MySport Myanmar Page ကို အားပေးဖတ်ရှုနေကြတဲ့ ပရိသတ်တွေ ညီအစ်ကိုမောင်နှမများအားလုံးပဲ မင်္ဂလာပါခင်ဗျာ။ အားလုံးအတွက် မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ပါစေခင်ဗျာ။ နေ့ရက်လေးတစ်ရက်ဖြစ်ပါစေလို့လည်း ကျွန်တော်တို့ Team ကနေ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ။ ဒီနေ့မနက်ခင်းအထိ ရရှိထားခဲ့တဲ့ စိတ်ဝင်စားစရာ ဘောလုံးသတင်းအတိုအထွာလေးတွေကို ဘောလုံးချစ်သူတွေအတွက် တင်ဆက်ပေးသွားပါတော့မယ်ခင်ဗျာ။

အသက်လက်တီကိုမက်ဒရစ်အသင်းရဲ့ ပင်တိုင်ဂိုးသမားဖြစ်သူ ဂျန်အော့ဘလက်ကတော့ အဖျားရောဂါ ခံစားနေရလို့ သောကြာနေ့က ပြုလုပ်ခဲ့တဲ့ အသင်းရဲ့လေ့ကျင့်ရေးအစီအစဉ်မှာ ပါဝင်နိုင်ခဲ့ခြင်းမရှိတဲ့အပြင် အက်စပန်ညိုနဲ့ပွဲစဉ်ကိုပါ လွဲချော်ရဖွယ်ရှိနေပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ပြသာaနာက ဥရောပဘက်အထိကို ပျံနှံလျက်ရှိနေပြီး တချို့နိုင်ငံတွေမှာဆိုရင် ဘောလုံးပွဲတွေကို ခဏရပ်နားထားရပြီး အခုလည်း ဆွတ်ဇာလန်အမှတ်ပေးဘောလုံးပွဲတွေအားလုံးကို ရပ်နားထားတော့မှာဖြစ်ကြောင်း SFL ဆွတ်ဇာလန်ဘောလုံးအဖွဲ့ချုပ်ကနေ တရားဝင်ထုတ်ပြန်ကြေညာခဲ့တယ်။

သိပ်မကြာခင် ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ကျင်းပပြုလုပ်တော့မယ့်  နွရောသီအိုလံပစ်ပြိုင်ပွဲရဲ့ အမျိုးဘောလုံးပြိုင်ပွဲမှာ ပါဝင်ဆင်နွဲရမယ့် ဘရာဇီးအိုလံပစ် ဘောလုံးအသင်းမှာ တိုက်စစ်ကစားသမား နေမာကို ပါဝင်ကစားစေချင်တယ်လို့ ဘရာဇီးဘောလုံးအဖွဲ့ချုပ်ဘက်ကနေ ထုတ်ပြန်ပြောလာခဲ့ပါတယ်။ နေမာဟာ အိုလံပစ်ပြိုင်ပွဲကို ၂ကြိမ်တိုင်တိုင် ဝင်ရောက်ယှဉ်ပြိုင်ထားခဲ့ဖူးပါတယ်။

ချန်ပီယံလိဂ်မှာ လိုင်ယွန်ကို အရေးနိမ့်ခဲ့လို့ အရမ်းစိတ်ညစ်ခဲ့ရပေမယ့် အီတလီမှာ ပြန်ကစားရမယ့် ဒုတိယအကျော့ပွဲစဉ်အတွင်းမှာတော့ နိုင်ပွဲပြန်လည်ရယူပြီး ကွာတားဖိုင်နယ်ကို တတ်လှမ်းဖို့အတွက် ယုုံကြည်ထားကြောင်း ရော်နယ်ဒိုက ကြံးဝါးပြောဆိုသွားခဲ့ပါတယ်။

ယူရိုပါလိဂ် ၃၂သင်းအဆင့် ရှုံးထွက်ပြိုင်ပွဲရဲ့ ကစားဖို့ကျန်ရှိနေသေးတဲ့ တစ်ပွဲတည်းသောပွဲစဉ်ဖြစ်သော ဆာလ်ဇ်ဘာ့ဂ်အသင်းနဲ့ ဖရန့်ဖတ်အသင်းတို့ရဲ့ ဒုတိယအကျော့ပွဲစဉ်ကို ဒီနေ့ သြစတြီးယားနိုင်ငံမှာ ပြန်လည်ကျင်းပစေခဲ့ရာ တစ်ဖက်ကို ၂ဂိုးစီနဲ့ သရေကျခဲ့လို့ နှစ်ကျော့ပေါင်းရလဒ် ၃ဂိုး ၆ဂိုးနဲ့ ဖရန့်ဖတ်အသင်းက နောက်တစ်ဆင့်တတ်ခဲ့ရပြီး ၁၆သင်းအဆင့်မှာ ဘေဆယ်နဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။