MySport Myanmar Page ကို အားပေးဖတ်ရှုနေကြတဲ့ ပရိသတ်တွေ ညီအစ်ကိုမောင်နှမများအားလုံးပဲ မင်္ဂလာပါခင်ဗျာ။ အားလုံးအတွက် မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ပါစေခင်ဗျာ။ နေ့ရက်လေးတစ်ရက်ဖြစ်ပါစေလို့လည်း ကျွန်တော်တို့ Team ကနေ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ။ ဒီနေ့မနက်ခင်းအထိ ရရှိထားခဲ့တဲ့ စိတ်ဝင်စားစရာ ဘောလုံးသတင်းအတိုအထွာလေးတွေကို ဘောလုံးချစ်သူတွေအတွက် တင်ဆက်ပေးသွားပါတော့မယ်ခင်ဗျာ။

လာမယ့်ရက်သတ္တပတ်အတွင်းမှာ ကျင်းပသွားတော့မယ့် ဘာစီလိုနာအသင်းနဲ့ နာပိုလီအသင်း ဘိုင်ယန်မြူးနစ်အသင်းနဲ့ ချယ်လ်ဆီးအသင်းတို့ရဲ့ ချန်ပီယံလိဂ် (၁၆)သင်းအဆင့် ရှံးထွက်ဒုတိယအကျော့ပွဲစဉ်တွေကို ကိုရိုနာဗိုင်းရပ်ဂယက်ကြောင့် ပရိသတ်တွေမပါဝင်ပဲ ကွင်းပိတ်ကျင်းပရတော့မှာဖြစ်ပါတယ်။

လည်ချောင်းနာဝေဒနာနဲ့ ရင်ဆိုင်နေရတဲ့ ပြင်သစ်လူငယ်တိုက်စစ်မှူးလေး ကီလီယန်အမ်ဘာပေဟာ ပီအက်စ်ဂျီအသင်းနဲ့ ဒေါ့မွန်အသင်းတို့ရဲ့ ချန်ပီယံလိဂ် ဒုတိယအကျော့ပွဲစဉ်ကို လွဲချော်ရဖွယ်ရှိနေပြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုရှိမရှိဆိုတာကိုပါ စစ်ဆေးခံရဖွယ်ရှိနေကာ လာမယ့်၂၄နာရီအတွင်း အဖြေပေါ်ဖွယ်ရှိနေတယ်လို့ သတင်းမီဒီယာတွေကနေ ဖော်ပြထားပါတယ်။

အသက်လက်တီကိုမက်ဒရစ်အသင်းရဲ့နည်းပြဖြစ်သူ ဒီယေဂိုဆီမြွန်နီက လီဗာပူးလ်အသင်းနဲ့ အသက်လက်တီကိုအသင်းတို့ ယှဉ်ပြိုင်ကစားရမယ့် ချန်ပီယံလိဂ် ဒုတိယအကျော့ပွဲကိုသာ ပရိသတ်တွေမပါပဲနဲ့ ကွင်းပိတ်ကစားရမယ်ဆိုရင်တော့ သူတို့အသင်းထက် အိမ်ရှင်အသင်းအတွက် ပိုပြီးနစ်နာစေနိုင်တယ်လို့ ထောက်ပြပြောဆိုသွားခဲ့ပါတယ်။

 

လတ်တလော အီတလီနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားနေမှုန်းက အလွန်မြင့်တတ်လျက်ရှိနေတာကြောင့် အီတလီစီးရီးအေ ဘောလုံးပွဲစဉ်တွေ အပါအဝင် အားကစားပြိုင်ပွဲတချို့ကိုပါ ရပ်နားထေားခဲ့ရပြီး အားလုံးသတိထား နေနေရချိန်ဖြစ်တာမို့ အေစီမီလန်အသင်းရဲ့ အသင်းသားတွေအားလုံးက သူတို့ရဲ့တစ်နေ့တာရရှိတဲ့ လုပ်အားခတွေကိုစုပေါင်းပြီး ဆေးရုံတွေမှာလိုက်လံလှူဒါန်းပေးခဲ့ကြပါတယ်။