MySport Myanmar Page ကို အားပေးဖတ်ရှုနေကြတဲ့ ပရိသတ်တွေ ညီအစ်ကိုမောင်နှမများအားလုံးပဲ မင်္ဂလာပါခင်ဗျာ။ အားလုံးအတွက် မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ပါစေခင်ဗျာ။ နေ့ရက်လေးတစ်ရက်ဖြစ်ပါစေလို့လည်း ကျွန်တော်တို့ Team ကနေ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ။ ဒီနေ့မနက်ခင်းအထိ ရရှိထားခဲ့တဲ့ စိတ်ဝင်စားစရာ ဘောလုံးသတင်းအတိုအထွာလေးတွေကို ဘောလုံးချစ်သူတွေအတွက် တင်ဆက်ပေးသွားပါတော့မယ်ခင်ဗျာ။

Photo Credit : Getty Image

နောက်ဆုံးထွက်ပေါ်လာတဲ့ နောက်ဆက်တွဲသတင်းများအရ ပရီးမီးယားလိဂ်ရဲ့ ပွဲစဉ်များကိုလည်း ကိုရိုနာဗိုင်းရပ်စ်ပြသာနာကြောင့် အားပေးသူပရိသတ်တွေ မပါဝင်ပဲ ကွင်းပိတ်ကစားရဖွယ်ရှိနေပါတယ်။ လက်ရှိတော့ အီတလီစီးရီးအေမှာလည်း ကိုရိုနာဂယက်ကြောင့် ပွဲစဉ်တွေတော်တော်များများကို ကွင်းပိတ်ကျင်းပလျက်ရှိနေပါတယ်။

Photo Credit : Getty Image

မန်စီးတီးအသင်းရဲ့ မန်ချက်စတာဒါဘီရှံးပွဲကြောင့် အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးနေရာမှာ ရပ်တည်လို့နေတဲ့ လီဗာပူးလ်အသင်းအနေနဲ့ နောက်ထပ် လိဂ်ပွဲ၂ပွဲကို အနိုင်ရရှိလိုက်တာနဲ့တင် ၂၀၁၉-၂၀၂၀ ဘောလုံးရာသီ ပရီးမီးယားလိဂ် ချန်ပီယံဆုကို သိမ်းပိုက်နိုင်တော့မှာပဲဖြစ်ပါတယ်။

Photo Credit : Getty Image

ရီးရဲလ်မက်ဒရစ်အသင်းရဲ့ တိုက်စစ်ကစားသမား ကာရန်ဘန်ဇီမာဟာ ရီးရဲလ်ဘက်တစ်အသင်းနဲ့ လာလီဂါပွဲမှာ ၆၁၃မိနစ်အထိ ကြာမြင့်နေပြီဖြစ်တဲ့ ဂိုးပေါက်ပျောက်ဆုံးနေမှုကို အဆုံးသတ်နိုင်ခဲ့ပေမယ့် အသင်းကတော့ ရှံးပွဲတွေ့ခဲ့လို့ ဒုတိယနေရာကို ဆင်းပေးခဲ့ရပါတယ်။

Photo Credit : Getty Image

အင်တာမီလန်အသင်းကို ၂ဂိုးပြတ်နဲ့ အနိုင်ရခဲ့တဲ့ စီးရီးအေပွဲစဉ်မှာ ဂျုဗင်တပ်စ်အသင်းဘက်ကနေ ပါဝင်ကစားပေးခဲ့တဲ့ ပေါ်တူဂီတိုက်စစ်ကစားသမား ခရစ္စတီယာနိုရော်နယ်ဒိုဟာ အဲ့ဒီပွဲစဉ်က သူရဲ့စီနီယာကစားသမားဘဝတလျှောက် တရားဝင်ကစားခဲ့ရတဲ့ ဘောလုံးပွဲပေါင်းတစ်ထောင် ပြည့်မြောက်ခဲ့တဲ့ပွဲလည်း ဖြစ်လာခဲ့ရပါတယ်။