မ်ိဳးဆက္သစ္ေဘာလုံးသမားေကာင္းေလးေတြနဲ႔ ဖြဲ႕စည္းလုိ႔ထားတဲ႔ ျမန္မာယူ-၁၈လက္ေရြးစင္အသင္းကေတာ့ AFF U-18 NEXT MEDIA Cup 2019 ၿပိဳင္ပြဲမွာ ရလဒ္ေကာင္းေတြ ဆက္တုိက္ရယူေနႏုိင္ခဲ႔ၿပီး အခု အုပ္စုA ရဲ႕ အုပ္စုေနာက္ဆုံးပြဲစဥ္မွာ အင္ဒုိနီးရွားယူ-၁၈အသင္းနဲ႔ အႀကိတ္အနယ္ ယွဥ္ၿပိဳင္ကစားခဲ႔ၾကၿပီး တစ္ဖက္ကုိ ၁ဂုိးစီနဲ႔ သေရက်ခဲ႔တာေၾကာင့္ အင္ဒုိအသင္းနဲ႔ ရမွတ္တူအေနအထားျဖစ္ခဲ႔ၿပီး ဂုိးကြာျခားခ်က္အရ အုပ္စုဒုတိယေနရာနဲ႔ ဆီမီးဖုိင္နယ္ကုိ တတ္ေရာက္ႏုိင္ခဲ႔ပါတယ္။

Photo Credit : Myanmar Football Federation Facebook

ျမန္မာယူ-၁၈အသင္းအတြက္ ဒုတိယပုိင္းအစေလာက္မွာပဲ ဦးေဆာင္ဂုိးရရွိခဲ႔တာျဖစ္ေပမယ့္ မိနစ္၂၀ေလာက္အၾကာမွာေတာ့ အင္ဒုိဘက္ကုိ ေခ်ပဂုိးျပန္လည္ခြင့္ျပဳလုိက္ရၿပီး သေရက်ခဲ႔တာျဖစ္ပါတယ္။ အခု အုပ္စုေနာက္ဆုံးပြဲအထိ ကစားခဲ႔လုိ႔အၿပီးမွာေတာ့ ျမန္မာယူ-၁၈အသင္းက ၅ပြဲကစား ၄ပြဲႏုိင္ သေရ၁ပြဲက်ခဲ႔ကာ ရွုံးပြဲမရွိခဲ့ အင္ဒိုနီးရွားအသင္းနဲ႔ ရမွတ္၁၃မွတ္ခ်င္းတူညီၿပီး အင္ဒုိက ဂုိးကြာျခားခ်က္မွာ ၈ဂုိးအထိ ကြာျခားေနတာျဖစ္လုိ႔ အင္ဒုိက အုပ္စုပထမနဲ႔ ျမန္မာယူ-၁၈ အုပ္စုဒုတိယေနရာတုိ႔ကုိ ပုိင္ဆုိင္ခဲ႔ရတာျဖစ္ပါတယ္။

Photo Credit : Myanmar Football Federation Facebook

ျမန္မာအသင္းက ဆီမီးဖုိင္နယ္ကုိ တတ္လွမ္းသြားခဲ့ၿပီျဖစ္ေပမယ့္လည္း တစ္ဖက္အုပ္စု B မွာေတာ့ အုပ္စုေနာက္ဆုံးပြဲအထိ မကစားရေသးတာေၾကာင့္ ဆီမီးမွာ ဘယ္အသင္းနဲ႔ ေတြ႔ဆုံရမလဲဆုိတာကုိ ဆက္လက္ေစာင့္ၾကည့္ရဦးမွာျဖစ္ပါတယ္။ လက္ရွိ အုပ္စု ၄ပြဲ ကစားခဲ႔အၿပီးမွာေတာ့ မေလးရွားနဲ႔ၾသစေၾတးလ်အသင္းတုိ႔ ရမွတ္၉မွတ္စီနဲ႔ အထက္ေအာက္ ရပ္တည္ေနခဲ႔ၿပီး အိမ္ရွင္ဗီယက္နမ္အသင္းကလည္း ရမွတ္၇မွတ္နဲ႔ တတိယေနရာမွာ ရွိေနေသးတာမုိ႔ ဒီ၃သင္းက ေနာက္ဆုံးပြဲအထိ အဆုံးအျဖတ္ခံယူရမွာျဖစ္ပါတယ္။ ဆီမီးဖုိင္နယ္ပြဲစဥ္ေတြကုိ ၾသဂုတ္၁၇ရက္ေန႔မွာ ဆက္လက္ယွဥ္ၿပိဳင္ကစားသြားမွာပဲျဖစ္ပါတယ္ခင္ဗ်ာ။

