ရီးရဲလ်အသင်းရဲ့ နောက်ခံ ကစားသမား နာချိုဟာ ကိုရိုနာ ဗိုင်းရပ် ရောဂါကြောင့် စပိန်နိုင်ငံက မိသားစုဝင် တစ်ဦး သေဆုံးခဲ့ပြီး ကြေကွဲဝမ်းနည်းနေတယ်လို့ TheSun က ဖော်ပြခဲ့ပါတယ်။ စပိန်နိုင်ငံဟာ ကမ္ဘာတစ်ဝှမ်းက နိုင်ငံတွေထဲမှာ ကိုရိုနာဗိုင်းရပ် ရောဂါ ဖြစ်ပွားမှု အမြန်ဆန်ဆုံးနိုင်ငံ ဖြစ်နေပြီး သေဆုံးသူ (၁ ထောင်ကျော်) ခန့် ရှိနေပြီလို့ TheSun က ဖော်ပြသွားပါတယ်။ ရီးရဲလ် နောက်ခံလူ ဆန်ချိုဟာ စပိန်နိုင်ငံမှာ နေထိုင်နေပြီး အသက် (၂၇) နှစ်အရွယ် သူ့ရဲ့ ညီ အဲလက်စ်က သူတို့ရဲ့ မိသားစုဝင် တစ်ဦး သေဆုံးသွားပြီ ဖြစ်တယ်လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

Photo Credit: TheSun

ဆန်ချိုရဲ့ ညီဖြစ်သူ အဲလက်စ် ဖာနန်ဒက်စ်ဟာ လက်ရှိမှာ ကာဒစ် (Cadiz) အသင်းအတွက် ကစားနေပြီး အရင်က ရီးရဲလ်မက်ဒရစ်အသင်းမှာ (၃) ရာသီကြာ ကစားခဲ့ဖူးတာ ဖြစ်ပါတယ်။ ကွင်းလယ်လူ အဲလက်စ် ဖာနန်ဒက်စ်ဟာ ရီးရဲလ်မက်ဒရစ်အသင်းမှာ (၂၀၁၀-၁၁) ခုနှစ်ကနေ (၂၀၁၂-၁၃) ခုနှစ်အထိ ကစားခဲ့ရပေမဲ့လည်း ပြိုင်ပွဲစုံ (၂) ပွဲသာ ကစားခဲ့ရတာ ဖြစ်ပါတယ်။ အဲလက်စ် ဖာနန်ဒက်စ်ဟာ နာချိုနဲ့ အသက် (၃) နှစ် ကွာပြီး ကိုရိုနာ ဗိုင်းရပ် ရောဂါကြောင့် မိသားစုဝင် သေဆုံးသွားတဲ့ အကြောင်းကို Diario De Cadiz သတင်းမှာ ပြောပြသွားပါတယ်။

Photo Credit: TheSun

အဲလက်စ် ဖာနန်ဒက်စ်က “အခြားသူလိုပဲ ကျွန်တော် ဒီလို အခြေအနေကို ဖြတ်သန်းနေရပြီ။ ဒါက ထူးခြားတဲ့ အခြေအနေပါ။ တကယ် ထူးခြားလွန်းပါတယ်။ ဒါပေမဲ့ ကျွန်တော် ဒါတွေကို မိသားစုဝင်တွေနဲ့ အတူ အကောင်းဆုံး ကျော်ဖြတ်မှာပါ။ မက်ဒရစ်မြို့မှာ မိသားစုဝင်တွေ ရောဂါ ကူးစက်ခံရနေပြီး သက်ကြီးပိုင်တွေ သေဆုံးကြပါတယ်။ ကျွန်တော့်မိသားစုမှာလည်း ကြုံနေရပါပြီ။ ဒီလို အခြေအနေမျိုးကို ဖြတ်သန်းရလိမ့်မယ်လို့ ကျွန်တော် မတွေးခဲ့ဖူးပါဘူး။ ဒီလို အခြေအနေမျိုးကို ဘယ်တုန်းကမှ မပြင်ဆင်ခဲ့ပါဘူး။ ဒါဟာ စိတ်ကူးဖို့ မဖြစ်နိုင်ခဲ့ပါဘူး။ ကျွန်တော် မိသားစုဝင်တွေနဲ့ နေ့တိုင်း ထိတွေ့နေပါတယ်။ ကျွန်တေ်ာတို့ လုံခြုံကြပါတယ်။ ကျွန်တော်တို့ အိမ်ထဲမှာ (၂) ပတ်ကြာ နေကြရပါမယ်”လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။