ဒီနေ့ Super Sunday မှာတော့ MPT မြန်မာနေရှင်နယ်လိဂ် ၂၀၂၀ ပွဲစဉ်(၆)ရဲ့ လက်ကျန်ပွဲစဉ်တွေကို ဆင်နွဲခဲ့ကြရာမှာ လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်းက ဇွဲကပင်ယူနိုက်တက်ကို ကပ်အနိုင်ရခဲ့သလို ရန်ကုန်ယူနိုက်တက်အသင်းကလည်း ဆောက်သမ်းမြန်မာကို ကျဉ်းမြောင်းတဲ့ရလဒ်နဲ့ပဲ အနိုင်ယူခဲ့ပါတယ်။ ဒါပေမယ့် စစ်ကိုင်းယူနိုက်တက်အသင်းကတော့ ခြေစွမ်းပြသနိုင်ခဲ့ပြီး အား/ကာသိပ္ပံအသင်းကို ဂိုးပြတ်အနိုင်ယူသွားခဲ့ပါတယ်။

Photo Credit : Myanmar National League Facebook Page

အမှတ်ပေးဖယားအောက်နားက ဆောက်သမ်းမြန်မာအသင်းဟာ ရန်ကုန်ယူနိုက်တက်အသင်းဘက်ကို အကောင်းဆုံးတုန့်ပြန်ကစားခဲ့လို့ ရန်ကုန်တို့ ကစားရကျပ်စေခဲ့ပြီး ဒုတိယပိုင်း ရ၈မိနစ်အရောက်မှ လူစားဝင်တိုက်စစ်မှူးသန်းပိုင်ရဲ့တစ်လုံးတည်းသောသွင်းဂိုးနဲဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။ ဒီနိုင်ပွဲကြောင့် အမှတ်ပေးဇယားထိပ်က ဟံသာဝတီအသင်းကို အဆင့်၂နေရာကနေ အနီးကပ်ဖိအားပေးထားနိုင်ဆဲဖြစ်နေပါတယ်။ အား/ကာသိပ္ပံအသင်းနဲဲ့ ကစားခဲ့တဲ့ စစ်ကိုင်းကတော့ ပက်ထရစ်ရဲ့ဟက်ထရစ်သွင်းဂိုးအပါအဝင် ၁ဂိုး၆ဂိုးနဲ့ ဂိုးပြတ်အနိုင်ယူကာ အမှတ်ပေးဇယားရဲ့အဆင့်၆နေရာမှာ ရပ်တည်လို့နေပါတယ်။

Photo Credit : Myanmar National League Facebook Page

လက်ရှိချန်ပီယံရှမ်းယူနိုက်တက်အသင်းကတော့ ပြီးခဲ့တဲ့ရက်ပိုင်းကမှ ကစားထားခဲ့တဲ့ ကာယာအသင်းနဲ့ AFC Cup ပွဲမှာ အရေးနိမ့်ထားခဲ့ပြီး နေရှင်နယ်လိဂ်မှာလည်း ရလဒ်တွေ မတည်ငြိမ်ထားခဲ့သလို အခု ဇွဲကပင်နဲ့ ကစားသွားခဲ့တဲ့ပွဲမှာလည်း မက်ဆီမန်ရဲ့နောက်ကျသွင်းဂိုးကြောင့် ကပ်အနိုင်ရသွားခဲ့ပါတယ်။ ထူးခြားတာကတော့ ဒီပွဲမှာ နှစ်သင်းလုံး ကစားသမားတစ်ယောက်စီ တိုက်ရိုက်အနီကတ်တွေနဲ့ ထုတ်ပယ်ခံခဲ့ရပြီး ကစားသမား၁၀ယောက်ချင်းစီနဲ့ လက်ကျန်နာရီဝက်လောက်ကို ဆက်လက်ကစားခဲ့ရပါတယ်။ လက်ရှိမှာတော့ ရတနာပုံကို ၄ဂိုး၁ဂိုးနဲ့ အနိုင်ယူထားခဲ့တဲ့ ဟံသာဝတီအသင်းကပဲ ၆ပွဲဆက် ရာနှုန်းပြည့်နိုင်ပွဲယူထားပြီး အမှတ်ပေးဇယားထိပ်မှာ ဦးဆောင်ထားနိုင်ခဲ့ပါတယ်။