ပြီးခဲ့တဲ့ရက်ပိုင်းက ကျင်းပသွားခဲ့တဲ့ မြန်မာယူ-၂၂အသင်းနဲ့ အင်ဒိုနီးရှားယူ-၂၂အသင်းတို့ရဲ့ ၂၀၁၉ ဆီးဂိမ်းအမျိုးသားဘောလုံးပြိုင်ပွဲရဲ့ဆီမီးဖိုင်နယ်ပွဲစဉ်အတွင်းမှာ အင်ဒိုအသင်းရဲ့၂ဂိုးသွင်းယူထားမှုအပေါ် ဒုတိယပိုင်းပွဲကစားချိန်အတွင်းမှာပဲ ပြန်လည်ချေပနိုင်ခဲ့ပေမယ့်လည်း အချိန်ပိုဆက်လက်ကစားရာမှာတော့ သွင်းဂိုးတွေ ပြန်လည်ခွင့်ပြုခဲ့ရပြီး တတိယနေရာလုပွဲဆီကိုသာ ရောက်ရှိလာခဲ့ရတဲ့ မြန်မာယူ-၂၂အသင်းဟာ ဒီနေ့မှာတော့ အုပ်စုအတွင်း ပြိုင်ဘက်ဟောင်း ကမ္ဘောဒီယားယူ-၂၂အသင်း တတိယနေရာလုပွဲ ဆင်နွဲခဲ့ရာ မိနစ်၉၀အတွင်း တစ်ဖက်ကို ၂ဂိုးစီသရေကျခဲ့လို့ ပင်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရပြီး ပင်နယ်တီမှာ ၅ဂိုး၎ဂိုးနဲ့ မြန်မာတို့ တတိယနေရာကို ပိုင်ဆိုင်နိုင်ခဲ့ရပါတယ်။


ဒါပေမယ့် ဒုတိယပိုင်းမှာ မြန်မာအသင်းရဲ့ကစားအားကျဆင်းလာမှုကို ကမ္ဘောဒီးယားဘက်ကနေ အခွင့်ကောင်းရယူနိုင်ခဲ့ပြီး ၇၁မိနစ်မှာပဲ အသင်းအတွက် လိုအပ်နေတဲ့ ချေပဂိုးကို ပြန်လည်သွင်းယူနိုင်ခဲ့တာ တစ်ဖက်ကို၂ဂိုးစီနဲ့ သရေကျသွားခဲ့တာကြောင့် အချိန်ပိုဆက်ကစားဖို့ စီစဉ်ခဲ့ပေမယ့်လည်း ဗိုလ်လုပွဲအတွက် အချိန်နီးကပ်နေပြီဖြစ်တာကြောင့် တစ်ခါတည်း ပင်နယ်တီအဆုံးအဖြတ် ခံယူဖို့ကိုသာ ဆုံးဖြတ်လိုက်ရာ မြန်မာယူ-၂၂အသင်းက ပင်နယ်တီကန်ချက် ၅ကြိမ်လုံးကို ဝင်အောင်ကန်သွင်းနိုင်ခဲ့ပေမယ့် ကမ္ဘောဒီးယားအသင်းခေါင်းဆောင်ရဲ့၅ကြိမ်မြောက်ပင်နယ်တီဂိုး တိုင်ထိထွက်သွားတာကြောင့် မြန်မာယူ-၂၂အသင်းမှာ ကြေးတံဆိပ်ဆုကို ပိုင်ဆိုင်နိုင်ခဲ့ရပါတယ်။

(Unicode)

