ဖိလစ္ပုိင္ႏုိင္ငံအတြင္းမွာ အႀကိမ္၃၀ေျမာက္အျဖစ္ ာက်င္းပျပဳလုပ္ေနလ်က္ရွိေနတဲ႔ အေရွ႕ေတာင္အာရွရဲ႕နာမည္ေက်ာ္ အားကစားၿပိဳင္ပြဲႀကီးျဖစ္တဲ႔ ဆီးဂိမ္းရဲ႕အမ်ိဳးသမီး ေဘာလုံးၿပိဳင္ပြဲကေတာ့ ဒီေန႔မွာပဲ တတိယေနရာလုပြနဲ႔ ဗုိလ္လုပြဲတုိ႔ကုိ အသီးသီးက်င္းပခဲ႔ၾကၿပီး ဒီေန႔ ေန႔လည္၂နာရီခြဲအခ်ိိန္မွာ ကစားသြားခဲ႔တဲ႔ ျမန္မာလက္ေရြးစင္ အမ်ိဳးသမီးအသင္းနဲ႔ အိမ္ရွင္ဖိလစ္ပုိင္အမ်ိဳးသမီးအသင္းတုိ႔ပြဲမွာေတာ့ ျမန္မာအသင္းက ၂ဂုိး၁ဂုိးနဲ႔ အႏုိင္ရယူခဲ႔ကာ တတိယေနရာ ေၾကးတံဆိပ္ဆုကုိ ပုိင္ဆုိင္ႏုိင္ခဲ႔ရပါတယ္။

Photo Credit : MFF Facebook Page

ျမန္မာအသင္းဟာ ၂၀၁၉ ဆီးဂိမ္းၿပိဳင္ပြဲရဲ႕အမ်ိဳးသမီးေဘာလုံးၿပိဳင္ပြဲမွာ အိမ္ရွင္ဖိလစ္ပုိင္ မေလးရွားအသင္းတုိ႔နဲ႔ အုပ္စု(A)မွာ အတူတူက်ေရာက္ခဲ႔ၿပီး ဖိလစ္ပုိင္နဲ႔ပြဲမွာ ဂုိးမရွိသေရက်ခဲ႔ေပမယ့္လည္း မေလးရွားအသင္းနဲ႔ အုပ္စုေနာက္ဆုံးပြဲမွာေတာ့ ၅ဂုိးျပတ္နဲ႔ အႏုိင္ရခဲ႔တာမုိ႔ အုပ္စုပထမေနရာနဲ႔ ဆီမီးဖုိင္နယ္အဆင့္ကုိ တတ္လွမ္းသြားခဲ႔ပါတယ္။ ဆီမီးဖုိင္နယ္မွာေတာ့ ထုိင္းအသင္းကုိ တစ္လုံးတည္းေသာသြင္းဂုိးနဲ႔ အေရးနိမ့္ခဲ႔ရလုိ႔ တစ္ဖက္က ဗီယက္နမ္ကုိ ရွုံးနိမ့္ခဲ႔တဲ႔ ဖိလစ္ပုိင္နဲ႔ တတိယေနရာလုပြဲမွာ ျပန္လည္ရင္ဆုိင္ခဲ႔ရတာျဖစ္ပါတယ္။

Photo Credit : MFF Facebook Page

အျပန္အလွန္ထုိးေဖာက္မႈေတြနဲ႔အတူ ပြဲစဥ္က အုပ္စုပြဲထက္ ပုိမုိၾကည့္ေကာင္းခဲ႔ၿပီး ပထမပုိင္းမွာေတာ့ ဂုိးမရွိသေရက်ေနခဲ႔ရပါတယ္။ ဒုတိယပုိင္းအစမွာ အိမ္ရွင္အသင္းဘက္ကေန စတင္ဦးေဆာင္ႏုိင္ခဲ႔ေပမယ့္လည္း ၇၇မိနစ္မွာ ဂ်ဴလုိင္ေက်ာ္က ျပန္လည္ေခ်ပႏုိင္ခဲ႔ၿပီး ၇၉မိနစ္မွာ  ရီရီဦးက အႏုိင္ဂုိးသြင္းယူကာ တတိယေနရာကုိ ပုိင္ဆုိင္ႏုိင္ခဲ႔ရပါတယ္။ ျမန္မာအမ်ိဳးသမီးအသင္းက ၂၀၀၇ခုႏွစ္ကေနစတင္ၿပီး ဆီးဂိမ္းၿပိဳင္ပြဲတုိင္းလုိလုိမွာ တတိယေနရာကုိ ဆက္တုိက္ရယူခဲ႔တာျဖစ္ၿပီး ၿပိဳင္ပြဲရဲ႕၅ႀကိမ္ဆက္တုိက္ တတိယေနရာ ပုိင္ဆုိင္ခဲ့ရတာျဖစ္ပါတယ္။

