MySport Myanmar Page ကို အားပေးဖတ်ရှုနေကြတဲ့ ပရိသတ်တွေ ညီအစ်ကိုမောင်နှမများအားလုံးပဲ မင်္ဂလာပါခင်ဗျာ။ အားလုံးအတွက် မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ပါစေခင်ဗျာ။ နေ့ရက်လေးတစ်ရက်ဖြစ်ပါစေလို့လည်း ကျွန်တော်တို့ Team ကနေ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ။ ဒီနေ့မနက်ခင်းအထိ ရရှိထားခဲ့တဲ့ စိတ်ဝင်စားစရာ ဘောလုံးသတင်းအတိုအထွာလေးတွေကို ဘောလုံးချစ်သူတွေအတွက် တင်ဆက်ပေးသွားပါတော့မယ်ခင်ဗျာ။

အဲဗာတန်ကို တစ်ဂိုးစီ သရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၂၈)အတွင်းမှာ မမှားသင့်တဲ့ အမှားအယွင်းတစ်ခုကို ကျူးလွန်မိခဲ့တဲ့ ဂိုးသမားဖြစ်သူ ဒေးဗစ်ဒီဂီယာကို ယူနိုက်တက်နည်းပြဆိုးလ်ရှားက ကာကွယ်သွားခဲ့ပြီး ဒီဂီယာဟာ ဒီလိုအမှားတွေကို ကျူးလွန်တတ်ပေမယ့် ကမ္ဘာ့အကောင်းဆုံးဂိုးသမားအဖြစ် ဆက်လက်ရှိနေဆဲလို့ ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။

စပါးအသင်းနည်းပြ ဟိုဆေးမော်ရင်ဟို ဝုလ်ဗ်ကို ၂ဂိုး၃ဂိုးနဲ့ အရေးနိမ့်ခဲ့ရတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ သူတို့အသင်းသားတွေ နှစ်ကြိမ်တိုင်တိုင် ဦးဆောင်နိုင်ခဲ့တဲ့အထိ စွမ်းဆောင်ခဲ့ပေမယ့်လည်း သွင်းဂိုးတွေ ပြန်လည်ခွင့်ပြုခဲ့ပြီး အိမ်ကွင်းမှာ ရှံးနိမ့်လိုက်ရတဲ့ ရလဒ်အပေါ် မတရားဘူးလို့ ညည်းတွားပြောဆိုသွားခဲ့ပါတယ်။ စပါးအသင်းဟာ အခုဆိုရင် ပြိုင်ပွဲစုံ၃ပွဲဆက် ရှံးနိမ့်ထားခဲ့ရတာဖြစ်ပါတယ်။

လက်ရှိ ဥရောပနိုင်ငံတွေအထိပါ ပျံနှံလို့နေတဲ ကိုရိုနာဗိုင်းရပ်စ်ဂယက်ဟာ အီတလီနိုင်ငံမှာလည်း ဖြစ်ပေါ်နေတာကြောင့် ဒီတစ်ပတ်အတွင်း ကစားဖို့ရှိနေတဲ့ စီးရီးအေပွဲစဉ်တချို့ကို ရွှေ့ဆိုင်းထားခဲ့ရတဲ့အပြင် ဂျုဗင်တပ်စ် ယူ-၂၃အသင်းကလည်း ဗိုင်းရပ်စ်ကူးစက်ထားခံရတဲ့ အသင်းသားတွေနဲ့ ဘောလုံးကစားမိထားခဲ့လို့ စီနီယာအသင်းတွေ အပါအဝင် အသင်းရဲ့ လေ့ကျင့်ရေးအစီအစဉ်အားလုံးကို ဖျက်သိမ်းခဲ့ရပါတယ်။

စပါးအသင်းဟာ လာမယ့်ဘောလုံးရာသီမှာ ဂိုးသမားသစ်တစ်ယောက်ကို ခေါ်ယူဖို့အတွက် ပြင်ဆင်လျက်ရှိနေပြီး လက်ရှိမှာတော့ ဝက်ဖိုဒ့်အသင်းရဲ့ အင်္ဂလန်ဂိုးသမား ဘင်ဖော်စတာကို ခေါ်ယူဖို့အတွက် ပစ်မှတ်ထားနေတယ်လို့ သိရှိရပါတယ်။ အသက်၃၆နှစ်အရွှယ်ရှိပြီဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဂိုးသမားဟောင်းတစ်ယောက်ဖြစ်ပြီး အင်္ဂလန်လက်ရွေးစင်အသင်းအတွက်လည်း ၈ပွဲအထိ ပါဝင်ခဲ့သူဖြစ်ပါတယ်။