကို ဝယ်ယူရန် ပြင်ဆင်နေကြောင်း စီးပွားရေးသတင်းတွေနဲ့ ပတ်သတ်ရင် ယုံကြည် စိတ်ချရတဲ့ သတင်းဌာန တခု ဖြစ်တဲ့ Financial Times သတင်းဌာနက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

အသက် ၆၀ အရွယ် အီရန်လူမျိုး ဘီလီယံနာ နာဂျာဖီက စုစုပေါင်း ပေါင် ၃.၅ ဘီလီယံ ဝန်းကျင် ကြွယ်ဝ ချမ်းသာသူ ဖြစ်ပြီး သူက အာရှနွယ်ဖွား စီးပွားရေးသမားတွေထဲမှာ အတော်လေး ထင်ရှားတဲ့ ပုဂ္ဂိုလ်တဦးပဲ ဖြစ်ပါတယ်။

Photo Credit: The Sun

တဖက်မှာတော့ ပရီးမီးယားလိဂ် နာမည်ကြီးကလပ် စပါးက ကွင်းသစ်ဖြစ်တဲ့ တော့တင်ဟမ် ဟော့စပါးကွင်းကို ပေါင် ၁ဘီလီယံကျော် အကုန်အကျခံကာ တည်ဆောက်ခဲ့ပြီးနောက် အသင်းပိုင်ရှင် ဂျိုး လီဝစ်က စပါးကို ပြန်လည် ရောင်းချဖို့ စီစဉ်နေပြီး စပါးဥက္ကဌ လီဗိုင်းက စပါးအတွက် ဝယ်လက်ကို စတင် ရှာဖွေနေပါတယ်။

Financial Times သတင်းဌာနရဲ့ ဖော်ပြချက်အရ ဂျာဟမ် နာဂျာဖီက စပါးကို ဝယ်ယူဖို့ အတွက် စတင် ပြင်ဆင်နေပြီး စပါးအတွက် ပထမဦးဆုံး တရားဝင် ကမ်းလှမ်းမှု အဖြစ် ပေါင် ၃.၅ ဘီလီယံနာနဲ့ ကမ်းလှမ်းဖို့ စီစဉ်ထားကာ နာဂျာဖီဟာ အနိမ့်ဆုံး စပါးရဲ့ ရှယ်ယာ ၇၀ ရာခိုင်နှုန်းကို ဝယ်ယူရန် ဆုံးဖြတ်ထားကြောင်း သိရပါတယ်။

Photo Credit: The Sun

ဒါပေမယ့် စပါးရဲ့ ရှယ်ယာ ၈၅.၅၅ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားတဲ့ Enic Groupရဲ့ ပိုင်ရှင် ဂျိုး လီဝစ်က စပါးကို ပေါင် ၄.၅ ဘီလီယံ ဝန်းကျင် ရမှသာ ရောင်းချဖို့ ဆုံးဖြတ်ထားတာကြောင့် နာဂျီဖီဟာ စပါးကို ဝယ်ယူချင်ရင် သူ့ရဲ့ ကမ်းလှမ်းမှုကို ထပ်မံ တိုးမြှင့်ရဖွယ် ရှိကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Daily Mail သတင်းဌာနက ဖော်ပြထားပါတယ်။