MySport Myanmar Page ကို အားပေးဖတ်ရှုနေကြတဲ့ ပရိသတ်တွေ ညီအစ်ကိုမောင်နှမများအားလုံးပဲ မင်္ဂလာပါခင်ဗျာ။ အားလုံးအတွက် မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ပါစေခင်ဗျာ။ နေ့ရက်လေးတစ်ရက်ဖြစ်ပါစေလို့လည်း ကျွန်တော်တို့ Team ကနေ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ။ ဒီနေ့မနက်ခင်းအထိ ရရှိထားခဲ့တဲ့ စိတ်ဝင်စားစရာ ဘောလုံးသတင်းအတိုအထွာလေးတွေကို ဘောလုံးချစ်သူတွေအတွက် တင်ဆက်ပေးသွားပါတော့မယ်ခင်ဗျာ။

လတ်တလော ဥရောပတိုက်အထိပါ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါ ပျံနှံလျက်ရှိနေပြီး ဒီထဲမှာ အီတလီနိုင်ငံကို အဆိုးရွှားဆုံးဖြစ်နေတဲ့အတွက် စီးရီးအေကလပ်အသင်းတွေက သူတို့ကစားသမားတွေကို ဆေးစစ်မှုတွေ ပြုလုပ်လျက်ရှိရမှာ ဂျုဗင်တပ်စ်အသင်ရဲ့နောက်ခံကစားသမား ရူဂါနီမှာ COVID-19 ကူးစက်ခံနေရတယ်လို့ စစ်ဆေးချက်တွေအရ သိရှိလာခဲ့ရပါတယ်။

ဒီနှစ်ဘောလုံးရာသီအစမှာပဲ အင်တာမီလန်အသင်းကနေ ပီအက်စ်ဂျီအသင်းဆီကို တစ်ရာသီအငှားနဲ့ လာရောက်ပြောင်းရွှေ့ကစားနေခဲ့တဲ့ အာဂျင်တီးနားတိုက်စစ်ကစားသမား အီကာဒီဟာ ပီအက်စ်ဂျီအသင်းနဲ့ အငှားစာချုပ်သက်တမ်း ပြည့်မြောက်သွားချိန်မှာ အီတလီနိုင်ငံကို ပြန်လာချင်နေတာကြောင့် သူရဲ့မိခင်ကလပ် အင်တာက ပြိုင်ဘက်ဂျုဗင်တပ်စ်အသင်းဆီကို ပြောင်းရွှေ့ခွင့်ပြုဖွယ်ရှိနေပါတယ်။

မန်ချက်စတာယူနိုက်ေတက်အသင်းရဲ့ နည်းပြဆိုးလ်ရှားက ကွင်းလယ်ကစားသမား ပေါလ်ပေါ့ဘာအနေနဲ့ ယူနိုက်တက်အသင်းအတွက် ပြန်လည်ကစားပေးနိုင်ဖို့ အလွန်နီးစပ်လျက်ရှိနေတယ်လို့ ဝန်ခံပြောဆိုလိုက်ပြီး မနက်ဖြန်ည LASK အသင်းနဲ့ ကစားရမယ့် ယူရိုပါလိဂ်ပွဲရဲ့လူစာရင်းမှာ မပါဝင်လာခဲ့သူ တိုက်စစ်ကစားသမား မာစီယဲလ်ကတော့ စပါးနဲ့ ပရီးမီးယားလိဂ်ကိုပါ လွဲချော်ရနိုင်တယ်လို့ ပြောဆိုလာခဲ့ပါတယ်။

လီဗာပူးလ်အသင်းဟာ သူတို့အသင်းရဲ့ ကွင်းလယ်ကစားသမားဖြစ်သူ ဝိုင်နယ်ဒန် အဖွင့်ဂိုးစတင်သွင်းယူနိုင်တဲ့ ပွဲစဉ်တွေအတွင်းမှာ ပွဲအားလုံးကို အနိုင်ရရှိခဲ့ပေမယ့်လည်း ဒီညမှာ ကစားခဲ့တဲ့ အသက်လက်တီကိုမက်ဒရစ်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲမှာတော့ ဒီစံချိန်မှတ်တမ်းတွေအားလုံးက ကျိုးပျက်သွားခဲ့ရပြီး အိမ်ကွင်းမှာ ၂ဂိုး၃ဂိုးနဲ့ အရေးနိမ့်ခဲ့လို့ ၂ကျော့ပေါင်းရလဒ် ၂ဂိုး၄ဂိုးနဲ့ ရှံးနိမ့်ပြီ ချန်ပီယံလိဂ်ကနေ ထွက်ခွာခဲ့ရပါတယ်။