ပင်နယ်တီအဆုံးအဖြတ် ခံယူပြီးမှ တတိယနေရာကို ပိုင်ဆိုင်နိုင်ခဲ့တဲ့ မြန်မာယူ-၂၂အသင်း

ပြီးခဲ့တဲ့ရက်ပိုင်းက ကျင်းပသွားခဲ့တဲ့ မြန်မာယူ-၂၂အသင်းနဲ့ အင်ဒိုနီးရှားယူ-၂၂အသင်းတို့ရဲ့ ၂၀၁၉ ဆီးဂိမ်းအမျိုးသားဘောလုံးပြိုင်ပွဲရဲ့ဆီမီးဖိုင်နယ်ပွဲစဉ်အတွင်းမှာ အင်ဒိုအသင်းရဲ့၂ဂိုးသွင်းယူထားမှုအပေါ် ဒုတိယပိုင်းပွဲကစားချိန်အတွင်းမှာပဲ ပြန်လည်ချေပနိုင်ခဲ့ပေမယ့်လည်း အချိန်ပိုဆက်လက်ကစားရာမှာတော့ သွင်းဂိုးတွေ ပြန်လည်ခွင့်ပြုခဲ့ရပြီး တတိယနေရာလုပွဲဆီကိုသာ ရောက်ရှိလာခဲ့ရတဲ့ မြန်မာယူ-၂၂အသင်းဟာ ဒီနေ့မှာတော့ အုပ်စုအတွင်း ပြိုင်ဘက်ဟောင်း ကမ္ဘောဒီယားယူ-၂၂အသင်း တတိယနေရာလုပွဲ ဆင်နွဲခဲ့ရာ မိနစ်၉၀အတွင်း တစ်ဖက်ကို ၂ဂိုးစီသရေကျခဲ့လို့ ပင်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရပြီး ပင်နယ်တီမှာ ၅ဂိုး၄ဂိုးနဲ့ မြန်မာတို့ တတိယနေရာကို ပိုင်ဆိုင်နိုင်ခဲ့ရပါတယ်။

တတိယနေရာလုပွဲဆိုပေမယ့်လည်း ကြေးတံဆိပ်ကိုတော့ ပိုင်ဆိုင်နိုင်ရဖို့အတွက် အသင်းနှစ်သင်းလုံးက အကြိတ်အနယ် ရင်ဆိုင်ကစားခဲ့ကြပြီး အုပ်စုပွဲစဉ်တုန်းကလိုပဲ ပွဲကောင်းတစ်ပွဲအသွင်ဆောင်နိုင်ခဲ့ပါတယ်။ ကမ္ဘောဒီယားအသင်က ပွဲအစပိုင်းလေးမှာပဲ မြန်မာအသင်းဘက်ကို စတင်ဦးဆောင်နိုင်ခဲ့တယ်ဆိုပေမယ့် မြန်မာယူ-၂၂အသင်းကတော့ ပထမပိုင်းတစ်ပိုင်းလုံးကို ကမ္ဘောဒီးယားထက် ပိုမိုကောင်းမွန်အောင် ကစားနိုင်ခဲ့သလို အောင်ကောင်းမာန်က ချေပဂိုးနဲ့ မြတ်ကောင်းခန့်က ဦးဆောင်ဂိုးတွေကို ၉မိနစ်နဲ့ ၃၅မိနစ်တွေမှာ အသီးသီးရယူနိုင်ခဲ့ပါတယ်။

ဒါပေမယ့် ဒုတိယပိုင်းမှာ မြန်မာအသင်းရဲ့ကစားအားကျဆင်းလာမှုကို ကမ္ဘောဒီးယားဘက်ကနေ အခွင့်ကောင်းရယူနိုင်ခဲ့ပြီး ရ၁မိနစ်မှာပဲ အသင်းအတွက် လိုအပ်နေတဲ့ ချေပဂိုးကို ပြန်လည်သွင်းယူနိုင်ခဲ့တာ တစ်ဖက်ကို၂ဂိုးစီနဲ့ သရေကျသွားခဲ့တာကြောင့် အချိန်ပိုဆက်ကစားဖို့ စီစဉ်ခဲ့ပေမယ့်လည်း ဗိုလ်လုပွဲအတွက် အချိန်နီးကပ်နေပြီဖြစ်တာကြောင့် တစ်ခါတည်း ပင်နယ်တီအဆုံးအဖြတ် ခံယူဖို့ကိုသာ ဆုံးဖြတ်လိုက်ရာ မြန်မာယူ-၂၂အသင်းက ပင်နယ်တီကန်ချက် ၅ကြိမ်လုံးကို ဝင်အောင်ကန်သွင်းနိုင်ခဲ့ပေမယ့် ကမ္ဘောဒီးယားအသင်းခေါင်းဆောင်ရဲ့၅ကြိမ်မြောက်ပင်နယ်တီဂိုး တိုင်ထိထွက်သွားတာကြောင့် မြန်မာယူ-၂၂အသင်းမှာ ကြေးတံဆိပ်ဆုကို ပိုင်ဆိုင်နိုင်ခဲ့ရပါတယ်။