(Unicode)

မျိုးဆက်သစ်ဘောလုံးသမားကောင်းလေးတွေနဲ့ ဖွဲ့စည်းလို့ထားတဲ့ မြန်မာယူ-၁၈လက်ရွေးစင်အသင်းကတော့ AFF U-18 NEXT MEDIA Cup 2019 ပြိုင်ပွဲမှာ ရလဒ်ကောင်းတွေ ဆက်တိုက်ရယူနေနိုင်ခဲ့ပြီး အခု အုပ်စုA ရဲ့ အုပ်စုနောက်ဆုံးပွဲစဉ်မှာ အင်ဒိုနီးရှားယူ-၁၈အသင်းနဲ့ အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ကြပြီး တစ်ဖက်ကို ၁ဂိုးစီနဲ့ သရေကျခဲ့တာကြောင့် အင်ဒိုအသင်းနဲ့ ရမှတ်တူအနေအထားဖြစ်ခဲ့ပြီး ဂိုးကွာခြားချက်အရ အုပ်စုဒုတိယနေရာနဲ့ ဆီမီးဖိုင်နယ်ကို တတ်ရောက်နိုင်ခဲ့ပါတယ်။

Photo Credit : Myanmar Football Federation Facebook

မြန်မာယူ-၁၈အသင်းအတွက် ဒုတိယပိုင်းအစလောက်မှာပဲ ဦးဆောင်ဂိုးရရှိခဲ့တာဖြစ်ပေမယ့် မိနစ်၂၀လောက်အကြာမှာတော့ အင်ဒိုဘက်ကို ချေပဂိုးပြန်လည်ခွင့်ပြုလိုက်ရပြီး သရေကျခဲ့တာဖြစ်ပါတယ်။ အခု အုပ်စုနောက်ဆုံးပွဲအထိ ကစားခဲ့လို့အပြီးမှာတော့ မြန်မာယူ-၁၈အသင်းက ၅ပွဲကစား ၄ပွဲနိုင် သရေ၁ပွဲကျခဲ့ကာ ရှုံးပွဲမရှိခဲ့ အင်ဒိုနီးရှားအသင်းနဲ့ ရမှတ်၁၃မှတ်ချင်းတူညီပြီး အင်ဒိုက ဂိုးကွာခြားချက်မှာ ၈ဂိုးအထိ ကွာခြားနေတာဖြစ်လို့ အင်ဒိုက အုပ်စုပထမနဲ့ မြန်မာယူ-၁၈ အုပ်စုဒုတိယနေရာတို့ကို ပိုင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။

Photo Credit : Myanmar Football Federation Facebook

မြန်မာအသင်းက ဆီမီးဖိုင်နယ်ကို တတ်လှမ်းသွားခဲ့ပြီဖြစ်ပေမယ့်လည်း တစ်ဖက်အုပ်စု B မှာတော့ အုပ်စုနောက်ဆုံးပွဲအထိ မကစားရသေးတာကြောင့် ဆီမီးမှာ ဘယ်အသင်းနဲ့ တွေ့ဆုံရမလဲဆိုတာကို ဆက်လက်စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။ လက်ရှိ အုပ်စု ၄ပွဲ ကစားခဲ့အပြီးမှာတော့ မလေးရှားနဲ့သြစတြေးလျအသင်းတို့ ရမှတ်၉မှတ်စီနဲ့ အထက်အောက် ရပ်တည်နေခဲ့ပြီး အိမ်ရှင်ဗီယက်နမ်အသင်းကလည်း ရမှတ်ရမှတ်နဲ့ တတိယနေရာမှာ ရှိနေသေးတာမို့ ဒီ၃သင်းက နောက်ဆုံးပွဲအထိ အဆုံးအဖြတ်ခံယူရမှာဖြစ်ပါတယ်။ ဆီမီးဖိုင်နယ်ပွဲစဉ်တွေကို သြဂုတ်၁၇ရက်နေ့မှာ ဆက်လက်ယှဉ်ပြိုင်ကစားသွားမှာပဲဖြစ်ပါတယ်ခင်ဗျာ။