MySport Myanmar Page ကို အားပေးဖတ်ရှုနေကြတဲ့ ပရိသတ်တွေ ညီအစ်ကိုမောင်နှမများအားလုံးပဲ မင်္ဂလာပါခင်ဗျာ။ အားလုံးအတွက် မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ပါစေခင်ဗျာ။ နေ့ရက်လေးတစ်ရက်ဖြစ်ပါစေလို့လည်း ကျွန်တော်တို့ Team ကနေ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ။ ဒီနေ့မနက်ခင်းအထိ ရရှိထားခဲ့တဲ့ စိတ်ဝင်စားစရာ ဘောလုံးသတင်းအတိုအထွာလေးတွေကို ဘောလုံးချစ်သူတွေအတွက် တင်ဆက်ပေးသွားပါတော့မယ်ခင်ဗျာ။

Photo Credit : AllFootball

အီတလီနိုင်ငံရဲ့ အိုလံပစ်ကော်မတီကနေပြီး ကိုရိုနာဗိုင်းရပ်စ်ပြသာနာတွေကြောင့် အားကစားဆိုင်ရာပွဲစဉ်များကို လာမယ့်ဧပြီလ ၃ရက်နေ့အထိ ရွေ့ဆိုင်းထားရမယ်လို့ တရားဝင်ထုတ်ပြန်ကြေညာလာခဲ့ပါတယ်။ လက်ရှိ အီတလီနိုင်ငံအတွင်းမှာ Coivd-19 ဆိုတဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါဟာ ပျံနှံလျက်ရှိနေလို့ စီးရီးအေပွဲစဉ်တွေ ပရိသတ်တွေမပါပဲ ကွင်းပိတ်ကျင်းပခဲ့ရပါတယ်။

Photo Credit : AllFootball

အသင်းရဲ့ အဓိကတိုက်စစ်ကစားသမားနှစ်ဦးဖြစ်တဲ့ ဟယ်ရီကိန်းနဲ့ ဆွန်ဟောင်မင်တို့ ဒဏ်ရာပြသာနာအသီးသီးနဲ့ ရင်ဆိုင်နေရလို့ ဖိအားတွေနဲ့ အလူးအလဲခံနေရတဲ့ စပါးအသင်းဟာ အခုဆိုရင် တောင်ပံတိုက်စစ်ကစားသမား ဘာ့ဂ်ဝိုင်းပါ ဒဏ်ရာရသွားခဲ့လို့ လာမယ့်လိုက်ပ်ဇစ်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲမှာ အလီ မော်ရာ လာမယ်လာတို့အပြင် လူငယ်ကစားသမား ပါရတ်ကိုပါ အသုံးပြုလာရတော့မှာပဲဖြစ်ပါတယ်။

Photo Credit : AllFootball

အာဆင်နယ်နည်းပြအာတီတာက သူတို့အသင်းအနေနဲ့ လူငယ်ကစားသမား ဘူကာယိုဆာခါကို စာချုပ်သက်တမ်းတိုးဖို့ ကစားသမားနဲ့ အသင်းတာဝန်ရှိသူတွေကြား တွေ့ဆုံဆွေးနွေးလို့နေပြီလို့ အတည်ပြုသွားခဲ့ပါတယ်။ ၁၈နှစ်အရွှယ်သာရှိသေးတဲ့ တောင်ပံကစားသမားလေးဆာခါဟာ အာဆင်နယ်နဲ့ စာချုပ်သက်တမ်းက ၁၈လသာ ကျန်ရှိတော့တာဖြစ်ပြီး အသင်းဘက်ကနေ ကမ်းလှမ်းချက် သေချာမပြုလုပ်နိုင်ရင်တော့ အသင်းနဲ့ လမ်းခွဲဖွယ်ရှိနေပါတယ်။

Photo Credit : AllFootball

မန်စီးတီးအသင်းရဲ့ ကွင်းလယ်ကစားသမား ကီဗင်ဒီဘရိုင်းနဲ့ ဒဏ်ရာကြောင့် တစ်ရာသီလုံးနီးပါး အနားယူနေရတဲ့ တောင်ပံတိုက်စစ်ကစားသမားဆာနေးတို့ဟာ ကြားရက်မှာ ကျင်းပသွားမယ့် အာဆင်နယ်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲကျန်အတွက် လေ့ကျင့်ရေးအစီအစဉ်မှာ ပါဝင်လာခဲ့လို့ ဒီကစားသမားနှစ်ယောက်လုံးကို အာဆင်နယ်နဲ့ပွဲမှာ မြင်တွေ့ရဖွယ်ရှိနေပါတယ်။