ဒီေန႔ ဒီဇင္ဘာလ၂ရက္ေန႔ ညေန ၆နာရီခြဲအခ်ိန္မွာေတာ့ အႀကိမ္၃၀ေျမာက္အျဖစ္ ဖိလစ္ပုိင္ႏုိင္ငံမွာ က်င္းပလုိ႔ေနတဲ့ ဖိလစ္ပုိင္ဆီးဂီမ္းစ္ၿပိဳင္ပြဲရဲ႕အမ်ိဳးသားေဘာလုံးၿပိဳင္ပြဲ အုပ္စု(A)ပြဲစဥ္တစ္ပြဲအျဖစ္ ကြ်န္ေတာ္တုိ႔ ျမန္မာယူ-၂၂အသင္းနဲ႔ ကေမာၻဒီယား ယူ-၂၂အသင္းတုိ႔ ယွဥ္ၿပိဳင္ကစားသြားခဲ့ၿပီး ဆီမီးဖုိင္နယ္ကုိ တတ္လွမ္းႏုိင္ဖုိ႔အတြက္ အနိမ့္ဆုံး သေရတစ္မွတ္ေလာက္လုိအပ္ေနတဲ႔ ျမန္မာအသင္းက ေနာက္က်သြင္းဂုိးနဲ႔ ကေမာၻဒီယားအသင္းကုိ ၂ဂုိး၁ဂုိးနဲ႔ အႏုိင္ရယူခဲ႔ပါတယ္။

အုပ္စု(A)ရဲ႕ ပြဲစဥ္၃ပြဲကစားထားၿပီးေနာက္မွာ ႏုိင္ပြဲ၂ပြဲ သေရပြဲ၁ပြဲနဲ႔ စုစုေပါင္းရမွတ္ ၇မွတ္အထိ ပုိင္ဆုိင္ထားႏုိင္ခဲ႔တဲ႔ ျမန္မာအသင္းဟာ ဆန္းဆက္ႏုိင္ စုိးမုိးေက်ာ္ ရဲရင့္ေအာင္ ရဲမင္းသူ ေအာင္ဝနစုိး ေအာင္ႏုိင္ဝင္း ေနမုိးႏုိင္ လြင္မုိးေအာင္  လႈိင္းဘုိဘုိ ျမတ္ေကာင္းခန္႔ ထက္ၿဖိဳးေဝတုိ႔ကုိ ထည့္သြင္းအသုံးျပဳလာခဲ႔ကာ အသင္းရဲ႕အဓိကတုိက္စစ္ကစားသမား ေအာင္ေကာင္းမာန္ကုိေတာ့ကုိ အရန္မွာ ထားရွိထားခဲ႔ပါတယ္။ ကေမာၻဒီယားအသင္းဟာ ဒီေနာက္ပုိင္းမွာ ေဘာလုံးပညာပုိမုိၾကြယ္ဝလာတဲ႔ အသင္းျဖစ္လာတာနဲ႔အတူ ပြဲအစတကည္းကေန ျမန္မာအသင္းဘက္ကုိ ဖိအားေပးကစားႏုိင္ခဲ႔ၿပီး ၂၁မိနစ္မွာပဲ ဂုိးသမားဆန္းဆက္ႏုိင္ရဲ႕အမွားအယြင္းတစ္ခုကေန သြင္းဂုိးကုိ စတင္ခြင့္ျပဳေပးလုိက္ရပါတယ္။ ဒါေပမယ့္ ၆မိနစ္အၾကာမွာေတာ့ ျမတ္ေကာင္းခန္႔ရဲ႕အကြက္ျမင္လွတဲ႔ ေပးပုိ႔မႈကေနတစ္ဆင့္ လြင္မုိးေအာင္ ေသသပ္တိက်စြာ ပိတ္သိမ္းၿပီး ျပန္လည္ေခ်ပႏုိင္ခဲ႔ပါတယ္။ ေခ်ပဂုိးရၿပီးေနာက္မွာ ျမန္မာအသင္းဘက္ကေန တုိက္စစ္အား ပုိေကာင္းလာခဲ႔ရေပမယ့္ ပထမပုိင္းကုိေတာ့ ၁ဂုိးစီသေရနဲ႔သာ ပြဲၿပီးဆုံးခဲ႔ရပါတယ္။

