MySport Myanmar

ကီတာရဲ့ စာချုပ်အခြေအနေကို ချယ်လ်ဆီး အာဆင်နယ် စပါးတို့က စောင့်ကြည့်နေ

လီဗာပူးလ်အသင်းရဲ့ ပရီးမီးယားလိဂ် ပြိုင်ဘက်ကလပ်အသင်းတွေဖြစ်တဲ့ ချယ်လ်ဆီး အာဆင်နယ် တော့တင်ဟမ်ဟော့စပါးအသင်းတို့ဟာ လီဗာပူးလ် ကွင်းလယ်ကစားသမားဖြစ်သူ နာဘီကီတာရဲ့ စာချုပ်အခြေအနေအပေါ် စောင့်ကြည့်လျက် ရှိနေတယ်လို့ 90Min ကနေ ဖော်ပြသွားခဲ့ပါတယ်။

Photo Credit : The Athletic

ဂီနီလက်ရွေးစင် ကွင်းလယ်ကစားသမား ကီတာဟာ ၂၀၁၈ခုနှစ်ကမှ လိုက်ပ်ဇစ်ကနေ လီဗာပူးလ်အသင်းဆီကို ရောက်ရှိလာခဲ့တာဖြစ်ပြီး ဒီနှစ်ဘောလုံးရာသီအတွင်းမှာ လီဗာပူးလ်အတွက် (၅)မိနစ်ခန့်လေးသာ ကစားထားခဲ့ရကာ လက်ရှိမှာလည်း တံကောက်ကြောဒဏ်ရာကြောင့် အနားယူနေရပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီက လီဗာပူးလ်အတွက် ပြိုင်ပွဲစုံ ပွဲပေါင်း(၄၀) ပါဝင်ကစားရင်း စွမ်းဆောင်ရည်ကောင်းတွေလည်း ပြသခဲ့တဲ့ ကီတာဟာ ဒီရာသီမှာတော့ ဒဏ်ရာကြောင့် အသင်းရဲ့ ပွဲအများစုကို လွဲချော်ထားခဲ့ရတဲ့အပြင် အသင်းကလည်း လာမယ့် ဆောင်းဈေးကွက်မှာ ကွင်းလယ်ကစားသမား ထပ်မံ ခေါ်ယူဖွယ်ပါ ရှိနေလို့ ကီတာအနေနဲ့ ဒဏ်ရာကနေ ပြန်သက်သာလာရင်တောင် နေရာပျောက်ဖွယ်သာ ရှိနေရပါတယ်။

Photo Credit : Liverpool FC

ကီတာဟာ ဒီနှစ်ဘောလုံးရာသီအကုန်မှာ သူနဲ့ လီဗာပူးလ်အသင်းတို့ကြားက ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်လို့ ကီတာရဲ့အေးဂျင့်က နွေဈေးကွက်အတွင်းမှာပဲ ကီတာရဲ့စာချုပ်ကို သက်တမ်းတိုးဖို့အတွက် လီဗာပူးလ်အသင်းဆီ တောင်းဆိုခဲ့ပေမယ့်လည်း လီဗာပူးလ်ဘက်က မလုပ်ဆောင်ခဲ့တဲ့အပေါ် ကီတာဘက်က သဘောမကျ ဖြစ်နေရပါတယ်။ ဒီအခြေအနေမှာ ကီတာရဲ့အေးဂျင့်အနေနဲ့ သူ့ကစားသမားကို ပရီးမီးယားလိဂ်အသင်းတွေအပြင် ဥရောပကလပ်အသင်းတွေက စိတ်ဝင်စားမှု ရှိနေတယ်ဆိုတာကို သိရှိထားတာကြောင့် လီဗာပူးလ်နဲ့ ကီတာတို့ကြား စာချုပ်ကိစ္စ ကြန့်ကြာနေချိန်မှာ လာမယ့် ဇန်နဝါရီမှာပဲ ကီတာကို စိတ်ဝင်စားနေတဲ့ ကလပ်အသင်းတွေနဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်ဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။ ကီတာရဲ့့ စာချုပ်ကိစ္စ အခြေအနေကိုလည်း ပရီးမီးယားလိဂ်က လန်ဒန်အခြေစိုက် ထိပ်သီးကလပ်အသင်းတွေဖြစ်တဲ့ ချယ်လ်ဆီး အာဆင်နယ် စပါးတို့က စောင့်ကြည့်လျက် ရှိနေပြီး လာမယ့်နွေမှာ အလွတ်ပြောင်းရွှေ့ကြေးတွေနဲ့ ခေါ်ယူခွင့် ရရှိဖို့အတွက် ကြိုးပမ်းလုပ်ဆောင်ဖွယ် ရှိနေပါတယ်။

Exit mobile version