MySport Myanmar

အသင်းဟောင်း ရီးယဲလ်ဆီကို ပြန်သွားတော့မှာ မဟုတ်ကြောင်း နာချို ဖွင့်ဟ

စပိန် ဝါရင့် နောက်ခံကစားသမားကြီး နာချို ဖာနန်ဒက်ဇ်က လက်ရှိမှာ ခံစစ်ပိုင်းက ကစားသမား အများအပြား ဒဏ်ရာ ပြဿနာတွေနဲ့ ရင်ဆိုင်နေရတဲ့ သူ့အသင်းဟောင်း ရီးယဲလ် မက်ဒရစ်အသင်းဆီကို ပြန်သွားမှာ မဟုတ်ကြောင်း ဖွင့်ဟ ပြောကြားလာခဲ့ပါတယ်။

လက်ရှိ ရီးယဲလ်အသင်းရဲ့ ခံစစ်ကစားသမားတွေထဲမှာ မီလီတာအို ကာဗာဟယ်လ်နဲ့ အလာဘာတို့လို အဓိက ကစားသမားတွေ ဒဏ်ရာတွေ ရရှိနေကြသလို အသင်းမှာလည်း အားထားရတဲ့ ကစားသမား အများစုဟာလည်း ဒဏ်ရာ ပြဿနာတွေကြောင့် အနားယူနေရပါတယ်။

Photo Credit : Planeta Real Madrid

ဒီအခြေအနေတွေကြောင့် ရီးယဲလ်က ခံစစ်ကစားသမား တစ်ဦးကို ခေါ်ယူသွားဖို့ အစီအစဉ် ရှိနေသလို ကစားသမားဟောင်းတွေဖြစ်တဲ့ ဆာဂျီယို ရာမို့စ်နဲ့ နာချိုတို့ကလည်း ရီးယဲလ်အသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေ အဆက်မပြတ် ထွက်ပေါ်လျက် ရှိနေပါတယ်။ ဒါပေမယ့် ရီးယဲလ်ကတော့ သူတို့အသင်းခေါင်းဆောင်ဟောင်း ရာမို့စ်ကို ပြန်ခေါ်ဖို့တော့ ဆန္ဒမရှိဘဲ ဖြစ်နေပါတယ်။

ရာမို့စ်နဲ့အတူ ဒီနွေမှ အသင်းကနေ ထွက်ခွာသွားတဲ့ နာချိုကလည်း သူ့အသင်းဟောင်းနဲ့ အပြောင်းအရွှေ့ သတင်းတွေ ထွက်ပေါ်နေပေမယ့် ဒီကိစ္စအပေါ် နာချိုက ရှင်းလင်း ပြောဆိုလာခဲ့ပါတယ်။ “ကျွန်တော် အဲ့ဒါကို တွေးတောင် မတွေးပါဘူး။ ဒါဟာ ကျွန်တော့်အတွက် အလွန် ရှင်းလင်းတဲ့ ဆုံးဖြတ်ချက်တစ်ခုပါပဲ။”

Photo Credit : Goal

“ကျွန်တော်က ဘောလုံးရာသီတိုင်းမှာ အရေးပါတာကြောင့် တစ်ရာသီထဲ ပွဲပေါင်း (၃၀) (၄၀) (၅၀)လောက် ကစားရမယ်ဆိုတာလည်း သိပါတယ်။ နောက်ဆုံးရာသီကို ကြည့်လိုက်မယ်ဆိုရင်လည်း ဒါကို မြင်တွေ့နိုင်ပါတယ်။ ဒါပေမယ့် ဒါကလည်း ကျွန်တော့်စိတ်ကို ပြောင်းလဲစေမှာတော့ မဟုတ်ဘူး။ အသင်းဘက်ကနေ ခေါ်လာမယ်ဆိုရင်တောင် ကျွန်တော် ဒီမှာ ပျော်ရွှင်နေပါပြီ။”

“ကျွန်တော့်ကို ခေါ်ယူထားတဲ့ ကျွန်တော့်အသင်းသစ်ကလည်း ကျေးဇူးတင်စရာ အများကြီး ရှိပါတယ်။” လို့ ရှင်းလင်း ပြောဆိုလိုက်ပါတယ်။ အသက် (၃၄)နှစ်အရွယ် ဝါရင့် နောက်ခံကစားသမားကြီး နာချိုဟာ ဒီနွေမှာပဲ ရီးယဲလ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားလို့ ဆော်ဒီကလပ် အယ်လ်ကတ်ဆီယာအသင်းဆီ ပြောင်းရွှေ့သွားခဲ့ပါတယ်။

Exit mobile version