ဒုတိယပုိင္း ပြဲကစားခ်ိန္အစပုိင္းေလာက္မွာ ျမန္မာအသင္းဘက္ကေန ဂုိးရႏုိင္ေလာက္တဲ႔ ထုိးေဖာက္မႈေတြကုိ ျပဳလုပ္ခဲ့ေပမယ့္လည္း ပြဲခ်ိန္အနည္းငယ္ၾကာျမင့္လာတာနဲ႔အမွ် ကေမာၻဒီယားအသင္းဘက္ကေန ျပန္လည္ဖိအားေပးလာခဲ႔ၿပီး ျမန္မာအသင္းကလည္း လုိအပ္တဲ႔ရလဒ္ကုိ ဆက္လက္ထိန္းသိမ္းႏုိင္ဖုိ႔ကုိပဲ အေလးေပးလာခဲ႔ပါတယ္။ ဒုတိယပုိင္းမွာ ျမန္မာအသင္းက ဒီၿပိဳင္ပြဲအတြင္း တြဲဖက္အသုုဲးျပဳဖူးေသးျခင္းမရွိတဲ့ ေအာင္ေကာင္းမာန္နဲ႔ ဝင္းႏုိင္ထြန္းတုိ႔ တုိက္စစ္မွာ အေျပာင္းအလဲျပဳလုပ္ခဲ႔ရာမွာ ျမန္မာအသင္းအတြက္ သြင္းဂုိးအမ်ာဆုံးရယူထားတဲ႔ ကစားသမား ေအာင္ေကာင္းမာန္က ပြဲၿပီးဖုိ႔ ၃မိနစ္အလုိမွာပဲ ဘယ္ျခမ္းကေန ျဖတ္တင္ေပးပုိ႔ခဲ႔ရာ ကေမာၻဒီယားဂုိးသမား ဖမ္းယူပုံ မေသသပ္ခဲ႔ရာကေန ဦးေဆာင္ဂုိးကုိ ပုိင္ဆုိင္သြားႏုိင္ခဲ႔ရပါတယ္။ ဒီဂုိးေၾကာင့္ပဲ ျမန္မာအသင္းဟာ အုပ္စုဗိုလ္ေနရာနဲ႔ ဆီမီးဖုိင္နယ္အဆင့္ကုိ တတ္လွမ္းသြားခဲ႔ရၿပီပဲျဖစ္ပါတယ္။

(Unicode)

အနိုင်ရလဒ်နဲ့အတူ အုပ်စုဗိုလ်အဖြစ် ဆီမီးဖိုင်နယ်ကို တတ်လှမ်းသွားခဲ့တဲ့ မြန်မာ ယူ-၂၂အသင်း

ဒီနေ့ ဒီဇင်ဘာလ၂ရက်နေ့ ညနေ ၆နာရီခွဲအချိန်မှာတော့ အကြိမ်၃၀မြောက်အဖြစ် ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပလို့နေတဲ့ ဖိလစ်ပိုင်ဆီးဂီမ်းစ်ပြိုင်ပွဲရဲ့အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု(A)ပွဲစဉ်တစ်ပွဲအဖြစ် ကျွန်တော်တို့ မြန်မာယူ-၂၂အသင်းနဲ့ ကမ္ဘောဒီယား ယူ-၂၂အသင်းတို့ ယှဉ်ပြိုင်ကစားသွားခဲ့ပြီး ဆီမီးဖိုင်နယ်ကို တတ်လှမ်းနိုင်ဖို့အတွက် အနိမ့်ဆုံး သရေတစ်မှတ်လောက်လိုအပ်နေတဲ့ မြန်မာအသင်းက နောက်ကျသွင်းဂိုးနဲ့ ကမ္ဘောဒီယားအသင်းကို ၂ဂိုး၁ဂိုးနဲ့ အနိုင်ရယူခဲ့ပါတယ်။

