MySport Myanmar

Fifa The Best ဆုအတွက် မဲပေးမှု မရှိခဲ့တဲ့ ပေါ်တူဂီ အသင်းခေါင်းဆောင် ရော်နယ်လ်ဒို

ကျင်းပ ပြီးစီးသွားပြီဖြစ်တဲ့ The Best FIFA Football Awards 2022 ဆုပေးပွဲအတွင်း အကောင်းဆုံးသော ဆုတွေကို ရွေးချယ်ရာမှာ နိုင်ငံအသင်း နည်းပြတွေ နိုင်ငံအသင်း အသင်းခေါင်းဆောင်တွေ နာမည်ကျော် ဂျာနယ်လစ်တွေနဲ့ ကမ္ဘာတစ်လွှားက ပရိသတ်တွေရဲ့ စုစုပေါင်းမဲတွေနဲ့ ရွေးချယ်ရတာ ဖြစ်ပေမဲ့လည်း ပေါ်တူဂီ အသင်းခေါင်းဆောင် ခရစ္စတီယာနိုရော်နယ်လ်ဒိုကတော့ မဲပေးခြင်း မရှိခဲ့ဘူးလို့ သိရပါတယ်။

Photo Credit : The Sun

အသက်(၃၈)နှစ်အရွယ်ရှိ ပေါ်တူဂီ စူပါစတား ကစားသမားကြီး ရော်နယ်လ်ဒိုဟာ သူ နောက်ဆုံး ပါဝင်ထားတဲ့ နိုင်ငံတကာပြိုင်ပွဲကြီးဖြစ်သော ၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူ ဆောင်ရွက်ပြီးနောက် သူရဲ့အသင်းခေါင်းဆောင် တာဝန်ကနေ အနားယူလိုက်ကြောင်းကိုပါ ထုတ်ပြန်ထားခြင်း မရှိတဲ့အတွက် The Best FIFA Football Awards မှာ မဲပေးမှုကို လုပ်ဆောင်သင့်ပေမဲ့လည်း ရော်နယ်လ်ဒိုကတော့ လုပ်ဆောင်ခြင်း မရှိခဲ့ပါဘူး။

Photo Credit : The Sun

လက်ရှိမှာ ပေါ်တူဂီနည်းပြ အပြောင်းအလဲ ဖြစ်ပေါ်ထားခဲ့ပြီး ဘယ်လ်ဂျီယံနည်းပြဟောင်း ရောဘတ်တိုမာတီနက်ဇ်က အသင်းရဲ့ အသင်းခေါင်းဆောင်နေရာအတွက် ရော်နယ်လ်ဒိုကို ဆက်လက် တာဝန်ပေးဖို့ ရှိနေပေမဲ့လည်း တရားဝင် ထုတ်ပြန်ထားခြင်း မရှိသေးတာကြောင့် အသက်(၄၀)အရွယ် ရှိနေပြီဖြစ်သော ရီးယဲလ် ကစားသမားဟောင်းကြီး ပီပီ ပေါ်တူဂီ အသင်းခေါင်းဆောင်နေရာကနေ မဲပေးမှုကို လုပ်ဆောင်ခဲ့ရာ အကောင်းဆုံး ကစားသမားဆုအတွက် မက်ဆီကို ချန်လှပ်သွားခဲ့ပြီး ပီအက်စ်ဂျီကြယ်ပွင့် ကီလီယန်အမ်ဘာပေကိုသာ မဲပေးသွားခဲ့ပါတယ်။ ပီပီက မက်ဆီကို top 3 list ထဲမှာတောင် ရွေးချယ်ထားခြင်း မရှိပဲ သူရဲ့ ရီးယဲလ်အသင်းဖော်တွေဖြစ်သော မိုဒရစ်နဲ့ ဘန်ဇီမာတို့ကိုသာ နံပါတ်(၂)နဲ့ နံပါတ်(၃)နေရာတို့မှာ ရွေးချယ်သွားခဲ့ပါတယ်။

Photo Credit : Bola

The Best FIFA Football Awards ဆုအတွက် ပေါ်တူဂီ အသင်းခေါင်းဆောင် နေရာကနေ မဲပေးမှု မပြုလုပ်ခဲ့သူ ရော်နယ်လ်ဒိုဟာ လက်ရှိမှာတော့ သူရဲ့ ဆော်ဒီကလပ် အယ်လ်နာဆာအသင်းအတွက် အကောင်းဆုံး စွမ်းဆောင်လျက် ရှိနေပြီး နောက်ဆုံး ကစားထားတဲ့ (၄)ပွဲအတွင်းမှာပဲ သွင်ဒးဂိုး (၈)ဂိုးထိ သွင်းယူထားခဲ့သလို ဂိုးဖန်တီးမှုကိုလည်း (၂)ဂိုး ပြုလုပ်ထားနိုင်ခဲ့ပါတယ်။

 

Exit mobile version