(Unicode)

အိမ်ရှင်ကို အနိုင်ယူပြီး တတိယနေရာကို အရယူနိုင်ခဲ့တဲ့ မြန်မာလက်ရွေးစင် အမျိုးသမီးအသင်း

ဖိလစ်ပိုင်နိုင်ငံအတွင်းမှာ အကြိမ်၃၀မြောက်အဖြစ် ာကျင်းပပြုလုပ်နေလျက်ရှိနေတဲ့ အရှေ့တောင်အာရှရဲ့နာမည်ကျော် အားကစားပြိုင်ပွဲကြီးဖြစ်တဲ့ ဆီးဂိမ်းရဲ့အမျိုးသမီး ဘောလုံးပြိုင်ပွဲကတော့ ဒီနေ့မှာပဲ တတိယနေရာလုပွနဲ့ ဗိုလ်လုပွဲတို့ကို အသီးသီးကျင်းပခဲ့ကြပြီး ဒီနေ့ နေ့လည်၂နာရီခွဲအချိိန်မှာ ကစားသွားခဲ့တဲ့ မြန်မာလက်ရွေးစင် အမျိုးသမီးအသင်းနဲ့ အိမ်ရှင်ဖိလစ်ပိုင်အမျိုးသမီးအသင်းတို့ပွဲမှာတော့ မြန်မာအသင်းက ၂ဂိုး၁ဂိုးနဲ့ အနိုင်ရယူခဲ့ကာ တတိယနေရာ ကြေးတံဆိပ်ဆုကို ပိုင်ဆိုင်နိုင်ခဲ့ရပါတယ်။

Photo Credit : MFF Facebook Page

မြန်မာအသင်းဟာ ၂၀၁၉ ဆီးဂိမ်းပြိုင်ပွဲရဲ့အမျိုးသမီးဘောလုံးပြိုင်ပွဲမှာ အိမ်ရှင်ဖိလစ်ပိုင် မလေးရှားအသင်းတို့နဲ့ အုပ်စု(A)မှာ အတူတူကျရောက်ခဲ့ပြီး ဖိလစ်ပိုင်နဲ့ပွဲမှာ ဂိုးမရှိသရေကျခဲ့ပေမယ့်လည်း မလေးရှားအသင်းနဲ့ အုပ်စုနောက်ဆုံးပွဲမှာတော့ ၅ဂိုးပြတ်နဲ့ အနိုင်ရခဲ့တာမို့ အုပ်စုပထမနေရာနဲ့ ဆီမီးဖိုင်နယ်အဆင့်ကို တတ်လှမ်းသွားခဲ့ပါတယ်။ ဆီမီးဖိုင်နယ်မှာတော့ ထိုင်းအသင်းကို တစ်လုံးတည်းသောသွင်းဂိုးနဲ့ အရေးနိမ့်ခဲ့ရလို့ တစ်ဖက်က ဗီယက်နမ်ကို ရှုံးနိမ့်ခဲ့တဲ့ ဖိလစ်ပိုင်နဲ့ တတိယနေရာလုပွဲမှာ ပြန်လည်ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။

Photo Credit : MFF Facebook Page

အပြန်အလှန်ထိုးဖောက်မှုတွေနဲ့အတူ ပွဲစဉ်က အုပ်စုပွဲထက် ပိုမိုကြည့်ကောင်းခဲ့ပြီး ပထမပိုင်းမှာတော့ ဂိုးမရှိသရေကျနေခဲ့ရပါတယ်။ ဒုတိယပိုင်းအစမှာ အိမ်ရှင်အသင်းဘက်ကနေ စတင်ဦးဆောင်နိုင်ခဲ့ပေမယ့်လည်း ရ၇မိနစ်မှာ ဂျူလိုင်ကျော်က ပြန်လည်ချေပနိုင်ခဲ့ပြီး ရ၉မိနစ်မှာ  ရီရီဦးက အနိုင်ဂိုးသွင်းယူကာ တတိယနေရာကို ပိုင်ဆိုင်နိုင်ခဲ့ရပါတယ်။ မြန်မာအမျိုးသမီးအသင်းက ၂၀၀၇ခုနှစ်ကနေစတင်ပြီး ဆီးဂိမ်းပြိုင်ပွဲတိုင်းလိုလိုမှာ တတိယနေရာကို ဆက်တိုက်ရယူခဲ့တာဖြစ်ပြီး ပြိုင်ပွဲရဲ့၅ကြိမ်ဆက်တိုက် တတိယနေရာ ပိုင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။