MySport Myanmar Page ကို အားပေးဖတ်ရှုနေကြတဲ့ ပရိသတ်တွေ ညီအစ်ကိုမောင်နှမများအားလုံးပဲ မင်္ဂလာပါခင်ဗျာ။ အားလုံးအတွက် မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ပါစေခင်ဗျာ။ နေ့ရက်လေးတစ်ရက်ဖြစ်ပါစေလို့လည်း ကျွန်တော်တို့ Team ကနေ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ။ ဒီနေ့မနက်ခင်းအထိ ရရှိထားခဲ့တဲ့ စိတ်ဝင်စားစရာ ဘောလုံးသတင်းအတိုအထွာလေးတွေကို ဘောလုံးချစ်သူတွေအတွက် တင်ဆက်ပေးသွားပါတော့မယ်ခင်ဗျာ။

ဂျုဗင်တပ်စ်အသင်းရဲ့ ကွင်းလယ်ကစားသမားဟောင်းလည်းဖြစ် လက်ရှိအေဂျက်အသင်းရဲ့ လက်ထောက်နည်းပြလည်းဖြစ်သူ ခရစ္စတီယန်ပေါလ်ဆင်ဟာ ကိုရိုနာဗိုင်းရပ်စ် ခံစားနေရသူတစ်ဦးနဲ့ ထိတွေ့ဆက်ဆံမိခဲ့တာကြောင့် လတ််တလောမှာ သူ့ကို မတ်လ၁၃ရက်နေ့အထိ ဘယ်မှသွားခွင့်မပြုတော့ပဲ သူရဲ့နေအိမ်မှာသာ နေထိုင်ခိုင်းစေတယ်လို့ သိရှိရပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နောက်ခံကစားသမားဟောင်းကြီးဖြစ်သူ ရီယိုဖာဒီနန်က သူရဲ့အသင်းအနေနဲ့ တိုးတတ်မှုတွေ ဖြစ်ပေါ်နေကာ ပြောင်းလဲမှုကြီးတစ်ခုကို ဖြစ်ပေါ်လာနိုင်ဖို့ လမ်းစတွေမြင်နေရပြီဖြစ်ပြီး ပြောင်းလဲမှုဖြစ်စဉ်ကတော့ အားလုံးထင်နေသလို မြန်မြန်ဆန်ဆန် ဖြစ်လာတော့မှာမဟုတ်ပဲ အချိန်အတိုင်းအတာတစ်ခုထိတော့ စောင့်ရမှာဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

မိုနာကိုအသင်းရဲ့ ပြင်သစ်ကွင်းလယ်ကစားသမား ဘာကာယိုကိုက သူအနေနဲ့ အေစီမီလန်မှာ ပါဝင်ကစားခဲ့တုန်းက သူရဲ့ဆရာဖြစ်ခဲ့တဲ့ ဂတ်တူဆိုဟာ (လက်ရှိနာပိုလီနည်းပြ) လူတွေထင်ထားသလို စရိုက်လက္ခဏမကောင်းတဲ့ လူတစ်ယောက်မဟုတ်ပဲ ထူးခြားပြီးနှစ်လိုစရာကောင်းသူဖြစ်ကာ သူနဲ့လက်တွဲပြီးအလုပ်လုပ်ခဲ့တာကိုလည်း ပျော်ရွှင်မိခဲ့ကြောင်း ဖွင့်ဟပြောဆိုလာခဲ့ပါတယ်။

နည်းပြဂွာဒီယိုလာရဲ့လက်အောက်မှာ ဘောလုံးကစားရခြင်းက အရာအားလုံးကို အလွယ်တကူဖြစ်သွားစေနိုင်တယ်လို့ ဘိုင်ယန်မြူးနစ်အသင်းရဲ့ နောက်ခံကစားသမားဟောင်း ယန်ခရတ်စ်ဟော့ဖ်က ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ အသက်၂၉နှစ်အရွှယ် ဂျာမန်နောက်ခံကစားသမားဟာ ဘိုင်ယန်အသင်းမှာ ဂွာဒီယိုလာနဲ့ ၂၀၁၃-၂၀၁၄ ဘောလုံးရာသီတုန်းက အတူလက်တွဲခဲ့ပြီး ဘွန်ဒက်လီဂါနဲ့ ဂျာမန်ပိုကယ်ဖလားတို့ကို ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။