MySport Myanmar Page ကို အားပေးဖတ်ရှုနေကြတဲ့ ပရိသတ်တွေ ညီအစ်ကိုမောင်နှမများအားလုံးပဲ မင်္ဂလာပါခင်ဗျာ။ အားလုံးအတွက် မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ပါစေခင်ဗျာ။ နေ့ရက်လေးတစ်ရက်ဖြစ်ပါစေလို့လည်း ကျွန်တော်တို့ Team ကနေ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ။ ဒီနေ့မနက်ခင်းအထိ ရရှိထားခဲ့တဲ့ စိတ်ဝင်စားစရာ ဘောလုံးသတင်းအတိုအထွာလေးတွေကို ဘောလုံးချစ်သူတွေအတွက် တင်ဆက်ပေးသွားပါတော့မယ်ခင်ဗျာ။

Photo Credit : Getty Image

လူစားဝင် တိုက်စစ်ကစားသမား လာကာဇက်ရဲ့သွင်းဂိုးနဲ့ ဝက်စ်ဟမ်းယူနိုက်တက်အသင်းကို အနိုင်ရယူနိုင်ခဲ့တဲ့ အာဆင်နယ်အသင်းဟာ လက်ရှိအချိန်ထိ ၂၀၂၀ခုနှစ်အတွင်း ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ ရှုံးပွဲမရှိသေးတဲ့ တစ်သင်းတည်းသောအသင်းအဖြစ် ဆက်လက်ရပ်တည်နေနိုင်ခဲ့ပါတယ်။

Photo Credit : Getty Image

သော်ဂန်ဟာဇက် ဟာခီးမီးတို့ရဲ့ သွင်းဂိုးတွေနဲ့ မိုချန်ဂလာဘက်အသင်းကို အဝေးကွင်းမှာ ၁ဂိုး၂ဂိုးနဲ့ အနိုင်ရယူခဲ့တဲ့ ဒေါ့မွန်အသင်းဟာ လက်ရှိမှာ ဘွန်ဒက်လီဂါ အမှတ်ပေးဇယားရဲ့ အဆင့်၂အထိ တတ်လှမ်းလာခဲ့ပြီဖြစ်ကာ ထိပ်ဆုံးက ဘိုင်ယန်မြုးနစ်အသင်းနဲ့လည်း ၁မှတ်ပဲကွာဟနေပါတော့တယ်။

Photo Credit : Getty Image

ရီးရဲလ်ဆိုစီဒက်အသင်းကို မက်ဆီရဲ့ပင်နယ်တီသွင်းဂိုးနဲ့ ကပ်အနိုင်ရခဲ့တဲ့ လာလီဂါပွဲမှာ ဘာစီလိုနာနောက်ခံလူ လွန်းဂ်လတ်ဟာ အဝါကတ်ပြသခံခဲ့ရပြီး ဒီအဝါကတ်က ဒီရာသီ လာလီဂါပြိုင်ပွဲအတွင်း ပဥ္စမအဝါကတ်ဖြစ်လို့ လာမယ့်တစ်ပတ် မာယော့ကာအသင်းနဲ့ ကစားရမယ့် လာလီဂါပွဲစဉ်ကို လွဲချော်ရတော့မှာဖြစ်ပါတယ်။

Photo Credit : Getty Image

ဂိုးပေါက်ပျက်ဆုံးနေတာ မိနစ်ပေါင်း၆၃၀လောက်အထိကို ကြာမြင့်လို့နေပြီဖြစ်တဲ့ စပိန်တိုက်စစ်ကစားသမား အဲဗာရိုမိုရာတာဟာ ဆီဗီလာနဲ့ အသက်လက်တီကိုမက်ဒရစ်အသင်းတို့ ကစားသွားခဲ့တဲ့ လာလီဂါပွဲမှာ အသက်လက်တီကိုအတွက် ပင်နယ်တီသွင်းရိုးရယူခဲ့ပြီး ဂိုးပေါက်ပျောက်မှုကို အဆုံးသတ်နိုင်ခဲ့ပါတယ်။