အုပ်စု(A)ရဲ့ ပွဲစဉ်၃ပွဲကစားထားပြီးနောက်မှာ နိုင်ပွဲ၂ပွဲ သရေပွဲ၁ပွဲနဲ့ စုစုပေါင်းရမှတ် ရမှတ်အထိ ပိုင်ဆိုင်ထားနိုင်ခဲ့တဲ့ မြန်မာအသင်းဟာ ဆန်းဆက်နိုင် စိုးမိုးကျော် ရဲရင့်အောင် ရဲမင်းသူ အောင်ဝနစိုး အောင်နိုင်ဝင်း နေမိုးနိုင် လွင်မိုးအောင်  လှိုင်းဘိုဘို မြတ်ကောင်းခန့် ထက်ဖြိုးဝေတို့ကို ထည့်သွင်းအသုံးပြုလာခဲ့ကာ အသင်းရဲ့အဓိကတိုက်စစ်ကစားသမား အောင်ကောင်းမာန်ကိုတော့ကို အရန်မှာ ထားရှိထားခဲ့ပါတယ်။ ကမ္ဘောဒီယားအသင်းဟာ ဒီနောက်ပိုင်းမှာ ဘောလုံးပညာပိုမိုကြွယ်ဝလာတဲ့ အသင်းဖြစ်လာတာနဲ့အတူ ပွဲအစတကည်းကနေ မြန်မာအသင်းဘက်ကို ဖိအားပေးကစားနိုင်ခဲ့ပြီး ၂၁မိနစ်မှာပဲ ဂိုးသမားဆန်းဆက်နိုင်ရဲ့အမှားအယွင်းတစ်ခုကနေ သွင်းဂိုးကို စတင်ခွင့်ပြုပေးလိုက်ရပါတယ်။ ဒါပေမယ့် ၆မိနစ်အကြာမှာတော့ မြတ်ကောင်းခန့်ရဲ့အကွက်မြင်လှတဲ့ ပေးပို့မှုကနေတစ်ဆင့် လွင်မိုးအောင် သေသပ်တိကျစွာ ပိတ်သိမ်းပြီး ပြန်လည်ချေပနိုင်ခဲ့ပါတယ်။ ချေပဂိုးရပြီးနောက်မှာ မြန်မာအသင်းဘက်ကနေ တိုက်စစ်အား ပိုကောင်းလာခဲ့ရပေမယ့် ပထမပိုင်းကိုတော့ ၁ဂိုးစီသရေနဲ့သာ ပွဲပြီးဆုံးခဲ့ရပါတယ်။

 

ဒုတိယပိုင်း ပွဲကစားချိန်အစပိုင်းလောက်မှာ မြန်မာအသင်းဘက်ကနေ ဂိုးရနိုင်လောက်တဲ့ ထိုးဖောက်မှုတွေကို ပြုလုပ်ခဲ့ပေမယ့်လည်း ပွဲချိန်အနည်းငယ်ကြာမြင့်လာတာနဲ့အမျှ ကမ္ဘောဒီယားအသင်းဘက်ကနေ ပြန်လည်ဖိအားပေးလာခဲ့ပြီး မြန်မာအသင်းကလည်း လိုအပ်တဲ့ရလဒ်ကို ဆက်လက်ထိန်းသိမ်းနိုင်ဖို့ကိုပဲ အလေးပေးလာခဲ့ပါတယ်။ ဒုတိယပိုင်းမှာ မြန်မာအသင်းက ဒီပြိုင်ပွဲအတွင်း တွဲဖက်အသုုဲးပြုဖူးသေးခြင်းမရှိတဲ့ အောင်ကောင်းမာန်နဲ့ ဝင်းနိုင်ထွန်းတို့ တိုက်စစ်မှာ အပြောင်းအလဲပြုလုပ်ခဲ့ရာမှာ မြန်မာအသင်းအတွက် သွင်းဂိုးအမျာဆုံးရယူထားတဲ့ ကစားသမား အောင်ကောင်းမာန်က ပွဲပြီးဖို့ ၃မိနစ်အလိုမှာပဲ ဘယ်ခြမ်းကနေ ဖြတ်တင်ပေးပို့ခဲ့ရာ ကမ္ဘောဒီယားဂိုးသမား ဖမ်းယူပုံ မသေသပ်ခဲ့ရာကနေ ဦးဆောင်ဂိုးကို ပိုင်ဆိုင်သွားနိုင်ခဲ့ရပါတယ်။ ဒီဂိုးကြောင့်ပဲ မြန်မာအသင်းဟာ အုပ်စုဗိုလ်နေရာနဲ့ ဆီမီးဖိုင်နယ်အဆင့်ကို တတ်လှမ်းသွားခဲ့ရပြီပဲဖြစ်ပါတယ်။