ဒီနေ့ Super Sunday မှာတော့ ၂၀၂၀ ဘောလုံးရာသီ မြန်မာနေရှင်နယ်လိဂ်ရဲ့ ပွဲစဉ်(၄) လက်ကျန်ပွဲစဉ်တွေဖြစ်တဲ့ ဟံသာဝတီယူနိုက်တက်နဲ့ ဆောက်သမ်းမြန်မာပွဲ ရန်ကုန်ယူနိုက်တက်နဲ့ စစ်ကိုင်းပွဲ ရခိုင်ယူနိုက်တက်နဲ့ ရတနာပုံပွဲတွေမှာ ဟံသာဝတီနဲ့ရန်ကုန်တို့က နိုင်ပွဲရခဲ့ပြီး အသင်းကြီးတစ်သင်းဖြစ်တဲ့ ရတနာပုံကတော့ ဒီရာသီမှာ ခြေပေါ်လျက်ရှိနေတဲ့ ရခိုင်ကို အရှံးပေးခဲ့ရပါတယ်။

Photo Credit : Myanmar National League Facebook

ဒီရာသီမှာ နိုင်ပွဲတွေ ဆက်တိုက်ရှာဖွေထားနိုင်ခဲ့တဲ့ ဟံသာဝတီကတော့ ဆောက်သမ်းမြန်မာအသင်းကို ၅ဂိုး ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ယူခဲ့ပြီး အမှတ်ပေးဇယားထိပ်မှာ ဆက်လက်ရပ်တည်နေခဲ့ပါတယ်။ ဟံသာဝတီအတွက် သွင်းဂိုးတွေကို အမန်ခါက ဟက်ထရစ် ဒေါ်နယ်နဲ့ အောင်မိုးထွေးတို့က ၁ဂိုးစီ သွင်းယူခဲ့ပါတယ်။ ဒီပွဲမတိုင်ခင်မှာ ဒီရာသီ ပထမဦးဆုံးလ ဇန်နဝါရီလရဲ့ အကောင်းဆုံးကစားသမားဆုကို ဟံသာဝတီတိုက်စစ်မှူးဒေါ်နယ်က ပိုင်ဆိုင်ခဲ့သလို အကောင်းဆုံးနည်းပြဆုကိုလည်း ဟံသာဝတီနည်းပြ မျိုးမင်းထွန်းက ပိုင်ဆိုင်ခဲ့ပါတယ်။

Photo Credit : Myanmar National League Facebook

ပြီးခဲ့တဲ့တစ်ပတ်တုန်းက ရတနာပုံကို သရေပဲရရှိခဲ့တဲ့ ရန်ကုန်ယူနိုက်တက်ကတော့ စစ်ကိုင်းအသင်းနဲ့ ကစားရမှာ ဒုတိယပိုင်းအတွင်းမှာ ရရှိခဲ့တဲ့ ငြိမ်းချမ်းအောင် ရိုးရီတို့ရဲ့သွင်းဂိုးတွေနဲ့ နိုင်ပွဲပြန်ရခဲ့ပြီး ဒုတိယနေရာကို ပြန်လည်ပိုင်ဆိုင်ခဲ့ပါတယ်။ မကြာသေးခင်ကမှ လူငယ်ကစားသမားလေးကို ဆုံးရှံးရထားပေမယ့်လည်း ဒီရာသီမှာတော့ စွမ်းဆောင်ရည်ကောင်းတွေ ပိုင်ဆိုင်ထားတဲ့ ရခိုင်ယူနိုက်တက်ကကတော့ ကောင်းမြတ်ကျော်ရဲ့တစ်လုံးတည်းသောသွင်းဂိုးနဲ့ ရှံးပွဲမရှိသေးတဲ့ ရတနာပုံကို အနိုင်ရခဲ့ပြီး အဆင့်၄နေရာကိုတောင် တတ်လှမ်းလာခဲ့ပါတယ်။