MySport Myanmar Page ကို အားပေးဖတ်ရှုနေကြတဲ့ ပရိသတ်တွေ ညီအစ်ကိုမောင်နှမများအားလုံးပဲ မင်္ဂလာပါခင်ဗျာ။ အားလုံးအတွက် မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ပါစေခင်ဗျာ။ နေ့ရက်လေးတစ်ရက်ဖြစ်ပါစေလို့လည်း ကျွန်တော်တို့ Team ကနေ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ။ ဒီနေ့မနက်ခင်းအထိ ရရှိထားခဲ့တဲ့ စိတ်ဝင်စားစရာ ဘောလုံးသတင်းအတိုအထွာလေးတွေကို ဘောလုံးချစ်သူတွေအတွက် တင်ဆက်ပေးသွားပါတော့မယ်ခင်ဗျာ။

ဒီနေ့ညက ကျင်းပသွားခဲ့တဲ့ ဂျာမန်ပိုကယ်ဖလားပြိုင်ရဲ့ကွာတားဖိုင်နယ်ပွဲစဉ်တွေထဲကမှ ရှော်ကေးအသင်းနဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ရဲ့ ပွဲစဉ်မှာတော့ ဘိုင်ယန်အသင်းက ကွင်လယ်ကစားသမား ကင်မစ်ချ်ရဲ့တစ်လုံးတည်းသောအနိုင်ဂိုးနဲ့ နိုင်ပွဲရယူနိုင်ခဲ့ပြီး ဆီမီးဖိုင်နယ်ကို တတ်လှမ်းနိုင်ခဲ့ရပါတယ်။

၂၀၂၀-၂၀၂၁ ဘောလုံးရာသီအတွင်းမှာ ကျင်းပသွားမယ့် ဒုတိယကြိမ်မြောက် UEFA Nations League ပြိုင်ပွဲရဲ့မဲခွဲမှုတွေ ပြုလုပ်ခဲ့ရာမှာ လက်ရှိချန်ပီယံ ပေါ်တူဂီအသင်းက League A ရဲ့ Group 3 အသင်းမှာ လက်ရှိကမ္ဘာ့ဖလားချန်ပီယံပြင်သစ် လက်ရှိကမ္ဘာ့ဖလား 1st runner-up ခရိုအေးရှားအပြင် ဥရောပရဲ့မာကြောလှတဲ့ အသင်းတစ်သင်းဖြစ်တဲ့ ဆွီဒင်တို့ အုပ်စုကျပ်ထဲမှာ ကျရောက်လို့နေပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ဂယက်ကို အတော်လေးခံစားနေရတဲ့ အီတလီနိုင်ငံအတွင်းမှာ နာမည်ကျော်စီးရီးအေပြိုင်ပွဲကြီးရဲ့ပွဲစဉ်တချို့ကို ရွှေ့ဆိုင်းခဲ့ရသလို အခုလည်း ဒီရက်ပိုင်းအတွင်းမှာ ကျင်းပဖို့ရှိနေတဲ့ ဂျုဗင်တပ်စ်နဲ့ အေစီမီလန်အသင်းတို့ရဲ့ကိုပါအီတလီယာ ဒုတိယအကျော့ပွဲစဉ်ကိုပါ ထပ်မံရွှေ့ဆိုင်းလိုက်ပြီဖြစ်ကြောင်း တရားဝင်ထုတ်ပြန်ကြေညာလာခဲ့ပါတယ်။

မနေ့ညက ကျင်းပခဲ့တဲ့ အက်အေဖလား ပဥ္စမအဆင့်ရှံးထွက်ပွဲစဉ်အတွင်းမှာ ချယ်လ်ဆီးကို လီဗာပူးလ်ကို ၂ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့သလို နယူးကာဆဲလ်ကလည်း အဝေးကွင်းမှာ ဝက်ဘရွှန်းကို ၂ဂိုး၃ဂိုးနဲ့ အနိုင်ရခဲ့ပေမယ့် ဒီရာသီ ပရီးမီးယားလိဂ်မှာ ခြေစွာလျက်ရှိနေတဲ့ ရှက်ဖီးယူနိုက်တက်ကတော့ ရက်ဒင်းကို ပွဲချိန်အတွင်းမှာ ၁ဂိုးစီသာ သရေကျခဲ့လို့ အချိန်ပိုဆက်ကစားခဲ့ရပြီး အချိန်ပိုမှာ အနိုင်ဂိုးသွင်းယူနိုင်ခဲ့လို့ ရှက်ဖီးတို့ ကွာတားဖိုင်နယ်ကို တတ်လှမ်းသွားခဲ့ပါတယ်။