MySport Myanmar Page ကို အားပေးဖတ်ရှုနေကြတဲ့ ပရိသတ်တွေ ညီအစ်ကိုမောင်နှမများအားလုံးပဲ မင်္ဂလာပါခင်ဗျာ။ အားလုံးအတွက် မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ပါစေခင်ဗျာ။ နေ့ရက်လေးတစ်ရက်ဖြစ်ပါစေလို့လည်း ကျွန်တော်တို့ Team ကနေ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ။ ဒီနေ့မနက်ခင်းအထိ ရရှိထားခဲ့တဲ့ စိတ်ဝင်စားစရာ ဘောလုံးသတင်းအတိုအထွာလေးတွေကို ဘောလုံးချစ်သူတွေအတွက် တင်ဆက်ပေးသွားပါတော့မယ်ခင်ဗျာ။

Photo Credit : AllFootball

လာမယ့်ဘောလုံးရာသီ ၂၀၂၀-၂၀၂၁ အတွင်းမှာ မန်ချက်စတာယူနိုက်တက်အသင်း ဝတ်ဆင်ကစားမယ့် တတိယမြောက်ဝတ်စုံဖြစ်တဲ့ အဝေးကွင်းဝတ်စုံဒီဇိုင်းဟာ အခုဆိုရင် အင်တာနက်စာမျက်နှာတွေပေါ်မှာ ပျံနှံလျက်ရှိနေပြီး ဝတ်စုံဒီဇိုင်းပုံစံကတော့ အဖြူနဲ့အမည်းနှစ်ရောင်တည်းကို မျဉ်းကြားပုံစံနဲ့ ပုံဖော်ထားတာဖြစ်ကာ ဒီဝတ်စုံက တရားဝင်ဟုတ်မဟုတ်ဆိုတာကိုတော့ မသိရသေးပါဘူး။

Photo Credit : AllFootball

ခါရာဘောင်းဖလား လိဂ်ဖလားဗိုလ်လုပွဲအတွင်းမှာ ချန်ပီယံဖြစ်ခဲ့တဲ့ မန်စီးတီးအသင်းအတွက် အထူးခြေစွမ်းပြသနိုင်ခဲ့တဲ့ လူငယ်ကွင်းလယ်ကစားသမားလေး ဖေးလ်ဖိုဒန်ကို အင်္ဂလန်လက်ရွေးစင်နည်းပြ ဂရိတ်ဆောက်ဂိတ်က အင်္ဂလန်အသင်းရဲ့လူစာရင်းမှာ ထည့်သွင်းလာဖို့ စဉ်းစားလာခဲ့ကာ ယူရို-၂၀၂၀ ပြိုင်ပွဲကြီးမတိုင်ခင် အသင်းရဲ့လူစာရင်းအတွင်းမှာ ရွေးချယ်နိုင်ဖွယ်ရှိနေပါတယ်။

Photo Credit : AllFootball

ချယ်လ်ဆီးအသင်းရဲ့နည်းပြဖြစ်သူ ဖရန့်လမ်းပတ်က အသင်းမှာ ပုံမှန်ပျောက်ဆုံးလို့နေတဲ့ ဂိုးသမားဖြစ်သူကယ်ပါဟာ အသင်းမှာ အနာဂတ်ဆက်လက်ရှိနေသေးပြီး လီဗာပူးလ်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမယ့် အက်အေဖလား ပဥ္စမအဆင့်ပြိုင်ပွဲအတွင်းမှာ အသင်းရဲ့ပွဲထွက်ဂိုးသမားအဖြစ် ပြန်လည်ပါဝင်နိုင်ဖွယ်ရှိတယ်လို့ ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။

Photo Credit : AllFootball

ပြီးခဲ့တဲ့ ဆောင်းရာသီစျေးကွက်ကမှ အာဆင်နယ်အသင်းဆီကို ရောက်ရှိလာခဲ့တဲ့ နောက်ခံလူသစ် ပါဘလိုမာရီဟာ ညက ကစားသွားခဲ့တဲ့ ပို့စ်မောက်အသင်းနဲ့ အက်အေဖလား ပဥ္စမအဆင့်ပွဲစဉ်အတွင်း အာဆင်နယ်အသင်းနဲ့အတူ ပထမဆုံးပွဲထွက်ကစားခဲ့ပြီး ရှင်းထုတ်မှု၅ကြိမ် ဂိုးပေါက်ဟန့်တားမှု၃ကြိမ် ဘောလုံးထိချက်ပေါင်း အကြိမ်တစ်ရာနဲ့ ပြိုင်ဘက်ကစားသမား တစ်ဦးတစ်ယောက်ရဲ့လိမ်ခေါက်ကျော်ဖြတ်မှုကို မခံခဲ့ရတဲ့အထိ တာထွက်မှာ ခြေစွမ်းပြနိုင်ခဲ့ပါတယ်။