MySport Myanmar Page ကို အားပေးဖတ်ရှုနေကြတဲ့ ပရိသတ်တွေ ညီအစ်ကိုမောင်နှမများအားလုံးပဲ မင်္ဂလာပါခင်ဗျာ။ အားလုံးအတွက် မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ပါစေခင်ဗျာ။ နေ့ရက်လေးတစ်ရက်ဖြစ်ပါစေလို့လည်း ကျွန်တော်တို့ Team ကနေ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ။ ဒီနေ့မနက်ခင်းအထိ ရရှိထားခဲ့တဲ့ စိတ်ဝင်စားစရာ ဘောလုံးသတင်းအတိုအထွာလေးတွေကို ဘောလုံးချစ်သူတွေအတွက် တင်ဆက်ပေးသွားပါတော့မယ်ခင်ဗျာ။

Photo Credit : Fox Sports Asia

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ဖီဖာက ဘောလုံးသမားအပြောင်းအရွှေ့တွေထဲမှာ အပါအဝင်ဖြစ်တဲ့ အငှားကစားသမားစျေးကွက်နဲ့ပတ်သက်တဲ့ စည်းမျဉ်းတစ်ခုကို ပြင်ဆင်လိုက်ပြီဖြစ်ပြီး အငှားကစားသမားတွေဟာ အနည်းဆုံး အသက်၂၂ပြည့်ထားပြီးသူဖြစ်ရမယ်လို့ ပြင်ဆင်လိုက်ကာ ဒီပြင်ဆင်ချက်က လာမယ့် ၂၀၂၀ခုနှစ် ဇူလိုင်လကနေစတင်ပြီး အသက်ဝင်တော့မှာပဲဖြစ်ပါတယ်။

Photo Credit : Local Football News

၂၀၁၉-၂၀၂၀ ဘောလုံးရာသီ ယူရိုပါလိဂ်ဘောလုံးပြိုင်ပွဲရဲ့ ၁၆သင်းအဆင့်ပွဲစဉ်များအတွက် မဲခွဲဆုံးဖြတ်မှုကို ဒီနေ့ ဖေဖော်ဝါရီလ ၂၈ရက်နေ့ ဆွတ်ဇာလန်နိုင်ငံ ဇူးရစ်မြို့မှာ ကျင်းပပြုလုပ်မှာဖြစ်ပြီး ဒီမဲခွဲမှုမှာ တစ်နိုင်ငံတည်း ကလပ်အသင်းအချင်းချင်း ထိပ်တိုက်တွေ့ဆုံနိုင်မှာဖြစ်ကာ မဲခွဲပွဲကိုတော့ အင်္ဂလန်စံတော်ချိန် နေ့လည်၁၂နာရီ (မြန်မာစံတော်ချိန် ည၆နာရီခွဲ)မှာ ကျင်းပမယ်လို့ သိရှိရပါတယ်။

Photo Credit : The SportRush

ဒီညမှာ ကစားခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ကလပ်ဘရုဂျ်အသင်းတို့ရဲ့ ယူရိုပါလိဂ်ရှံးထွက် ဒုတိယအကျော့ပွဲစဉ်အတွင်းမှာ ပါဝင်နိုင်ခြင်းမရှိတဲ့ ယူနိုက်တက်တိုက်စစ်ကစားသမား အန်တိုနီမာစီယဲလ်ဆီမှာ ကြွက်သားဒဏ်ရာ အနည်းငယ်ခံစားနေရတာကြောင့် ယူရိုပါလိဂ်ပွဲအတွင်း ပါဝင်နိုင်ခြင်းမရှိတာလို့ ယူနိုက်တက်အသင်းနည်းပြဆိုးလ်ရှားက ရှင်းလင်းပြောဆိုခဲ့ပါတယ်။

Photo Credit : Balls.ie

မန်ချက်စတာယူနိုက်တက်အသင်းနဲ့ အင်္ဂလန်နောက်ခံလူဟောင်း ရီယိုဖာဒီနန်က လက်ရှိကမ္ဘာပေါ်မှာ အကောင်းဆုံးသော ကွင်းလယ်ကစားသမားဟာ မန်စီးတီးအသင်းရဲ့ ဘယ်ဂျီယံကွင်းလယ်ကစားသမား ကီဗင်ဒီဘရိုင်းဖြစ်တယ်လို့ ရီးရဲလ်နဲ့မန်စီးတီးအသင်းတို့ရဲ့ ချန်ပီယံလိဂ်ပွဲစဉ်အပြီးမှာ ချီးမွမ်းပြောဆိုသွားခဲ့ပါတယ်။